သတင်း

ပြည်သူ့စစ်တွေအတွက် ရိက္ခာပို့တဲ့စစ်ကြောင်း ဒရုန်းနဲ့ ဗုံးကြဲခံရ သေဆုံးဒဏ်ရာရသူများရှိ (ရုပ်/သံ)

"မှတ်တမ်းယူထားတာ မြင်ရတာတော့ ဒဏ်ရာရတဲ့စစ်သားတွေ ထမ်းပိုးသွားတာမြင်ရတယ်။ နယ်မြေရှင်းကြည့်တော့ သွေးကွက်တွေလည်းတွေ့တယ်။ ၂ ဦးသေပြီး ၁၁ ဦးလောက်ဒဏ်ရာရတယ်"

ကနီမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ မွေးနေ့အထိမ်းအမှတ် ညသပိတ် ပြုလုပ်(Photo News)

ကနီမြို့နယ် နွေဦးတော်လှန်ရေး သပိတ်အင်အားစုနဲ့ ပြည်သူတွေ ဦးဆောင်ပြီး မွေးနေ့ရှင် ဘေးကင်း ကျန်းမာစေဖို့ ဆုတောင်းရင်း DASSK 79 စာတန်းကို ဆီးမီးတွေနဲ့ ပုံဖော်ခဲ့တဲ့အပြင် “ ငါတို့သည် ဒေါ်အောင်ဆန်းစုကြည်များ” ဘန်နာစာတမ်း ကိုင်ဆောင်ကာ စစ်အာဏာရှင် စနစ်ဆန့်ကျင်ရေး ကြွေးကြော်သံတွေနဲ့ ပြုလုပ်ခဲ့ကြတာလို့ သိရပါတယ်။

ကြေးနီတွေ သယ်ဆောင်လာတဲ့ယာဉ်တန်း မိုင်းဆွဲခံရပြီး ၁၂ဘီးယာဉ်မောင်းသေဆုံးဟုဆို (ရုပ်/သံ)

"မိုင်းဆွဲတိုက်ခိုက်ရာမှာ ၇ စီးမြောက် နဲ့ ၈ စီးမြောက်ကားကိုထိမှန်ပြီး ကြေးနီကား ၁ စီးမှောက်သွားတယ်၊ ကားပေါ်မှာက လက်နက်ကိုင်လုံခြုံရေး ၃ ဦးနဲ့ ကားမောင်းတဲ့ဒရိုက်ဘာနဲ့ဆို ၄ ဦးပါတယ်၊ ဒဏ်ရာရတာက ၃ ဦးပါ၊ ကြေးနီကားကို မောင်းလာတဲ့ကားသမားကတော့ အဲ့ဒီနေရာမှာပဲ ဦးနှောက်ပွင့်ပြီးတော့ သေဆုံးသွားတယ်"

ဘုန်းကြီးမောင်းလာတဲ့ကား သစ်ပင်ဝင်တိုက်ပြီး ၅ ဦးဒဏ်ရာရ

"ဆိုင်ကယ်သမားက ကားလမ်းဘက်ခြမ်းဝင်လာလို့ ကားကရှောင်လိုက်တာ။ အရှိန်လည်းပါနေတော့ ရုတ်တရက်ဆိုတော့ လမ်းဘေးသစ်ပင်ဝင်တိုက်တာ။ ဖြစ်ချင်တော့သစ်ပင်မှာက နွားတကောင်ကို ချည်ထားတာ။ နွားကိုပါကားက တိုက်မိသွားတာ"

ဒေါ်အောင်ဆန်းစုကြည်မွေးနေ့အကြို ရံပုံငွေဘောလုံးပွဲ ဘန်ကောက်မှာ ပြုလုပ်

မွေးနေ့ပွဲအကြို အဖြစ် "အမေစုဖလား" လို့ အမည်ပေးထားတဲ့ ဘောလုံးပွဲကို ဇွန်လ ၁၆ ရက်က ဘန်ကောက်မြို့မှာ ပြုုလုပ်ခဲ့တာဖြစ်ပြီး အပြည်ပြည်ဆိုင်ရာ ပဲခူးတိုင်းအသင်း သူ/သားတွေ၊ နိုင်ငံရေးအင်အားစုတွေနဲ့ မြန်မာရွေ့ပြောင်းလုပ်သားတွေ စုစုပေါင်းအင်အား ၇၀၀ ခန့်တက်ရောက်ခဲ့ကြတယ်

