ရေဦးနယ်ရှိ မီးရှို့ခံ ရွာ ၃ ရွာကဒေသခံတွေ အရေးပေါ် အကူညီလိုအပ်နေ
"ဇဝရှာရွာမှာဆိုရင် အိမ်ခြေစုစုပေါင်းက ၁၀၀ လောက်ပဲရှိတာ။ အဲဒီထဲက ၇၀ လောက်ပြာကျသွားတယ်။ ကျနော်တို့ဆိုလည်း အခုစာသင်ကျောင်းမှာ ဖြစ်သလိုနေနေရတယ်။ အိမ်မှမရှိတော့တာ။ အိမ်က ပြာပုံပဲကျန်ခဲ့တယ်။ စားသောက်ရတာကလည်း မီးရှို့မခံရတဲ့ရွာကလူတွေ ပေးကမ်းလို့စားနေရတယ်။ အများကြီးတော့မဟုတ်ဘူး။ သူတို့တတ်နိုင်သလောက်လေးပေါ့။ ဒီလိုပဲစားနေရတယ်"