သတင်း

အမ်း-ပဒါန်းလမ်းပေါ်မှာ စစ်အုပ်စုယာဥ်တန်းတိုက်ခိုက်ခံရလို့ သေဆုံးသူများပြီး သေနတ် ၁ လက်ရရှိ

“ကား ၃ စီးလာတာကို ကြိုသတင်းရလို့ ကျနော်တို့စောင့်နေခဲ့တယ်။ အဲ့အထဲက ကား ၂ စီးကတော့ မိုင်ကွင်းထဲဝင်ပြီးတော့ ရှေ့ဆက်သွားလို့မရအောင် ပျက်စီးသွားတယ်။ အဲ့နောက် တိုက်ပွဲအပြန်အလှန် ၅ မိနစ်လောက်ဖြစ်ခဲ့တယ်။"

ကနီပညာရေးတာဝန်ခံမိသားစု အသတ်ခံရတဲ့ အမှုမှန်ပေါ်ပေါက်ရေး ဆန္ဒဖော်ထုတ်

" အမှုက စစ်နေတယ်။ ပြည်သူတွေက ဘာမှမသိရပါဘူး။ ဒီအမှုက သမားရိုးကျအမှုမျိုး မဖြစ်နိုင်ပါဘူး။ ပြည်သူတွေက ကြောက်ရွံ့ထိတ်လန့်မှုတွေ ရှိနေပါတယ်။ အမှုမှန်အမြန်ဆုံးပေါ် ပေါက်ဖို့ အခုလိုလှုပ်ရှားမှုလုပ်ရတာပါ"

ကွမ်းနုဝါ အထွက်နည်းပြီး ဈေးကောင်းရနေ

"အေးလာတဲ့အခါ အစာချက်အား နည်းသွားတာ။ အစား သိပ်မစားနိုင်တော့ အထွက်နှုန်းလျော့သွားတယ်။ ရာသီဥတုနဲ့လည်း ဆိုင်သလို တောင်သူနဲ့လည်း ဆိုင်တယ်။ ခြံအိုတွေက များတာကိုး၊ မိုးရာသီလက်ကျန် ကွမ်းခြံတွေက အိုသွားတော့ မြေတွေက မာသွားရော။ အဲ့မှာ အစာချက်အားနည်းသွားတယ်။ မြေကို တူးဆွပေး ကောက်ရိုးတွေနဲ့ အနွေးဓာတ်ပေးရတာတို့ လုပ်ပေးရတယ်။"

Eagle Wings ရဲ့ အမုန်းတီးမဲ့ ဒရုန်း ၂ စီး ကမ်ပိန်းပြုလုပ် (ရုပ်/သံ)

ကမ်ပိန်းမှာ ကျပ်သိန်း ၆၀၀ ရရှိဖို့သတ်မှတ်ထားပြီး ကမ်ပိန်းကာလကို ယခုနှစ် နိုဝင်ဘာ ၁ ရက်ကနေ နိုဝင်ဘာ ၃၀ ရက်အထိ သတ်မှတ်ထားပေမယ့် အလှူငွေ ၃၀ ရာနှုန်းသာရရှိထားတာကြောင့် သိန်း ၆၀၀ မပြည့်မချင်း ရက်အကန့်အသတ်မထားဘဲ ဆက်ပြီးလုပ်မှာ ဖြစ်တယ်လို့ ဆိုပါတယ်။

နွားထိုးကြီးမှာ စစ်တပ်ကဗုံးထပ်ကြဲလို့ ကလေး ၂ ဦးအပါ ဒေသခံ ၄ ဦးသေဆုံး  ■ ၄ ရက်အတွင်း သေဆုံးသူ ၈ ဦးအထိရှိလာ

“အောင်ပန်းကုန်းရွာက တောထဲနေတဲ့သူပေါ့ဗျာ။ မိသားစု ၃ ယောက်ကတော့ အိပ်နေရင်းတန်းလန်း တခါတည်းသေသွားတယ်။ နွား ၅ ကောင်သေတယ်။ ဝက် ၁ ကောင်သေတယ်။ တခြားထိခိုက် ဒဏ်ရာရတဲ့သူတွေတော့ မရှိဘူး။“

