သတင်း

ကန့်ဘလူနယ်က ရွာ ၂ ရွာကို စစ်တပ်ကမီးရှို့ပြီး မီးလာငြိမ်းတဲ့ ရွာသားတွေကိုပါ သေနတ်နဲ့ပစ်နေ

“မီးဝိုင်းကူငြှိမ်းဖို့သွားကြရာကနေ ပစ်ခံရတာ။ ရွာထဲဝင်စပဲ ရှိသေးတယ်။ တချို့ဆို မီးငြှိမ်းဖို့ ရေပုံးကို မကိုင်ရသေးဘူး။ ကင်းပုန်းကနေ ပစ်လိုက်တာ။ အဲ့ချိန်မှာ ဝရုန်းသုန်းကားနဲ့ ထွက်ပြေးကြတာ။ တချို့မပြေးနိုင်တဲ့ ပြည်သူတွေကျ ရွာထဲမှာပိတ်မိကျန်ခဲ့တယ်။ သူတို့က တရစပ်ပစ်နေတော့ ကျနော်တို့လည်း ပြေးခဲ့ရတာ”

ရဲစခန်းမှာ ကင်းစောင့်နေတဲ့ရဲတွေ တိုက်ခိုက်ခံရလို့ ၃ ဦးသေဆုံး

“အဲဒီရဲစခန်းကင်းဂိတ်မှာ ၄ ယောက်လောက်ရှိတာ၊ ၃ ယောက်ကတခါထဲလဲပြီး သေသွားတယ်။ တယောက်ကတော့ ထပြေးတယ်။ အဲဒီစခန်းမှာ အင်အားဘယ်လောက်ဆိုတာ ခန့်မှန်းလို့မရဘူး။ သူတို့ဘက်က ပြန်လည်ပစ်ခတ်မှုမလုပ်နိုင်ပါဘူး။ စခန်းထဲပြေးဝင်သွားတာ”

ရဲနဲ့ အုပ်ချုပ်ရေးမှူးတွေ သတ်ခံရလို့ မဆိုင်တဲ့ ပြည်သူ ၁၅ ဦးကျော် ဖမ်းထားတဲ့အပေါ် PDF ရှုံ့ချ

"ကျနော်တို့ ပေါင်းတည်မှာ ဒလန်တွေ အုပ်ချုပ်ရေးမှူးတွေနဲ့ မိုင်းဆွဲတိုက်ခိုက်မှုတွေလုပ်တိုင်း PDFကလုပ်ရင် ကြေညာချက်ထုတ်တယ်။ ခုလည်း ဖားယားကြီးဖြစ်စဥ်မှာ ကြေညာချက်ထုတ်ပြီးသားကို မဆိုင်တဲ့ခရာပေါက်ရွာက CDM ကျောင်းဆရာ ကိုတက်တိုးနဲ့ ရွာသားတွေအပြင် ကြို့ပင်သာရွာသား ၂ ဦးကိုလည်း ဖမ်းပြီးနှိပ်စက်နေတယ်"

ပြည်မြို့က စစ်ကောင်စီကျင်းပတဲ့ တန်ဆောင်တိုင်ပွဲစျေး လည်ပတ်သူနည်းပါး

" မဝယ်ပါဘူး ဘုရားအရှေ့လေးလုပ်တာ စွယ်တော်လာဖူးတဲ့ သူပဲရှိတယ်။ အရင်လို ပွဲစျေးတန်းတွေ ဇာတ်ပွဲတွေ ရဟတ်တွေမှ မရှိဘဲ။ ဆိုင်ခန်းတောင် အရင်လို ဝါးဆိုင်ခန်းတွေ မဟုတ်။ ဘုရားပေါ်တော့ စွယ်တော်တိုက်ဖွင့်တယ် ဘုရားဖူးတွေ ပုံမှန်အချိန်ထက်များတာ"

ပန်းတောင်း NLD ဥက္ကဌနဲ့ အမတ် ပြန်လွတ်ပြီး ပြည်နဲ့ ပဲခူးက ဆက်လွတ်ဖို့ရှိ

"သူတို့ကို အာဏာသိမ်းပြီး ဖော်ဖော်ဝါရီ ၁၀ ရက်နေ့မှာ အဖမ်းခံရတာ။ သဘာဝဘေးပုဒ်မနဲ့ ဖမ်းသွားတာ။ သားအဖနှစ်ယောက်စလုံးကို တခြားအမှုမရှိတော့ သဘာဝဘေးဆိုပြီး ဖမ်းတာ အခုလွတ်ရက်စေ့လို့ လွတ်တာ။ လွတ်တော့လည်း သမီးနဲ့ အတူတူပဲ ဦးရဲဒင်ကျန်းမာရေးတော့ကောင်းပါတယ်"

