သတင်း

၅ နှစ်အရွယ်ကလေးငယ်ကို အဓမ္မပြုနှိပ်စက်ခဲ့သူတွေထဲက အမျိုးသားကို ဖမ်းဆီးထား

"နစ်နာသူမိသားစုဘက်က အမှုဖွင့်ထားတော့ သူတို့ဘက်က စခန်းမှာလာရှင်းချိန် တခါတည်း ဖမ်းထားလိုက်တာ။ ဖမ်းတော့ ဖမ်းထားတယ်။ လွတ်အောင် ညှိဖို့ကြိုးစားနေတယ်။ ဒီဘက်ကလည်း ဝိုင်းဖိတော့ ညှိလို့မရတော့ဘူး ဖြစ်သွားတယ်"

“အမေက လာဖမ်းတဲ့သူကို ခြေသလုံးဖက် တောင်းပန်တာကိုမှ ရဲတယောက်က ခြေထောက်နဲ့ ဆောင့်ကန်ခဲ့တာ” PDF ထံ အလင်းဝင်လာတဲ့ စစ်မှုထမ်းဖို့ အတင်းအဓမ္မစုဆောင်းခံရသူ တပ်သားသစ်နှစ်ဦးရဲ့ အင်တာဗျူး

ကိုချမ်း နဲ့ ကိုဖိုးသားတို့ စစ်တပ်ရဲ့ အတင်းအဓမ္မဖမ်းဆီးခံခဲ့ရပုံ၊ စုဆောင်းရေး၊ စစ်သင်တန်းတက်ရောက်စဉ် ကာလတလျှောက် ကြုံတွေ့ခဲ့ရတဲ့အတွေ့အကြုံတွေအပေါ် မြေလတ်အသံသတင်းဌာနမှ ဆက်သွယ်မေးမြန်းထားတာကို ကောက်နုတ်ဖော်ပြလိုက်ရပါတယ်။

စစ်တောင်းမြစ်ဝှမ်း ရေတာရှည်စစ်ဆင်ရေးအဖြစ် တောင်ပိုင်းတိုင်းနဲ့ နေပြည်တော် PDF ပူးပေါင်းကာ စစ်ကောင်စီကိုတိုက်ခိုက် (ရုပ်/သံ)

ရေတာရှည်မြို့နယ်၊ ရွာသစ်ကျေးရွာအတွင်းမှာ ရေတာရှည်နဲ့ ဆွာမြို့က စစ်ကောင်စီတပ်သားတွေ အင်အား ၅၀ ကျော်နဲ့ တပ်စွဲထားတဲ့စခန်းကို စက်တင်ဘာ ၂၃ ရက်က တိုက်ခိုက်ခဲ့တာလို့ နေပြည်တော် PDF ၉၀၁ တပ်ရင်း တာဝန်ခံတဦးက ပြောပါတယ်။

ရေစကြိုက ဆင်မရဲရွာစစ်စခန်းကို ရက် ၂၀ကျော်ကြာတိုက်ခိုက်ပြီးနောက် သိမ်းပိုက်နိုင်ခဲ့ ■ တပ်ကြပ်ကြီးတဦးနဲ့ ပြည်သူ့စစ်ခေါင်းဆောင်သေဆုံးပြီး လက်နက်ခဲယမ်းအချို့ရရှိ (ရုပ်/သံ)

"ဒရုန်းနဲ့က မြေပြင်ဝင်ရောက်မတိုက်ခိုက်ခင်အချိန်ထိ ဗုံးကြဲချခဲ့တာ။ စစ်**တွေ အထိုင်ချနေတဲ့ အထက်တန်းကျောင်းနေရာတွေ၊ ရွာလယ်မှာရှိတဲ့ အုပ်ချုပ်ရေးမှူး ပျူခေါင်းဆောင် ကျော်တိုးအိမ်၊ ရွာတောင်ဖျားမှာရှိတဲ့ ဘန်ကာတွေကို အဓိကထားဗုံးကြဲခဲ့တာ"

ကျေးရွာရဲစခန်းက ကင်းပတ်လာတဲ့ စစ်အုပ်စု တိုက်ခိုက်ခံရလို့ ၂ ဦးသေဆုံး ၁၀ ဦးဒဏ်ရာရ (ရုပ်/သံ)

တိုက်ခိုက်မှုမှာ စစ်အုပ်စုဘက်က သေဆုံးသူ ၂ ဦးကိုတော့ ရဲဘော်တွေ ကိုယ်တိုင်မြင်ခဲ့ရပြီး ၁၀ ဦးဝန်းကျင်ဒဏ်ရာရတဲ့အကြောင်းကို ဒေသခံပြည်သူအချို့ရဲ့ သတင်းပေးပို့ချက်အရ အတည်ပြုနိုင်ခဲ့တယ်လို့ ဆိုပါတယ်။