တပ်ဖွဲ့ဝင်ချင်း လိင်ပိုင်းဆိုင်ရာကျူးလွန်တယ်လို့ တိုင်ကြားခံရသူရဲဘော်ကို ဖမ်းဆီးစစ်ဆေးနေ

“အားလုံးမူးကြတဲ့အချိန်မှာ တခြားရဲဘော်တွေကိုတော့ ခေါင်းဆောင်လုပ်တဲ့သူက အပြင်ကို ပ,ထုတ်လိုက်တယ်၊ နစ်နာတဲ့သူပဲ ကျန်ခဲ့တယ်ပေါ့၊ အဲ့ချိန်မှာ ဒီလိုမျိုး Rape Case က ဖြစ်သွားတယ်။”

နွားထိုးကြီးမြို့နယ်က စစ်တပ်စခန်း ၃ ခုတပြိုင်နက်တည်းတိုက်ခံရလို့ ၇ ဦးသေဆုံး (ရုပ်/သံ)

မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ နွားထိုးကြီးမြို့နယ်၊ ပြင်စည်ရွာက စစ်ကောင်စီတပ်စွဲထားတဲ့ နေရာ ၃ ခုကို ဒရုန်းနဲ့ဗုံးချတဲ့အပြင် လက်နက်ကြီးလက်နက်ငယ်တွေနဲ့ပါ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ Natogyi People Defence Force မြင်းခြံခရိုင်အမှတ် ၄ တပ်ရင်းဆီက သိရပါတယ်။

အဓမ္မပြုကျင့်လူသတ်ခဲ့သူကို သေဒဏ်အမိန့်ချမှတ်ထားတာမရှိကြောင်း စလင်းမြို့နယ်ပအဖ ပြော

မကွေးတိုင်း၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့(ပအဖ)အနေနဲ့ အဓမ္မပြုကျင့်လူသတ်ခဲ့တဲ့ တရားခံကို သေဒဏ်စီရင်ချက် ချမှတ်ထားတာမျိုးမရှိဘူးလို့ စလင်းပအဖ က ဒီဇင်ဘာ ၁ ရက် နေ့စွဲနဲ့သတင်းထုတ်ပြန် ပြောဆိုလာပါတယ်။

ကာကွယ်ရေးတပ်ဖွဲ့ဝင်အချင်းချင်း မိုင်းဆွဲပစ်ခတ်တာခံရလို့ ၃ ဦးဒဏ်ရာရ

မန္တလေးတိုင်း၊ ငါန်းဇွန်မြို့နယ်မှာ မိုင်းဆွဲပစ်ခတ်ခံရလို့ ငါန်းဇွန်ပြည်သူ့အင်အား PDF တပ်ဖွဲ့ဝင် ၂ ဦးနဲ့ မန္တလေးခရိုင်အမှတ် ၅ တပ်ရင်းက တပ်ဖွဲ့ဝင် ၁ ဦးတို့ ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသကာကွယ်ရေးတပ်ဖွဲ့ဆီက သိရပါတယ်။

ခမရ ၆ ကထွက်လာတဲ့စစ်အုပ်စု တပ်အနီးမှာတိုက်ခိုက်ခံရလို့ ဗိုလ်နဲ့တပ်ကြပ်သေဆုံးပြီး လက်နက်ခဲယမ်းတွေရရှိ

"သတင်းရလို့ ကြိုစောင့်နေတဲ့နေရာကိုရောက်တော့ တိုက်ပွဲစဖြစ်တယ်။ အနီးကပ် ပစ်ရတာ။ ရှေ့ဆုံးက ကောင်တွေကို အတွဲလိုက် ဆွဲလိုက်တယ်။"

ထန်တလန်မြို့သိမ်းတိုက်ပွဲမှာကျဆုံးခဲ့တဲ့ CDF-KKG တပ်ဖွဲ့ဝင်ကိုမြေမြှုပ်သင်္ဂြိုဟ်

