သတင်း

ဆန္ဒမပါဘဲ အတင်းအကျပ်စစ်မှုထမ်းစာရင်းမသွင်းဖို့နဲ့ ရပ်ကျေးအုပ်ချုပ်ရေးမှူးတွေ မသမာမှုမလုပ်စေဖို့ စစ်ကောင်စီကာကွယ်ရေးဝန်ကြီးပြော

စစ်မှုထမ်းစာရင်းကောက်ယူရာမှာ ကာယကံရှင်ဆန္ဒမပါဘဲ အတင်းအကျပ်စာရင်းသွင်းတာမျိုး မလုပ်ဆောင်ဖို့ ၊ မြေပြင်မှာဆောင်ရွက်နေတဲ့ ရပ်ကျေးအဆင့်အုပ်ချုပ်ရေးများအနေနဲ့လည်း မသမာမှုတွေမရှိစေဖို့ အလေးထားဆောင်ရွက်ရမယ်လို့ စစ်ကောင်စီကာကွယ်ရေးဝန်ကြီးက ပြောဆိုလိုက်ပါတယ်။

ပြည်မြို့မှာ မြစ်ရေအတက်ကြမ်းလို့ အနိမ့်ပိုင်းရပ်ကွက်နေသူတွေ ညတွင်းချင်းပြောင်းရွှေ့ရ

“မာကလာကုန်း ရေဝင်နေပြီ။ သူတို့တံတားထိပ်(နဝင်းတံတား)မှာ တဲတွေထိုးနေကြပြီ။ ရေတက်ကြမ်းတယ်။ ဒီညနေစရွှေ့ကြပြီ။ မြစ်ရေက ချောင်းရေထက်မြင့်နေပြီ။ နဝင်းချောင်းကော လော့သော်ချောင်းပါ ရေတက်နေပြီ။ စကစ ဘက်ကတော့ ကူညီကယ်ဆယ်ရေး ဘာမှလုပ်တာမမြင်သေးဘူး။ ပရဟိတအဖွဲ့တွေကတော့ ပြင်ဆင်နေကြတယ်။ အရင်ရက်ကတည်းက ကယ်ဆယ်ရေးအတွက်။”

ကာချုပ်(ရေ) ဒုတိယဗိုလ်ချုပ်ကြီး ဇွဲဝင်းမြင့် မပါတဲ့ နေပြည်တော်စစ်ရုံး ကြည်း၊ရေ၊လေ သစ်ပင်စိုက်ပွဲ (ရုပ်/သံ)

ကာကွယ်ရေးဦးစီးချုပ်(ရေ) ဒုတိယဗိုလ်ချုပ်ကြီး ဇွဲဝင်းမြင့် ဟာ ဇူလိုင်လအတွင်းမှာ ရာထူးကဖယ်ရှားခံရပြီး စစ်ဆေးခံနေရတယ်လို့ သတင်းတွေထွက်ပေါ်နေသလို ရေတပ်ချုပ်ရာထူးကနေ စစ်ခေါင်းဆောင်တွေထံ နုတ်ထွက်စာတင်ပြထားတယ်လို့ ဘီဘီစီ(မြန်မာပိုင်း)က မနေ့က သတင်းဖော်ပြပါတယ်။

KNU နယ်မြေမှာ ၆ လအတွင်းတိုက်ပွဲပေါင်း ၁၈၀၀ ကျော်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က ၁၉၀၀ ကျော်သေဆုံးဟုဆို

KNU တပ်မဟာ ၁ မှ တပ်မဟာ ၇ နယ်မြေတွေအတွင်းကို စစ်ကောင်စီတပ်တွေ ဝင်ရောက်လာလို့ ကရင်အမျိုးသားလွတ် မြောက်ရေးတပ်မတော် (K.N.L.A)၊ ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (K.N.D.O)၊ တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့တွေအကြား တိုက်ပွဲကြီး တိုက်ပွဲငယ်ပေါင်း ၁၈၂၇ ပွဲခန့် ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ဘက်မှ ၁၉၀၃ ဦးခန့် အသက် သေဆုံးခဲ့ရပြီး ၁၂၇၅ ဦးခန့် ထိခိုက် ဒဏ်ရာရရှိခဲ့တယ်လို့ဆိုပါတယ်။

ကာချုပ်(ရေ) ဒုတိယဗိုလ်ချုပ်ကြီး ဇွဲဝင်းမြင့် မပါတဲ့ နေပြည်တော်စစ်ရုံး ကြည်း၊ရေ၊လေ သစ်ပင်စိုက်ပွဲ

