ဘုတလင်၊ ကျောက်အိုးရွာက အိမ် ၅ လုံးကို စစ်တပ်ကမီးရှို့ပြီး ရွာခံတချို့ကို ဓားစာခံအဖြစ်ဖမ်းဆီးသွား
"ဓားစာခံတွေက များတယ်၊ ရွာသစ်ရွာကပဲ ဖမ်းခံရတာ ၁၅ ယောက်လောက်ရှိတယ်။ ဘယ်သူတွေလဲဆိုတာ တိတိကျကျမသိရသေးဘူး။ ရွာထဲက နွား ၁ ကောင်လည်း မီးထဲပါသွားတယ်။ ကျောက်အိုးရွာထဲရှိနေတဲ့အချိန် ရွာအနောက်ဘက်ကို လက်နက်ကြီးနဲ့ ထုနေတယ်။"