စစ်ကိုင်းတိုင်း၊ ကလေးခရိုင်အခြေစိုက် Chinland Defense Force-Kalay Kabaw Gangaw၊ တပ်ရင်း ၃ CDF-KKG တပ်ဖွဲ့မှာ တာဝန်ထမ်းဆောင်နေတဲ့ တပ်ဖွဲ့ဝင် ၁ ဦး ထန်တလန်မြို့သိမ်းတိုက်ပွဲမှာကျဆုံးခဲ့ပြီး ဒီဇင်ဘာ ၂ ရက်နေ့လယ်ပိုင်းမှာ သင်္ဂြိုဟ်ခဲ့တယ်လို့ အဲ့ဒီတပ်ရင်းဆီက သိရပါတယ်။

ဝက်လက်မြို့နယ်ကနာရေးကို စစ်တပ်က ဟောင်ဝစ်ဇာနဲ့ လှမ်းပစ်လို့ ရွာခံတွေ ထွက်ပြေးခဲ့ရ

ကျေးရွာအနီးမှာ တော်လှန်ရေးနဲ့ပတ်သက်နေသူ ၁ ဦး ကျန်းမာရေးကြောင့် သေဆုံးတာရှိပြီး အဲဒီနာရေးသတင်းပေါက်လို့ ခြောက်လှန့်ပစ်ခတ်တာမျိုးဖြစ်နိုင်တယ်လို့ ဒေသခံတဦးက ပြောပါတယ်။

ပုလဲမြို့လဝကရုံးက ထွက်ပြေးလာတဲ့ စစ်သား ၁ ဦးကို PDF တွေဖမ်းဆီးထိန်းသိမ်းထား

"ကျနော်တို့ စစ်ဆေးရေးဂိတ်မှာ သူကိုမသင်္ကာလို့ စစ်ဆေးရင်းသိရတာ။ သူ့ဖုန်းထဲမှာ သင်တန်းတက်ထားတဲ့ပုံ တွေ့တယ်။ သူ ရွာပြန်ဖို့ ပြန်လာတာ။"

ကနီပညာရေးတာဝန်ခံ တမိသားစုလုံးသတ်ဖြတ်ခံရမှု အမှုမှန်ပေါ်ပေါက်ရေး တလပြည့်လှုပ်ရှားမှုပြုလုပ် (ရုပ်/သံ)

ဒီဇင်ဘာ ၂ ရက်ကနေ ဒီဇင်ဘာလ ၄ ရက်အထိ စစ်ကိုင်းတိုင်း၊ မကွေးတိုင်း အပါအဝင် ရန်ကုန်၊ ပဲခူးတိုင်းတွေထဲက ပညာရေးဘုတ်အဖွဲ့ဝင်တွေနဲ့ ကျောင်းသား ကျောင်းသူတွေက မြေပြင်သပိတ်အပါအဝင် အွန်လိုင်းလှုပ်ရှားမှုတွေပါ ပြုလုပ်ခဲ့ကြတယ်လို့ BEGSC-CEC တဦးဖြစ်သူ ဆရာကျော်ရဲလွင်ကပြောပါတယ်။

နွားထိုးကြီးမှာ ၂ ရက်ဆက် လေကြောင်းကပစ်ခတ်လို့ ဒေသခံ ၄ ဦးသေပြီး ၁၁ ဦးဒဏ်ရာရ  ■ ကနီမှာလည်း လေကြောင်းဗုံးကြဲခံရပြီး မပေါက်ကွဲသေးတဲ့ ဗုံး ၂ လုံး လယ်ကွက်ထဲ ကျန်နေ

မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်အတွင်းကို စစ်ကောင်စီက ၂ ရက်ဆက်တိုက် လေကြောင်းကနေ ပစ်ခတ်ခဲ့တာကြောင့် ဒေသခံ ၄ ဦးသေဆုံးပြီး ၁၁ ဦးထိမှန်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10