“ သူ(တပ်ချုပ်) ကိုယ်တိုင်ဝင်လှုပ်ရှားမှု(Activites)ပြရတဲ့ စစ်ရုံးအခမ်းအနားတွေမှာ ဘာပွဲလုပ်လုပ် ဒုချုပ်က စပြီး ရုံးအလိုက်က အကြီးဆုံးအရာရှိချုပ်ဆိုတဲ့ လူတွေတက်ရတာ။ ဥပမာ - ကကရေ ဆိုလည်း ရေချုပ်၊ လေ ဆိုလည်း လေချုပ် တက်ရတာပေါ့။ ဘာကိစ္စဖြစ်နေနေ ပျက်ကွက်လို့မရဘူး။ အဲ့ဒီ လိုမတက်နိုင်ဘူးဆို အဲ့ဒီအရာရှိချုပ်တခုခုဖြစ်နေလို့ဆိုတာ ကောက်ချက်ချလို့ရတယ်”

မန္တလေးမြို့ရှိ အထပ်မြင့်အဆောက်အဦနဲ့ စာသင်ကျောင်းတွေကို စစ်တပ်က တပ်စွဲပြီးခံစစ်ပြင် (ရုပ်/သံ)

မန္တလေးမြို့မြောက်ဘက်အဝင် မန္တလေးတောင်တော်၊ ဘုန်းတော်တိုးရပ်ကွက်မှ စက်ရုံအပေါ်ဆုံးထပ်၊ မြို့အလယ်က စျေးချိုတော်၊ မန်းမြန်မာပလာဇာ၊ ရတနာပုံစျေး၊ မြို့အနောက်ဘက်အဝင်က ၁၉ လမ်း၊ လမ်း ၉၀ အနီး၊ ကျုံးအနောက်ဘက် ၁၉ လမ်း၊ လမ်း ၈၀ အပေါ်ထပ်၊ မြို့အရှေ့ဘက်အဝင် မြရည်နန္ဒာအိမ်ယာအနီးတို့မှာ တပ်စွဲထားတယ်လို့သိရပါတယ်။

စစ်မှုထမ်းဥပဒေကို ဆန့်ကျင်သူတွေပါဝင်တဲ့ YRA ထီးလင်း အခြေခံစစ်သင်တန်းဆင်းပွဲ (ရုပ်/သံ)

"သင်တန်းကို ၄၅ ရက်ပေးခဲ့တာပါ။ စစ်ကောင်စီက စစ်မှုထမ်းဖို့ ဥပဒေထုတ်ပြန်ပြီးနောက်ပိုင်း စစ်မှုထမ်းဖို့ဟာကို ရှောင်ရှားလာပြီး ဒေသကိုပြန်လာတဲ့လူငယ်တွေနဲ့ ကာကွယ်ရေးအဖွဲ့ထဲကိုမဝင်ရသေးတဲ့ လူငယ်တွေကျနော်တို့ PDF ထဲကိုဝင်လာတဲ့ သူတွေများပါတယ်"

စဉ့်ကူးမှာ စစ်ရှောင်နဲ့ဒေသခံပြည်သူ ၈၀၀၀ ကျော် ရေဘေးသင့်ပြီး အခက်အခဲမျိုးစုံကြုံနေရ (ရုပ်/သံ)

မန္တလေးတိုင်း၊ စဉ့်ကူးမြို့နယ်အတွင်းက ကျေးရွာတွေနဲ့ စစ်ရှောင်နေရာတွေမှာ ဇွန်လနှောင်းပိုင်းကစလို့ ဧရာဝတီမြစ်ရေ ကြီးလာတာကြောင့် ဒေသခံပြည်သူတွေနဲ့ စစ်ရှောင်တွေမှာ အခက်အခဲမျိုးစုံကြုံတွေ့နေကြရတယ်လို့ ရွှေဘိုမြို့နယ် လွတ်လပ်သောထောက်ပို့ရေးအဖွဲ့ ဆီက သိရပါတယ်။

⁨ဘောလုံးကန်ပြီး ရေသောက်ဖို့ထိုင်နေစဥ် အမျိုးသား ၁ ဦးလဲကျသေဆုံး

"မောလို့ခဏနားပြီး ရေသောက်မယ်ဆိုလို့ တယောက်က ရေသွားဝယ်နေချိန်မှာဘဲ သူက လဲကျသွားတာ။ အရေးပေါ်ကားတွေကလည်း ချက်ချင်းခေါ်မရတာနဲ့ အသက် မမီလိုက်ဘူး"

