သတင်း

ဒုက္ခသည်စခန်းရေမြုပ်လို့ အသစ်ဆောက်ပေးခဲ့တဲ့ စခန်းအသစ်နေရာမှာလည်း ရေမြုပ်နေဆဲဖြစ်

"အစိုးရကလည်း ပြောင်းရွေ့ဖို့ကိစ္စနဲ့ဘာမှမပြောသေးဘူး။ အခုနေတဲ့စခန်းက ရေနစ်ပါတယ်။ ကလေးတွေနဲ့ဆိုတော့ အခက်အခဲဖြစ်တာပေါ့။ မိုးသဲတဲ့နေ့တွေဆိုရင် တညည့်လုံးမအိပ်ဘဲ နေရပါတယ်။"

စိုးမိုးနယ်မြေတွေမှာ ကျန်းမာရေးစောင့်ရှောက်မှုပေးနိုင်နေပေမယ့် ဆေးဝါးပြတ်လပ်

" အခုက ညီမတို့စိုးမိုးထားတဲ့နယ်မြေ အကုန်လုံးကို Mobile Clinic လိုမျိုးသွားတာဆိုတော့ ဆေးဝါးကုန်ကျမှုက များပါတယ်၊ Mobile Clinic က ရွာတွေမှာ တပတ်ဆယ်ရက်ထိုင်မကုနိုင်သေးပေမဲ့ စိုးမိုးထားတဲ့နယ်မြေအားလုံးကိုတော့ လိုအပ်နေတဲ့ ကျန်းမာရေးစောင့်ရှောက်မှုပေးဖို့ စီစဉ်ထားပါတယ်ရှင့်"

စစ်ကောင်စီက AA စခန်းကို တိုက်ဖို့ လာခဲ့ပေမယ့် ကြားဖြတ်ပြန်တိုက်ခံရလို့ သေဆုံးသူများနိုင်

"စစ်ကောင်စီက စခန်းကိုတိုက်ဖို့လာတဲ့အချိန်မှာ AAက သတင်းရလို့ကြားဖြတ်တိုက်တာ။ AAဖက် ကတချို့ ထိခိုက်ဒဏ်ရာရခဲ့လို့သိရတယ်။ စစ်ကောင်စီဖက်ကတော့ သေသူတွေ၊ဒဏ်ရာရသူ တွေ များတယ်လို့သိရတယ်။ အတိအကျအရေ အတွက်ကတော့မသိရသေးဘူး။ တိုက်ပွဲကတော့ မိနစ်၃၀လောက်ကြာခဲ့ပါတယ်။"

ပြည်ထောင်တွင်း ဖမ်းခံထားရသည့် NLD စည်းရုံးရေးမှူးနှင့် အခြား တဦးကို ၅၀၅(က) ဖြင့် ထောင်ဒဏ် ၂ နှစ်စီချ

“ပြည်မြို့ကပဲ ဦးတင်ဝင်းက NLD စည်းရုံးရေးမှူး မြတ်ဝသာန်ကိုက ပို့စ်တင် ရှယ်တာကို ဖမ်းဆီးထားတာ ဖမ်းထားတာတော့ ရှစ်လကျော်နေပြီ အမိန့်ချတာတော့ အခုမှချဖြစ်တယ်”

ပလက်ဝတွင် ပျောက်ဆုံးနေသော ယောကျ်ားကိုရှာဖွေသည့် ဇနီး မိုင်းနင်းမိကာသေဆုံး

"သူ့မှာ ခြေထောက်တွေ၊ လက်တွေ အကုန်လုံးပြတ်သွားပါတယ်။ သွေးထွက်လွန်သွားပြီးသေတာ။ အရမ်းသနားဖို့ကောင်းပါတယ်။ လင်ကိုတွေ့မယ်ဆိုပြီးတော့ သွားရှာတာ။ အခုတော့ သူလည်း သေရရှာတယ်။ အခုတော့ သားနှစ်ယောက်နဲ့သမီးငယ်တဦးကျန်ခဲ့ပါတယ်။"

