ကင်းပတ်ပြီး ဘီယာဆိုင်မှာထိုင်နားနေတဲ့ရဲတွေ ပစ်ခတ်ခံရလို့ ၁ ဦးသေ၊ စခန်းမှူးအပါ ၄ ဦး ဒဏ်ရာရ
"ညဘက်ကင်းပတ်ပြီး အဲ့ဒီအချိန်လောက်ဆို အုပ်ကြီးဘီယာဆိုင်မှာ ထိုင်နားနေကြ။ သူတို့ဘက်ကလည်း လက်ပစ်ဗုံးနဲ့ ပြန်ပစ်တာရှိပေမယ့် ပြန်လှန်ပစ်ခတ်ရင်း ကျနော်တို့ဘက်က လက်ဦးသွားလို့ ရဲတွေဘက်က ၁ ယောက် သေတယ်။ သေတာက နယ်ထိန်းရဲ။ စခန်းမှူးအပါ ၄ ယောက် ထိခိုက်ဒဏ်ရာ ရသွားတာ။ စခန်းမှူးကတော့ ခါးရိုးထဲမှာ ကျည်စိုက်ဝင်တယ်လို့ ပြန်ကြားရတယ်"