ကသာနယ်က ရေဘေးသင့်တဲ့ ရွာ ၉ ရွာ အကူအညီလိုအပ်နေ

"ရေက လူအရပ်မြုပ်တယ်ဗျ။ အိမ်တွေကတော့ နိမ်တဲ့အိမ်တွေဆိုမြုပ်တယ်။ ဝါးကလေးတွေနဲ့ ဆောက်ထားတဲ့အိမ်တွေဆို ရေထဲမျှောပါသွားတယ်။ လူတွေကသွားလာလို့မရတော့ စားစရာတွေပြတ်နေကြပြီ"

ရေဘေးသင့်ပြည်သူတွေကို Monywa Nightking အဖွဲ့က ထမင်းကျွေးနေ (ရုပ်/သံ)

မုံရွာမြို့နယ်မှာ ဇူလိုင် ၇ ရက်ကစပြီး ချင်းတွင်းမြစ်ရေတက်ရာကနေတဆင့် ရွာပေါင်း ၂၀ ကျော် ရေဘေးသင့်ခဲ့ရတာဖြစ်ပြီး Monywa Nightking အဖွဲ့နဲ့ နီးစပ်တဲ့ ရွာကရေဘေးသင့် ပြည်သူ ၃၀၀ အတွက် ညစာ ကြက်ဥကြော်၊ ပဲတီချဥ်၊ ပဲငပိငရုပ်သီးကြော်နဲ့ ထမင်းတနပ်လှူဒါန်းခဲ့တာလို့ ဆိုပါတယ်။

ဆားလင်းကြီးမှာ ရေကြီးလို့ ကွမ်းခြံရာချီပျက်စီး

“ရေတအားဝသွားရင်(ရေများသွားရင်) ကွမ်းခြံက ပျက်တာပဲ။ မြုပ်တာကတော့ ခြံပေါင်းပြောမယ်ဆို ၅၀၀ ကျော် ၁,၀၀၀ လောက်တော့ မြုပ်နေတယ်။ မြစ်ကမ်နား တောက်လျှောက်တွေပေါ့။ (ဆားလင်းကြီးက) ကွမ်းခြံတော်တော် စိုက်ကြတယ်။”

အထက်တန်းကျောင်းသား ၄ ဦး ဆီဘောက်ဆာကားနဲ့တိုက်ခံရပြီး ဒဏ်ရာရ

"ကားက သူ့အရှေ့ကယာဥ်ကိုကျော်တက်ရာမှာ အရှိန်များပြီး ကလေးတွေရှိတဲ့ဘက်ခြမ်းကို ရောက်သွားတာ။ ကလေးတွေကလမ်းဘေးကနေ စက်ဘီးနင်းလာကြတာ။ ကလေးတယောက်ဆို ဆီဘောက်ဆာအောက်ထဲဝင်သွားပြီး ပါသွားတာ"

မန္တလေးမြို့ရှိ အထပ်မြင့်အဆောက်အဦနဲ့ စာသင်ကျောင်းတွေကို စစ်တပ်က တပ်စွဲပြီးခံစစ်ပြင်

"မန္တလေးဆိပ်ကမ်းမှာ ခရီးသည်တင်နဲ့ ကုန်တင်မော်တော်တွေကို ပြန်ပြီး စစ်ဆေးနေပြီ။ မှတ်ပုံတင်စစ်တယ်။ ဘယ်သွား၊ ဘာလုပ်မှာလဲမေးတယ်။ မသင်္ကာရင် ဖုန်းတောင်းစစ်တယ်။ စစ်သားတွေကို မဲလို့ ကြောက်စရာဗျာ"

ခန္တီးမြို့ရေကြီးမှုအတွင်း ဒေသခံ ၄ ဦး ရေနစ်သေဆုံးခဲ့

"မြို့မ ကတယောက်ဆို ရေကြီးနေချိန်အိမ်ပေါ်အိပ်နေရင်းက ရေထဲပြုတ်ကျပြီးဆုံးတာ။ သာစည်က သားအမိ ၂ ဦးဆိုလည်း မတော်တဆရေထဲကျပြီးဆုံးတာ။ ခုလောလောဆယ်ရေကတော့ပြန်ကျနေပြီ"

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10