NUG နဲ့ PRA တို့ စစ်ရေးနဲ့ နိုင်ငံရေးပူးပေါင်းဆောင်ရွက်မယ်

"နောက်ပိုင်း စိုးမိုးဒေသတွေ တည်ဆောက်ပြီးတဲ့အခါမှာ အုပ်ချုပ်ရေးလုပ်ငန်းတွေ လုပ်တဲ့အခါမှာ NUG ရဲ့ လက်အောက်ခံ ပကဖ တွေ ပအဖ တွေနဲ့ ကျနော်တို့တွေ ပူးပေါင်းချိတ်ဆက်ပြီးတော့ အုပ်ချုပ်ရေးလုပ်ငန်းတွေကို ကျနော်တို့တွေ ဆက်ပြီး လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်။"

ပစ်ခတ်ဖမ်းဆီးခံထားရတဲ့ ပြည်မြို့က ပရဟိတသမားတဦးကို အကြမ်းဖက်ဥပဒေနဲ့ ထောင် ၇ နှစ်ချ

"ပစ်ခတ်ဖမ်းဆီးခံရတုန်းက ခြေထောက်က အခုအကောင်းအတိုင်းဖြစ်ဖို့ ခက်သွားပြီ။ သူက ပရဟိတကို တကယ်ကို လုပ်ခဲ့တာလေ။ ဆန္ဒပြတဲ့အချိန်မှာသာ ဖမ်းဆီးလို့ ထွက်ပြေးသွားခဲ့တာကနေ ဖြစ်သွားတာ။"

စစ်ကောင်စီရဲ့အကြမ်းဖက်လုပ်ရပ်များကို ပြတ်ပြတ်သားသားတုန့်ပြန်တက်လှမ်းရမည့်အချိန်လို့ ညီနောင်မဟာမိတ် ၃ ဖွဲ့ထုတ်ပြန်

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများအနေနဲ့ အကြမ်းဖက်စစ်ကောင်စီရဲ့ မီးစတဖက်ရေမှုတ်တဖက် လှည့်ကွက်များအကြားသွေးအေးမနေဘဲ အထူးသတိထားရမည့်အချိန်ဖြစ်သလို စည်းလုံးညီညွတ်စွာနဲ့ လုပ်သင့်လုပ်ထိုက်သည့်အလုပ်များကို ပြတ်ပြတ်သားသားတက်လှမ်းလုပ်ဆောင်ရမည့် အချိန်ကာလ ဖြစ်တယ်လို့ ညီနောင်မဟာမိတ် ၃ ဖွဲ့က ထုတ်ပြန်လိုက်ပါတယ်။

အမ်းက အမျိုးသမီးတဦးကို စစ်ကောင်စီက ကား၂ စီးနဲ့လာဖမ်းသွား

"သူက တယောက်တည်းနေတာ။ အပျိုကြီးပါ။ စားကုန်တွေရောင်းပြီးတော့ စီးပွားရေးလုပ်နေတာ။ သူ့ဇာတိကတော့ ရမ်းဗြဲမြို့နယ်ကပါ။ AAနဲ့လည်း ပတ်သက်တာမရှိဘူး။ အေးအေးဆေးဆေး နေတတ်သူတယောက်ပါ။ သူ့ကိုအပြန်ဆုံးပြန်လွှတ်ပေးပါလို့ တောင်းဆိုချင်ပါတယ်"

စစ်ဘေးရှောင်ကလေးများ ပညာရေးရှေ့ဆက်ရန် ကျောင်းအသုံးဆောင်ပစ္စည်းများ လိုအပ်နေ

“ကလေးတွေကစာအုပ်တအုပ်ကို လူသုံးယောက်ကြည့်ရတယ်။ အဲဒါတောင်မလောက်ဘူးမိုးကာတဲလေးတွေနဲ့စာသင်ရတယ် မိုးမလုံလေမလုံ နေပူတဲ့အခါလည်းအရမ်းပူလွန်းတယ်။ ဘယ်လိုမှမခံနိုင်ဘူး မိုးရွာတော့မိုးတွေယိုတယ် နေစရာနေရာတောင်မရှိဘူး ဒါပေမဲ့ကျွန်မတို့တွေရအောင်သင်တယ် ကျွန်မတို့တွေလစာမရဘူး ကျွန်မတို့ရည်ရွယ်ချက် တိုင်းရင်းသားစစ်ရှောင်ကလေးတွေကို လည်းသူများတွေနည်းတူပညာသင်စေချင်တယ် ”

ငဖဲမြို့နယ်ထဲက အရှိုချင်းတိုင်းရင်းသူ မိန်းမပျိုလေး ၂ ဦးကို ဓါးဖြင့်အချက်ပေါင်းများစွာရက်ရက်စက်စက်သတ်ဖြတ် လွှင့်ပစ်သွား

"ဂုတ်ကြီးကနေ ဘုန်းဘောရွာအပြန်လမ်းမှာပျောက်သွားတာ၊ ရွာကအမ်းလမ်းအပေါ်ဘက် တောင်ကုန်းပေါ်ကိုတက်သွားရတယ်။ မပျောက်ခင်က လမ်းမနေကွန်ကရစ်လမ်းအတိုင်းလာပြီးရွာဝင်ဆိုင်းဘုတ်မီးတိုင်နားမှာတွေ့လိုက်တဲ့ရွာသားတွေ ရှိတယ်။ ပြန်တွေ့တော့ လေးရက်အကြာမှာ ပဒန်းဘက်ပြန်အဆင်း ၇ မိုင်လောက်အကွာမြေလတ်ရွာနဲ့ စက်စီရွာကြား လမ်းဘေးဖာလုံဝက်လောက်မှာ တောထဲအလောင်းပဲတွေ့တယ်"