အောင်လံမြို့ပေါ်မှာတိမ်းရှောင်နေတဲ့ ပျူခေါင်းဆောင်အုပ်ချုပ်ရေးမှူးနဲ့တပည့် ပစ်ခတ်ခံရပြီး သေဆုံး

"အခင်းဖြစ်တဲ့နေရာမှာတော့ မြင့်ဆွေသေတယ်။ ဆေးရုံမှာကျတော့ သူတပည့်သေတယ်။ အရပ်သားကတော့ ဒဏ်ရာရတယ်။ သူတပည့်ဆိုတာကလည်း မြို့ပေါ်ရောက်မှခေါ်ထားပြီး သူသွားလေရာ ခေါ်သွားနေတဲ့ကောင်လေးပါ။"

အုတ်တွင်းမှာ ၅ နှစ်အရွယ်မိန်းကလေးငယ်ကို မွေးစားမိဘတွေက နည်းပေါင်းစုံနဲ့နှိပ်စက်ထားတဲ့အပြင် အဓမ္မပြုကျင့်ဟုဆို

မိန်းကလေးငယ်ရဲ့ ပြောဆိုချက်အရ ရရှိဒဏ်ရာတွေဟာ မွေးစားအမေဖြစ်သူ မပိုပိုချစ်က ဟင်းခိုးစားတယ်ဆိုကာ ကလေးငယ်ရဲ့မျက်ခွံနဲ့ခေါင်းကို ဓားနဲ့ခုတ်၊ လက်ကိုမီးနဲ့ရှို့၊ လည်ပင်းအနောက်ဘက်နဲ့ ကျောကုန်းတွေမှာ ဘရိတ်ဓားနဲ့ ၂၉ ချက်တိတိလှီးတာတွေ လုပ်ဆောင်ခဲ့ပြီး အဲ့ဒီနောက် မွေးစားအဖေဖြစ်သူ တင်ဇော်ဝင်းက နှာခေါင်းနဲ့ ပါးစပ်ကိုလက်သီးနဲ့ထိုးတာ၊ ရေနွေးပူနဲ့ပါးစပ်ထဲကို လောင်းထည့်တာ၊ မျက်နှာကိုဓားနဲ့ခုတ်တာ စတာတွေထပ်မံလုပ်ဆောင်ကာ အသီးသီးနှိပ်စက်ခဲ့တယ်လို့ ဆိုပါတယ်။

ရေကြီးမြေပြိုမှုကြောင့် နေအိမ်ဆုံးရှုံးခဲ့တဲ့ သပြေပင်ရွာဒေသခံတွေအတွက် ရွာသစ်ပြန်တည်ပေးဖို့ မြေနေရာရှာဖွေနေ

“ရွာကတော့ နွံဖုံးပြီး မြေပြန့်လိုဖြစ်သွားပြီ။ ရွာအတွက် ပြန်လည်တည်ဆောက်ဖို့ရာ မြေကွက်အနေအထားက အကြီးအကဲတွေ စီစဉ်ထားပါတယ်။ ပြီးတော့ အဲ့မြေနေရာမှာ ပျက်စီးဆုံးရှုံးအိမ်တွေကို ပြန်လည် တည်ဆောက်ပေးဖို့ စီစဉ်နေတာ။”

ရာဂိမုန်တိုင်းရေဘေး မြေလတ်ဒေသက လူ ၂၅၀ နီးပါးသေဆုံး ■ လူသေဆုံးမှု ၁၀၀၀ ကျော်အထိရှိနိုင်ကြောင်း NUG ခန့်မှန်း

စက်တင်ဘာလဒုတိယအပတ်အတွင်းကဖြစ်ပွားခဲ့တဲ့ စူပါတိုင်းဖွန်းမုန်တိုင်းရာဂိရဲ့ အရှိန်ကြောင့် နိုင်ငံတဝှမ်းရေကြီး၊မြေပြိုမှုတွေဖြစ်ပေါ်ခဲ့ပြီး အဆိုပါရေကြီးခဲ့မှုအတွင်း မြေလတ်ဒေသတွေဖြစ်တဲ့ စစ်ကိုင်း၊ မကွေး၊ မန္တလေးနဲ့ ပဲခူးတိုင်းက ပြည်သူ ၂၅၀ နီးပါးသေဆုံးခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ လူသားချင်းစာနာထောက်ထားရေးနဲ့ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာနရဲ့ စစ်တမ်းဖော်ပြချက်တွေအရ သိရပါတယ်။

