သတင်း

မတ္တရာနယ်က နေအိမ်တွေကို မီးရှို့ပြီး ပြန်ထွက်လာတဲ့ စစ်တပ်နဲ့ ကာကွယ်ရေးတပ်ဖွဲ့တွေ ထိတွေ့ပစ်ခတ်မှုဖြစ်

"သူတို့ မြို့ဒင်ရွာထဲကို မရောက်ခင် မိုးကြိုးစစ်ကြောင်းအဖွဲ့က မိုင်းဆွဲတယ်လို့ပြောတယ်။ ကျနော်တို့လည်း မိုင်းသံတော့ ကြားလိုက်တယ်။ သူတို့နေအိမ်တွေကို မီးရှို့နေချိန် ကျနော်တို့လက်နက်ကြီးနဲ့ပစ်တော့ ရွာထဲကနေ ပြန်ထွက်လာတယ်။ အဲမှာ ကျနော်တို့နဲ့ ထိတွေ့မှုဖြစ်တာပဲ"

ဝင်းနိမ္မိတာရုံဆရာတော်ကို စစ်ကောင်စီတပ်သားတွေ ပစ်ခတ်ခဲ့ကြောင်း အတူပါဆရာတော်က လူသိရှင်ကြား မိန့်ဆို (ရုပ်/သံ)

ပစ်ခတ်မှု ဖြစ်စဉ်အစအဆုံးနဲ့ နောက်ပိုင်း စစ်ဆေးခံရတာတွေကအစ အပြည့်အစုံကို မိန့်ကြားခဲ့တာဖြစ်ပြီး အဲဒီမိန့်ကြားမှု ကို Live လွှင့်ထားတဲ့ ရုပ်သံဖိုင်ဟာ ယနေ့မှာပဲ လူမှုကွန်ရက်တွေပေါ်မှာ ပျံ့နှံ့လျှက်ရှိပါတယ်။

ရထားလမ်းကင်းစောင့် ပြည်သူ့စစ်အဖွဲ့ ပစ်ခတ်ခံရပြီး ၂ ဦးသေဆုံး

"ဒီဘက်မှာက မီးရထားလမ်းတွေ မကြာခဏမိုင်းခွဲခံရလို့ ပြည်သူစစ်တွေနဲ့ ဒေသခံတွေ အလှည့်ကျ ကင်းစောင့်ရတာရှိတယ်။ မနေ့က ပြည်သူ့စစ်တွေရှိနေချိန် ပစ်ခံရတာ"

ပျူစောထီးနဲ့ PDF တို့တိုက်ပွဲမှာ စစ်ကောင်စီဘက်က လေကြောင်းပစ်ကူပေး

"သူတို့ဘက်က အထိနာပြီးတော့ လေယာဉ်နဲ့လာကြဲတယ်။ ပြီးတော့ ပေါက်မြို့ပေါ်ကနေလည်း ဟောင်ဝစ်ဇာနဲ့ပစ်ကူပေးတယ်။ လေယာဉ်နဲ့လာကြဲတဲ့အချိန် ကြိုတင်သတင်းရထားလို့ လူထိခိုက်တာတွေမရှိဘူး"

တွင်းမရွာက ပျူစောထီးစခန်း ဒရုန်းနဲ့ ဗုံးကြဲခံရပြီး ပျူစောထီး ၁ ဦးသေဆုံး

“တံကောက်ကွေးကို ဗုံးအစထိမှန်ပြီး မနက်က ၃ နာရီခွဲလောက်မှာ သွေးထွက်လွန်ပြီးသေတယ်၊နောက်ထပ် ပျူစောထီး အောင်နေစိုးကတော့ ဒဏ်ရာရတာပြင်းထန်းတယ်လို့ပြောတယ်၊ သူကသေတယ်လို့တော့ မသိရသေးဘူး”