ချမ်းသာရွာ‌ဒေသခံတွေကို လူမျိုးသုန်းသတ်မယ်လို့ စစ်ကောင်စီခြိမ်းခြောက်

ချမ်းသာရွာကို စစ်ကောင်စီတပ်တွေ ဝင်ရောက်တပ်စွဲပြီး ‌ဒေသခံပြည်သူတွေရဲ့ နေအိမ်အချို့မှာ " မြန်မာနိုင်ငံက အပြီးပိုင်ထွက်သွားဖို့ လိုပြီ၊ ထွက်မသွားဘူးဆိုရင် လူမျိုးသုန်းသတ်ဖြတ်ရလိမ့်မယ်" ဆိုတဲ့ စာတွေကိုရေးခဲ့တာကို ဓါတ်ပုံမှတ်တမ်းတွေအရ တွေ့ရပါတယ်။

AAက ALPအဖွဲ့ဝင်ကျောင်းထိုင်ဆရာတော် ၄ပါး ကိုဖမ်းဆီးသွား

"ဖမ်းသွားတဲ့ဆရာတော် ၄ပါးစလုံးက ALPက မြို့နယ်အဆင့် ဥက္ကဌတွေဖြစ်ကြတယ်လို့သိရတယ်။ အဲဒါကြောင့် AAကဖမ်းသွားတာ။ အပြန် အလှန်ဖမ်းကြတဲ့သဘောပေါ့။ မူးယစ်ဆေးဝါးနဲ့ ပတ်သက်လို့ ဖမ်းတာတော့ မဟုတ်ပါဘူး"

ဆောမှာ နေအိမ်ထဲဝင်ပစ်လို့ ၁၃ နှစ်အရွယ်ကလေး ၁ ဦးနဲ့ မိသားစုဝင် ၄ ဦးအပါအဝင် ဧည့်သည် ၁ ဦးသေဆုံး

"ည ၈ နာရီလောက်ကြီး ဝင်ပစ်သွားတာ။ သေသွားတာက ဦးခင်မောင်လင်းရယ်၊ သူ့မိန်းမ၊ သူ့ညီ၊ သူ့ချွေးမ၊ သူ့မြေးမလေးရယ် ကလေးမလေးက ၁၃ နှစ်ဘဲရှိသေးတယ်။ နောက်တယောက်က သူတို့အိမ်ကို TV လာကြည့်တဲ့တယောက်။ အားလုံး ၆ ယောက်သေတယ် ဘေးအိမ်အနီးအနားက ၂ ယောက်ဒဏ် ရာရတယ်"

စစ်ကောင်စီက PDFတွေကို မတွေ့တဲ့အတွက် ၉ လသားကလေးအပါ ရွာသားဆယ်ဦးခန့်ကို ဖမ်းသွား

"သူတို့စစ်ကြောင်း ရောက်လာပြီးကတည်းက အမျိုးသားအမျိုးသမီး ၁၀ ဦးလောက်ကိုဖမ်းသွားတာ ၁၀ ဦးထဲကမှ အမျိုးသား ၂ ဦးနဲ့ အမျိုးသမီး ၁ ဦးကို လက်ပြန်ကြိုးတုတ်ရိုက်နှက်ပြီး ထပ်ခွဲထုတ်ပြီး စစ်တယ်လို့ ကြားတယ် ၁၉ ရက်နေ့ ညနေကတော့ အဖမ်းခံရသူ အကုန်လုံးကတော့ ဘယ်ကို ခေါ်သွားမှန်းမသိဘူး စုံစမ်းမရသေးဘူး အဖမ်းခံရသူတွေက တောင်ယာလုပ်ကိုင် စားသောက်နေကြသူတွေ ဘာမှ သိတာမဟုတ်ဘူး"

လက်ပံတန်း EPC က စာရင်းစစ်ကိုရှင်းဖို့ငွေကို မီတာဆောင်ပြီးသားပြည်သူတွေဆီက ကောက်ခံနေ

" သူတို့ဆီ စာရင်းစစ်ဝင်တော့ ငွေကြေးပမာဏ တွေ တော်တော်ကွာတယ်လို့ ပြောတယ်၊ အဲ့ဒီမှာ လက်ကျန်ငွေတွေ အရမ်း ကွာနေတဲ့ အတွက်ကြောင့် ခုလိုပြန်ပြီးတော့မှာ သူတို့လုပ်နေတာ"

