သတင်း

အိမ်စီးကားနဲ့လာတဲ့ စစ်ကောင်စီရဲတပ်ဖွဲ့ တိုက်ခိုက်ခံရလို့ စစ်ကြောရေးမှူးအရာရှိအပါ ၂ ဦးသေဆုံး( ရုပ်/သံ)

ကားပေါ်ပါလာသူတွေထဲက ၂ ဦးသေဆုံးတာကိုတော့ မြေပြင်တိုက်ခိုက်ရေးရဲဘော်တွေကအတည်ပြုနိုင်ခဲ့ကာ အဲ့ဒီထဲမှာ စစ်ကြောရေးမှူးအရာရှိပါတာနဲ့ သူဟာ မန္တလေးကနေ မြို့သာကိုပြောင်းရွေ့ လာတာ လပိုင်းပဲရှိသေးတယ်ဆိုတာကိုတော့ ပစ်ခတ်မှုဖြစ်ပြီးနောက်ပိုင်းမှ မြေပြင်ကင်းထောက်တွေ ဆီက သိရှိအတည်ပြုခဲ့တာလို့ ဆိုပါတယ်။

ဘုတလင်မှာ ၄ ရက်အတွင်း အမျိုးသား ၄ ဦးကို စစ်တပ်ကပစ်သတ်ပြီး နေအိမ်တွေကိုပါမီးရှို့ခဲ့

ဘုတလင်ရဲစခန်းကနေ အင်အား ၄၀ ဝန်းကျင်နဲ့ထွက်လာတဲ့ စစ်ကောင်စီတပ်သားတွေဟာ ကျွဲသေချောင်းရွာက ဒေသခံအမျိုးသား ၁ ဦးကိုသတ်ပြီး ရွာဘုန်းကြီးကျောင်းအရှေ့က အလှူခံပုံးထဲက ငွေကျပ် ၇ သိန်းကျော်ကိုလည်း ယူသွားတယ်လို့ ဘုတလင်နယ်ခံတဦးက ပြောပါတယ်။

မြိုင်မှာ စစ်ကောင်စီက ဗုံးကြဲလို့ ရွာ ၈ရွာက ပြည်သူ ၃ထောင်ခန့် ထွက်ပြေးတိမ်းရှောင်နေရ (ရုပ်/သံ)

ဗုံးကြဲခံရတဲ့ ရွာတွေက ဒေသခံပြည်သူအများစုက ဗုံးကြဲတဲ့အချိန်မှာပဲ ထွက်ပြေးတိမ်းရှောင်ကြပြီး ကျန်နေခဲ့တဲ့ဒေသခံတွေကလည်း စက်တင်ဘာ ၂၃ ရက် နံနက်ပိုင်းမှာတော့ အားလုံးစစ်ရှောင်လာကြတယ်လို့ ထန်းငယ်တောရွာခံ စစ်ရှောင်ပြည်သူတဦးက ပြောပါတယ်။

အိမ်စီးကားနဲ့လာတဲ့ စစ်ကောင်စီရဲတပ်ဖွဲ့ တိုက်ခိုက်ခံရလို့ စစ်ကြောရေးမှူးအရာရှိအပါ ၂ ဦးသေဆုံး

မန္တလေးတိုင်း၊ ငါန်းဇွန်မြို့နယ်၊ မင်းနေကုန်းရဲစခန်းနားမှာ စစ်ကောင်စီရဲတပ်သားတွေလိုက်ပါလာတဲ့ ကားကို ဒေသခံကာကွယ်ရေးတပ်တွေက ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်ကြောရေးမှူးအရာရှိနဲ့ တပ်သားတဦး သေဆုံးခဲ့တယ်လို့ Hero Defence Force (မြင်းခြံ)အဖွဲ့ ကတဆင့် သိရပါတယ်။

မန္တလေးမှာ အဆောက်အဦဟောင်းတခုပြိုကျလို့ အမျိုးသမီး ၁ ဦးသေဆုံး ၇ ဦးဒဏ်ရာရ

" ဒီအဆောက်အဦက အရင်ဦးကျားကြီး(မန္တလေးဦးကျားကြီး)တို့ခေတ်ထဲက အဆောက်အဦလို့ပြောတယ်။ အရင်ဆယ်စုနှစ်ကျော်က မန္တလေးမီးအကြီးအကျယ်လောင်ခဲ့တုန်းကလည်း မီးလောင်ထားတဲ့ အဆောက်အဦတဲ့။ အဲဒီအဆောက်အဦပြိုကျတာ"လို့ ရပ်ကွက်နေပြည်သူတဦးက မြေလတ်အသံကို ပြောပါတယ်။