စစ်ကောင်စီတပ်သား ၁ ဦးကိုဖမ်းဆီးချိန် လူကိုမမိဘဲ လက်နက်ခဲယမ်းတွေကိုသိမ်းနိုင်ခဲ့

"ထန်းတဲမှာ တခါတလေ သုံးလေးယောက်လာတယ်ကြားလို့ စောင့်ကြည့်နေတာ။ ခုမှတဦးတည်းထွက်လာတာနဲ့ လက်ရဖမ်းဆီးဖို့ ကြိုးစားခဲ့တာပါ။ လူကတော့ လွတ်သွားတယ်။ လက်နက်ခဲယမ်းတွေ ရလိုက်တယ်"

ဖဲရိုက်နေတဲ့ ပျူစောထီးတဦး သေနတ်နဲ့ပစ်သတ်ခံရ

တိုက်ကြီးမြို့နယ်၊ ပန်းပင်တန်းကျေးရွာအုပ်စု၊ ပိန်းသျိုရွာက ရာအိမ်မှူးလည်းဖြစ်၊ ပျူစောထီးခေါင်းဆောင်လည်းဖြစ်သူ ကိုဝင်းမောင်ကို ဇွန် ၁၉ ရက် ညနေ ၄ နာရီကျော်လောက်မှာ အဲဒီရွာကဖဲဝိုင်းမှာ ပစ်ခတ်ခဲ့တာလို့ ဆိုပါတယ်။

စစ်ကိုင်းကမ္ဘောဇဘဏ် ဓားပြတိုက်ခံရပြီး ဓားပြ ၁ ဦးကို အသေဖမ်းဆီးနိုင်ဟု စစ်ကောင်စီထုတ်ပြန်

"ဓားပြတိုက်တဲ့သူတွေက ငွေတွေယူပြီးထွက်ကာနီးမှာ စကစအဖွဲ့တွေရောက်လာပြီး ပစ်ခတ်မှုဖြစ်တာ။ ဓားပြအဖွဲ့ထဲကတော့ တယောက်ကျကျန်ခဲ့တယ်။ ကျန်သူတွေကတော့ ထွက်ပြေးသွားတယ်။"

"ငုံ့မခံဘဲ တုန့်ပြန်မယ့် သံမဏိနှင်းဆီတွေ” အဖြစ် ရှိနေမယ်လို့ ဒေါ်အောင်ဆန်းစုကြည်အတွက် ဂန့်ဂေါရဲမေတွေ ကတိပြု (ရုပ်/သံ)

အာဏာသိမ်းစစ်ကောင်စီကို ဒေါ်အောင်ဆန်းစုကြည်နှင့်အတူ “ငုံ့မခံဘဲ တုန့်ပြန်မယ့် သံမဏိနှင်းဆီတွေ” အဖြစ် ရှိနေမယ်လို့ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၇၉ နှစ်ပြည့် မွေးနေ့မှာ မကွေးတိုင်း၊ အမှတ် ၁ စစ်ဒေသ၊ ဂန့်ဂေါခရိုင် တပ်ရင်း ၁ PDF ရဲမေတွေက ကတိပြုခဲ့ကြပါတယ်။

စစ်တပ်က စစ်ကြောင်းထိုးနေလို့ ကျဆုံးရဲဘော်ကို သင်္ဂြိုဟ်ပြီးသော်လည်း အမိန့်ပြန်၊ ဆွမ်းသွတ်တာ မလုပ်နိုင်သေး

“မြေကျအောင် သင်္ဂြိုဟ်ပြီးပါပြီ။ ခမ်းခမ်းနားနား လုပ်မပေးနိုင်သေးပါဘူး။ အမိန့်လည်း မပြန်ရသေးဘူး။ စစ်တပ်က ကျနော်တို့ စခန်းကို အရလုံး(စခန်းသိမ်း)မယ် ဆိုပြီး ကြေညာထားတာ။ မရမချင်း ပြန်မဆုတ်ဘူးလို့ သတင်းရတယ်”

စလင်းမှာ ဒေါ်အောင်ဆန်းစုကြည် ၇၉ နှစ်ပြည့် မွေးနေ့လက်ဆောင်အဖြစ် အရိပ်ရပင် ၇၉ ပင်စိုက်ပျိုး