လေယာဉ်ဆီနဲ့လက်နက်ခဲယမ်းတွေ တင်လာတဲ့စစ်သင်္ဘော ပစ်ခတ်တိုက်ခိုက်ခံရ

"ပထမအကကြိမ်က ကနီနဲ့ချိုင်အကြား ပွတ်လုံးဒေသမှာ ၄ ရက်နေ့ နေ့လည် ၁၂ နာရီမှာ စောင့်ကြိုတိုက်ခိုက်တာ၊ ဒီနေ့ဒုတိယအကြိမ်က ကဲဒေါင့်ရွာရဲ့အထက် မြွေပိုင်း‌တောင်နား ၇ နာရီ ၉ မိနစ်မှ ကျနော်တို့စတင်တိုက်ပွဲဖြစ်တာ၊ စစ်သင်္ဘော ၁ စီးအပါအဝင် ၁၃ စီးကိုပစ်ခတ်ခဲ့တာ၊ ခဲယမ်းလက်နက်ပစ္စည်း ရိက္ခာနဲ့လေယာဉ်ဆီတွေတင်ဆောင်လာတာ၊ အင်အားကတော့ ၁ စီးကို ၃၀ လောက်ပါတယ်၊ ဒီနေ့ကျဆုံးတာကတော့စုံစမ်းနေဆဲပါ၊ ဒီနေ့ည အထိတော့အဲဒီစစ်သင်္ဘောတွေက မင်းကင်းနယ်ထဲမှာ ရှိနေတုန်းပါ"

ဝန်ကြီးများ လူထုနှင့်ကာယကံမြောက်ထိတွေ့သင့်ပြီး လူထုနှင့်ကင်းကွာသည့် နိုင်ငံရေးခေါင်းဆောင်များအဖြစ် မမြင်လိုဟု NUG ယာယီသမ္မတပြော

"လူထုနဲ့ကင်းကွာတဲ့ နိုင်ငံရေးခေါင်းဆောင်များအဖြစ်၊ အမျိုးသားညီညွတ်ရေးအစိုးရ အဖွဲ့ဝင်အားလုံးကို ကျွန်တော့်အနေနဲ့ မမြင်ချင်ပါဘူး။ လူထုနဲ့ တသားတည်း ရပ်တည်ကြဖို့၊ သက်ဆိုင်ရာ မဟာမိတ်အင်အားစုတွေ အချင်းချင်းကြား၊ စည်းလုံးညီညွတ်ကြဖို့၊ အမြဲဝီရိယထုတ်နေကြဖို့လိုကြောင်း ပြောချင်ပါတယ်။"

ကနီမှာစစ်သင်္ဘော ၁ စီးအပါထောက်ပို့ရေယာဥ် ၁၃ စီး စနိုက်ပါနဲ့ပစ်ခတ်ခံရပြီး ၁၅ ဦးသေဆုံးဟုဆို

"သူတို့အိုက်ကွန်နဲ့ ကျနော်တို့ အိုက်ကွန်လိုင်းပူးပြီး သူတို့ပြောတာကြားရတာက ၁၅ ကောင်သေတယ်၊ မဟာမိတ် ၇ ဖွဲ့ပူးပေါင်းတိုက်ခိုက်ခဲ့တာ၊ ကနီမြို့နယ်အတွင်း ကမ်းပြိုရွာအရောက်မှာ ပစ်ခတ်တိုက်ခိုက်ခဲ့တာ၊ ကလေးဝကနေ ခန္ခီးအထိတက်မှာပါ"

စစ်အာဏာသိမ်းချိန်မှစပြီး နိုင်ငံတဝှမ်းက ဗကသအဖွဲ့ဝင် ၂၈ ဦးဖမ်းဆီးခံရ

"ဗကသများအဖွဲ့ချုပ်ဝင် ကျောင်းသားရဲဘော်ပေါင်း ၄၀ ကျော်ခန့်ဖမ်းဆီးခံခဲ့ရပြီး တချို့ရဲဘော်တွေ ပြန်လည်လွတ်မြောက်ခဲ့ပါတယ်။ လက်ရှိမှာတော့ အကျဉ်းထောင်အသီးသီးမှာ ဗကသရဲဘော် ၂၈ ဦး မတရားအကျဉ်းကျခံထားရပါတယ်။ အမျိုးသားအများစု ပါဝင်ပါတယ်အဲဒီအထဲက ထောင်ဒဏ် ၂ နှစ်ကနေ ၁၃ နှစ်အထိ နှစ်ရှည်ထောင်ဒဏ်ချမှတ်ခံထား ရသူတွေလည်းရှိပါတယ်"

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10