ဆင်ဖြူကျွန်းမှာ စစ်ဆေးရေးလုပ်နေတဲ့ ကာကွယ်ရေးအဖွဲ့တွေနဲ့ စစ်အုပ်စုပစ်ခတ်မှုဖြစ်နေ

လက်ရှိအထိ နှစ်ဖက်တပ်တွေအကြား အပြန်အလှန်ပစ်ခတ်နေဆဲဖြစ်ပြီး ပစ်ခတ်မှုတွေအတွင်း ဆင်ဖြူကျွန်းမြို့ အုတ်ဖိုရပ်ကွက်ကို လက်နက်ကြီးကျရောက်ပေါက်ကွဲမှုတွေရှိနေလို့ ရပ်ကွက်နေပြည်သူတွေလည်း တိမ်းရှောင်နေရတယ်လို့ သိရပါတယ်။

ထင်းခုတ်သွားတဲ့ ၁၆ နှစ်အရွယ်မိန်းကလေးတဦး မိုင်းနင်းမိလို့ဆေးရုံတင်ထားရ

"စစ်တပ်ဘက်က ထောင်ထားတဲ့မိုင်းကွင်းရှိတယ်။ မသွားဖို့လည်း တားထားတာရှိတယ်။ ဒါကို သွားရင်းထိတာ။ သူတို့က အဲ့လိုပဲတောထဲသွားနေကြ။ ထင်းခုတ်၊ နွားကျောင်းရင်း အခုကထိတာ"လို့ ဒေသခံအမျိုးသမီးတဦးက ပြောပါတယ်။

ဝမ်းတွင်းမြို့နယ်မှာ ရေစီးနဲ့မျောပါသွားတဲ့ နွားတွေကို ပိုင်ရှင်တွေက ပိုက်ဆံပေးပြီးပြန်ရွေးခဲ့ရ (ရုပ်/သံ)

ရေစီးနဲ့မျောလာတဲ့ ကျွဲ၊ နွား အစရှိတဲ့ တိရိစ္ဆာန်တွေကို ဆယ်ယူထားသူတွေက မူလပိုင်ရှင်တွေကို အလကားပြန်ပေးတာမရှိသလောက်နည်းပါးပြီး အနည်းဆုံး ကျပ် ၅ သောင်းကနေ အများဆုံး ၆ သိန်းအထိပေးပြီး ပြန်ရွေးကြရတယ်လို့ ဆိုပါတယ်။

မန္တလေးမြို့မှာ တပတ်အတွင်းလူငယ် ၇ ဦး ဖမ်းဆီးခံရပြီး အဆက်အသွယ်ပြတ်နေ

စက်တင်ဘာ တတိယပတ်အတွင်း အောင်မြေသာစံမြို့နယ်မှာ အသက်၂၀ ဝန်းကျင်အမျိုးသား ၁ ဦး၊ စက်တင်ဘာ၂၁ ရက် ညနေပိုင်းမှာ ဧည့်စာရင်းဝင်စစ်ရင်း ဖုန်းစစ်ပြီး အမျိုးသား ၂ ဦး၊စက်တင်ဘာ ၂၂ မှာ ၆၃ လမ်းပေါ်မှာသွားလာနေသူ အမျိုးသား ၂ ဦး၊ ကျုံးမြောက်ဘက်မှာ ဖုန်းစစ်ကာ ပစ္စည်းပို့သူအမျိုးသား ၁ ဦးနဲ့ ကျုံးတောင်ဘက်မှာ ပုဂ္ဂလိကဝန်ထမ်းအမျိုးသမီး ၁ ဦးတို့ ဖမ်းဆီးခံထားရတာလို့ သိရပါတယ်။

မုံရွာမြို့ လမ်းမပေါ်အုပ်စုဖွဲ့အဓမ္မပြုကျင့်ရာမှာ ပါဝင်သူတဦးကို မြို့နယ်ပလဖ ဖမ်းဆီးရမိထား ■ စစ်မှုထမ်းသင်တန်းဆင်းထားသူဖြစ်နေ