"အပူဒဏ်ကို လျှော့ချဖို့ သစ်ပင်စိုက်ကြစို့ " ဆိုတဲ့ ဆောင်ပုဒ်နဲ့အညီ သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းတန်ဖိုးထားတတ်စေဖို့နဲ့ အပူဒဏ်လျော့ကျစေဖို့ ရည်ရွယ်ပြီး မွေးနေ့လက်ဆောင်အဖြစ် စိုက်ပျိုးခဲ့တာလို့ ဆိုပါတယ်။

မင်းဘူးခရိုင် အမှတ်၂ တပ်ရင်းမှာ ကျင်းပတဲ့ ဒေါ်အောင်ဆန်းစုကြည်မွေးနေ့

"တော်လှန်မွေးနေ့ပါအမေ ၊ အမေအသက်ရှည်ကျန်းမာပါစေ၊ အမေစုနဲ့အတူ အကျဥ်းချခံနိုင်ငံရေးအကျဥ်းသားများလည်း လွတ်မြောက်ပါစေ၊ မင်းဘူးခရိုင် အမှတ် (၂)တပ်ရင်းမှရဲဘော်များလည်း အာဏာရှင်စနစ်အမြစ်ပြတ်သည်အထိ ဆက်လက်ချေမှုန်းတိုက်ပွဲဝင်သွားမည့်အကြောင်းသတင်းစကားပါးလိုပါတယ်"

မဟနအဖွဲ့ဝင် ပဲခူး၊ ဝင်းနိမ္မိတာရုံကျောင်းတိုက်ဆရာတော် လိုက်ပါလာတဲ့ကားကို စစ်တပ်ကပစ်လို့ ဆရာတော် ပျံလွန်တော်မူ (ရုပ်/သံ)

" ဆရာတော်ဟာ သံဃာ့နာယက ၄၇ ပါး စုံညီအစည်းအဝေးသွားဖို့ ပဲခူးကနေ ကြွသွားတာပါ။ လေဆိပ်ကအထွက်မှာ လုံခြုံရေးစစ်သားတွေက စစ်ဆေးဖို့ရပ်ခိုင်းပါတယ်။ ဆရာတော်ကိုလာကြိုတဲ့ကားသမားက သွားခိုင်းတယ်ထင်ပြီး မောင်းထွက်ချိန်မှာ အနောက်ကနေလိုက်ပစ်တာပါ။ ကားပေါ်မှာ ဆရာတော်ရယ်၊ ကားသမားရယ်၊ လာကြိုတဲ့ဆရာတော်တပါးရယ် ၃ ယောက်ပါပါတယ်”

ရှေ့တန်းတနေရာမှာ ပြုလုပ်ခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ပွဲ (ရုပ်/သံ)

အခမ်းအနားမှာ "ခွန်းအားဖြည့်မိငယ်"သီချင်းကိုသီဆိုတာ၊ ကဗျာရွတ်ဆိုတာ၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ အဖမ်းဆီးခံ ပြည်သူတွေ အမြန်ဆုံးလွတ်မြောက်ဖို့ဆုတောင်းခဲ့ကြတာအပြင် မြန်မာပြည်သူတွေ အမြန်ဆုံးလွတ်မြောက်ရမယ်လို့လည်း ကြွေးကြော်ခဲ့တယ်လို့ ဆိုပါတယ်။

ဒေါ်အောင်ဆန်းစုကြည် မွေးနေ့အထိမ်းအမှတ် အရာတော်နဲ့ မြင်းမူမှာ ပန်းသပိတ်နဲ့ ဓာတ်ပုံပြပွဲပြုလုပ်

စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်နဲ့ မြင်းမူမြို့နယ်မှာ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် မွေးနေ့အထိမ်းအမှတ်အဖြစ် သပိတ်အဖွဲ့ဝင်တွေနဲ့ ပြည်သူလူထုပူးပေါင်းပြီး ပန်းသပိတ်နဲ့ ဓာတ်ပုံပြပွဲ ပြုလုပ်ခဲ့ကြတယ်လို့ သပိတ်အဖွဲ့ဝင်တွေဆီက သိရပါတယ်။

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10