ပျူစောထီးအဖွဲ့ဝင်၂ ဦး မြိုင်ရဲစခန်းက ရဲကိုသတ်ပြီး လက်နက်တွေနဲ့အလင်းဝင်

အလင်းဝင်လာသူတွေဟာ ပျူစောထီးအဖွဲ့ဝင် ညီညီထွန်းနဲ့ ဝေယံမင်းခန့်တို့ဖြစ်ပြီး မြိုင်မြို့မရဲစခန်းမှာ သူတို့နဲ့အတူနေထိုင်နေတဲ့ ရဲတပ်သား ယောကြီးဆိုသူကို ရဲစခန်းကနေခေါ်လာခဲ့ရာက မြိုင်မြို့နယ် တရားရုံးရှေ့မှာ ပစ်သတ်ပြီး ထွက်ပြေးခဲ့ကြတာလို့ ဆိုပါတယ်။

ပြည်သူ့ဒီမိုကရက်တစ်တပ်တော်ရဲ့အပတ်စဉ် ၈ အခြေခံစစ်သင်တန်းဆင်းပွဲ

မကွေးတိုင်း၊ ပခုက္ကူခရိုင်အခြေစိုက် ပြည်သူ့ဒီမိုကရက်တစ်တပ်တော်ရဲ့ အပတ်စဉ် ၈ အခြေခံ စစ်ပညာသင်တန်းဆင်းပွဲကို ပြည်သူ့ဒီမိုကရက်တစ်တပ်တော် အမှတ် ၁ စစ်ဒေသ၊ ယာယီဌာနချုပ်မှာ စက်တင်ဘာ ၂၄ ရက် ဒီမနက် ၇ နာရီကနေ ၉နာရီအထိပြုလုပ်ခဲ့တယ်လို့ အဲ့ဒီအဖွဲ့ဆီက သိရပါတယ်။

တောင်သာနယ် လေကြောင်းတိုက်ခိုက်ခံရမှု ပြည်သူ ၂ ဦးဒဏ်ရာရ (ရုပ်/သံ)

စက်တင်ဘာလ ၂၃ရက် နေ့လယ် ၁၁ နာရီခန့်မှာ စစ်ကောင်စီတိုက်လေယာဉ် ၁ စီးက ပေါင်၂၅၀ ဗုံးသီးတွေ ကျဲချခဲ့သလို စက်လက်တွေနဲ့လည်း ပစ်ခတ်သွားခဲ့တာကြောင့် လူနေအိမ်တလုံး ထိမှန်ပြီး ပြည်သူနှစ်ဦးလည်း ဒဏ်ရာရကာ မစိုးရိမ်ရဘူးလို့ ဒေသခံတဦးက ပြောပါတယ်။

၂၄ နာရီအတွင်း စစ်ကိုင်း၊ မကွေးနဲ့ ပဲခူးတိုင်းအပါ တိုင်းနဲ့ပြည်နယ် တချို့မှာ လေပြင်းတိုက်ပြီးမိုးကြီးနိုင်

ဘင်္ဂလားပင်လယ်အော် အလယ်ပိုင်းမှာဖြစ်ပေါ်နေတဲ့ လေဖိအားနည်းဆဲလ်ကြောင့် မြန်မာနိုင်ငံထဲက စစ်ကိုင်း၊ မကွေးနဲ့ ပဲခူးတိုင်းအပါအဝင် တိုင်းနဲ့ပြည်နယ် တချို့မှာ လေပြင်းတိုက်ခတ်ပြီး မိုးကြီးနိုင်တယ်လို့ မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက သတိပေးထုတ်ပြန်ထားပါတယ်။

မဟာမိတ်တွေကို မိုင်းနဲ့လက်နက်ကြီး ထောက်ပံ့ကူညီပေးနေတဲ့ Red Phoenix Force(ရုပ်/သံ)

Red Phoenix Forceအနေနဲ့ တိုက်ပွဲတွေမှာ မလိုက်နိုင်တဲ့အခါမှာ မဟာမိတ်တပ်ဖွဲ့တွေကို မိုင်းနဲ့လက်နက်ကြီးထောက်ပံ့ကူညီပေးတာမျိုးရှိတယ်လို့ ထုတ်လုပ်ရေးတာဝန်ခံ ရဲဘော်သခင်ညိုကပြောပါတယ်။

လူ ၁၀ ဦးကျော်လိုက်ပါလာတဲ့ လိုက်ထရပ်ကား ဆွမ်းဦးပုညရှင်ဘုရားတောင်တက်လမ်းမှာ တိမ်းမှောက်

"ကားကတောင်တက်ရင်းနောက်ကိုပြန်လိမ့်တာ။ မထိန်းနိုင်တော့ဘေးကိုမှောက်သွားတာ။ မိုးကလည်း ရွာနေတယ်။ တောင် စအတက်ကိုမှ ဘီးချော်ပြီးမှောက်တဲ့ပုံစံပါ။ တောင်အမြင့်က ပေ ၁၀၀၀ ကျော်လောက်ရှိမယ်" လို့ ဒေသခံတဦးက မြေလတ်အသံကို ပြောပါတယ်။

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10