" လောလောဆယ်တော့ သူ့ကိုထောင်ပို့ထားတယ်။ သူက စစ်တပ်ကျောင်းဆင်း၊ မုဒိန်းမှု၊ လုယက်မှု၊ ခိုးမှုတွေကော အမှုပေါင်းအများကြီးနဲ့ တရားစွဲမှာပါ။ ဒါကတော့တရားသူကြီးတွေနဲ့ တိုင်ပင်ပြီးလုပ်သွားမှာပါ။ သူတို့ကျ ပိုနားလည်တယ်"

ညောင်ဦးမှာ ရဲတပ်ဖွဲ့ယာဉ်တန်း တိုက်ခိုက်ခံရပြီး ၃ ဦးသေ၊ မြို့နယ်ရဲမှူးအပါ ၉ ဦး ဒဏ်ရာပြင်းထန် (ရုပ်/သံ)

တိုက်ခိုက်မှုအတွင်း ရဲတပ်သား ၃ ဦးသေဆုံးတာကို ရဲဘော်တွေကိုယ်တိုင် အတည်ပြုနိုင်ခဲ့ပြီး ညောင်ဦး မြို့နယ် ဒုရဲမှူး ဝင်းဆန်း၊ မြို့နယ် စရဖအရာရှိ တင်ထွန်းအောင်၊ မြို့နယ် နယ်ထိန်းခေါင်းဆောင် ချစ်မိုး အပါအဝင် ၉ ဦး ဒဏ်ရာအပြင်းအထန်ရရှိတယ်လို့ သိရပါတယ်။

လက်နက်ခဲယမ်းနဲ့ အလင်းဝင်လာတဲ့ ခမရ ၁၀၇ တပ်သား ဆုကြေး သိန်း ၅၀ ရရှိ

"စက်တင်ဘာ ၁၆ ရက်မှာ သူ့ကို ဆုကြေးငွေ သိန်း ၅၀ ပေးအပ်တယ်။ ကျနော်တို့ တချို့သောအကြောင်းအရာတွေကြောင့် သတင်းထုတ်ပြန်တာ နောက်ကျသွားတာ။"

နတ်တလင်းနဲ့ ပေါင်းတည်မှာ မိုးရွာပြီး ချောင်းရေလျှံလို့ ကျေးရွာနဲ့ သီးနှံစိုက်ခင်းတွေထဲ ရေဝင်ရောက်

“ခုမနက်ကစပြီး အကုန်လုံးနီးပါး ရေဝင်နေတာ။ ပြီးခဲ့တဲ့နှစ်ရက်လောက်ကတည်းက နိမ့်တဲ့နေရာတွေ ကမ်းနှုတ်ခမ်းကိုထောက်ပြီး ရေဝင်နေတာ၊ အခုကလမ်းတွေပါ ရေကျော်နေတာ။”

ချင်းတွင်းမြစ်ထဲမှာ စစ်ကောင်စီတပ်ရဲ့ သင်္ဘော ၁၅ စီး တိုက်ခိုက်ခံရ (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ မင်းဒေါင့်ဆိပ်ကမ်းကနေထွက်လာတဲ့ စစ်ကောင်စီ သင်္ဘော ၁၅ စီးကို ချင်းတွင်းမြစ်ကြောင်းမှာ တော်လှန်ရေးတပ်ဖွဲ့တွေက ရှေ့ထွက်မိုင်းအပြင် လက်နက်ငယ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ကြတယ်လို့ သိရပါတယ်။

တပ်ကုန်း ရေဘေးသင့်ရွာတွေကို ရှင်းလင်းမှု လူသေအလောင်း ၄ လောင်း ထပ်မံတွေ့ရှိ

"တွေ့တဲ့ လူသေအလောင်းတွေကတော့ ဆေးရုံ၊ ရင်ခွဲရုံပို့ပေါ့။ တိရစ္ဆာန်ကတော့ အဲ့အနီးအနားမှာပဲ မီးရှို့ကြရတယ်။ တိရစ္ဆာန်တွေကျတော့ တင်းကုပ်တွေထဲ သေတာလည်းရှိတယ်။ လူသေအလောင်းတွေကျတော့ ရွာခံတွေလည်းပါသလို အခြားကမျောလာတာတွေလည်း ပါတယ်"

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10