ဓားထိုးဒဏ်ရာဖြင့်သေဆုံးခဲ့သည့် မနွယ်သန္တာဝင်းအမှုကို စစ်ကောင်စီနှင့် AA တို့စစ်ဆေးနေ

"ကျွန်တော့်မှာက တူမချေတယောက် ဆုံးရှုံးသွားခဲ့တယ်။ကျနော်တို့ အဓိကဖြစ်ချင်တာက တရားခံကို အမြန်ဆုံးဖမ်းမိစေချင်ပါတယ်။ ဒီအမှုမပေါ် လိုက်ရင် နောင်လာနောင်သား သားသမီးတွေအတွက်လည်း မကောင်းဘူး။ အဲဒါကြောင့် ဒီအမှုတရားခံကို ပေါ်စေချင်ပါတယ်"

ရခိုင်ကမ်းရိုးတန်းအနီးတွင် အားကောင်းသောလေပွေလှိုင်းတခုဖြစ်ပေါ်နေသဖြင့် သဘာဝဘေးအန္တရာယ်များ ကျရောက်လာနိုင်

"အခုကတော့ မိုးမရွာသေးဘူး။ဒါပေမဲ့ တောင်ဖက်အရပ်က လေပြင်းတိုက်ခတ်နေတယ်။ ကောင်းကင်ကလည်း တိမ်မဲတွေပြည့်နေပါတယ်။ မိုးသဲသဲမဲမဲရွာမယ့် ပုံစံဖြစ်နေပါတယ်"

အတတ်နိုင်ဆုံးထောက်ပံ့ခဲ့ပေမယ့် ထမင်းဟင်းပြတ်သွားလို့ မစားလိုက်ရတဲ့ စစ်ရှောင်တွေ ရှိနေ

"စစ်ဘေးရှောင်တွေ အတက်နိုင်ဆုံးတော့ ကျွန်တော်တို့ ကျွေးမွေးထောက်ပံ့ ပေးထားတာပေါ့ ဒါပေမယ့် မလောက်ငှပါဘူး တချို့ထမင်း၊ ဟင်း ပြတ်သွားလို့ မစားလိုက်ရတဲ့ စစ်ဘေးရှောင်တွေရှိတယ်ဗျ ဆန်အတွက်က ဖြစ်သလို လိုက်စုလို့ရပေမယ့် ဆီ၊ ကြက်သွန်၊ ဟင်းသီးဟင်းရွက်ကအစပေါ့ ဈေးအရမ်းကြီးနေတော့ ရသလောက်ပဲ အဆင်ပြေသလို လုပ်ကြရတော့ ဟင်းပြတ်လို့ ထမင်းဖြူနဲ့ မှန်ရောင်ဟင်းချိုပဲ စားလိုက်ရတဲ့သူတွေလည်းရှိပါတယ်"

ကျောက်တော်ဒေသခံအိမ်တအိမ်မှ ရွှေ ၁၀ ကျပ်သားနှင့် ပိုက်ဆံသိန်း ၁၀၀ ခိုးခံလိုက်ရ

"ကျမအမေဆုံးလို့ အဲဒီမှာနေနေတာ။ အမေအိမ်က ပြန်လာတော့ တံခါးတွေပွင့်လို့တွေ့ရတယ်။ အိမ်ပေါ်တက်လို့ သေတ္တာကိုကြည့်လိုက်တော့ ခတ်ထားတဲ့လက်ခုပ်သီးတွေ မရှိတော့ဘူး။ သေတ္တာလည်း ပွင့်လို့တွေ့ရတယ်။ ရွှေက ၁၀ ကျပ်သားကျော်တယ်။ ပိုက်ဆံကတော့ သိန်း ၁၀၀ ပါ။ သေတ္တာထဲမှာထည့်ထားတာ၊"

သားဖြစ်သူကို မတွေ့လို့ အသက်၇၀ကျော်အဖေဖြစ်သူကိုဖမ်းပြီး နေအိမ်ကိုချိတ်ပိတ်

" သူတို့က သားဖြစ်သူကို PDF အဖွဲ့ထဲကဆိုပြီး စွတ်စွဲပြီး ဖမ်းသွားတာ၊ မြို့သစ်ရဲစခန်းကို ဖမ်းသွားတယ်လို့ပဲ သိရတယ် ကျန်တာတော့ ဘာမှမသိရသေးဘူး"

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10