ရေဦးမှာ စစ်တပ်ကပစ်တဲ့လက်နက်ကြီးထိလို့ အမျိုးသားတဦးသေဆုံး

အဲ့ဒီအမျိုးသားဟာ ဆေးခန်းကိုခေါ်သွားတဲ့လမ်းမှာ သေဆုံးခဲ့တာဖြစ်ပြီး အသက် ၁၉ နှစ်အရွယ် သူ့သမီးဖြစ်သူလည်း ခါးအောက်ပိုင်းမှာ မစိုးရိမ်ရဒဏ်ရာရခဲ့တဲ့အတွက် လက်ရှိအချိန်ထိ ဆေးကုသပေးနေရတယ်လို့ ဆိုပါတယ်။

နေရပ်မပြန်နိုင်သေးတဲ့ စစ်ရှောင် ၇၀၀၀ ကျော်အတွက် မြေနေရာအရေးပေါ်လိုအပ်နေ

"စစ်ရှောင်အများစုက ဘုန်းကြီးကျောင်း၊ ဓမ္မာရုံနဲ့ခရစ်ယာန်ကျောင်းတွေမှာနေကြတာ။ နေလာတာလည်း ကြာလာတော့ လက်ခံထားနေရာက သူတွေအတွက်ကလည်းအဆင်မပြေ၊ အချို့နေရာတွေဆို အမိုးအကာမလုံတော့အဆင်မပြေ။ အိမ်ငှားနေရတဲ့သူတွေအတွက်ကလည်း ငှားခ စျေးကြီးတော့ ရေရှည်အတွက်အဆင်မပြေတာတွေဖြစ်လာတာ"

ဒေါ်အောင်ဆန်းစုကြည် မွေးနေ့အကြို Zero ပြောက်ကျားတပ်မှ ခမောက် ၃၅ လုံး နှင်းဆီအပွင့် ၅၀၀ ကျော်ဖြင့်ဂုဏ်ပြု (ရုပ်/သံ)

၂၀၂၄ ခုနှစ် ဇွန်လ ၁၉ ရက်မှာ ကျရောက်မယ့် ဒေါ်အောင်ဆန်းစုကြည် အသက် ၇၉ နှစ်ပြည့် မွေးနေ့ကို မြင်းခြံခရိုင် Zero ပြောက်ကျားတပ်မဟာ တပ်ရင်း ၇ က ခမောက် ၃၅ လုံး နှင်းဆီပန်း အပွင့် ၅၀၀ ကျော်ဖြင့် မွေးနေ့အကြို အခမ်းအနားပြုလုပ်ကာ ဂုဏ်ပြုခဲ့ကြပါတယ်။

ပဲခူးအနောက်ခြမ်းမှာ စစ်တပ်သတင်းပေး ၂ ဦး ဆက်တိုက်ရှင်းလင်းခံရ

နတ်တလင်းမြို့နယ် အရှေ့ဘက် အောင်သုခရွာက အသက် ၃၀ နှစ်ဝန်းကျင် ကိုခင်မောင်ဌေးကို ဇွန် ၁၆ ရက် ည ၁၀ နာရီခန့်က ဒေသအခေါ် လိပ်ပေါ်အိုင်ကုန်းမှာ သတ်ခဲ့ပြီး ပေါက်ခေါင်းမြို့နယ် တောင်လယ်ရွာက အသက် ၅၅ နှစ်အရွယ် ဗိုလ်ဝင်းကို ဇွန် ၁၅ ရက် မွန်းလွဲ ၂ နာရီလောက်က သူ့ရဲ့ နေအိမ်မှာ သေနတ်နဲ့ ပစ်သတ်ခဲ့တာလို့ ဆိုပါတယ်။

ကျဆုံးရဲဘော် ၃ ဦးရဲ့ ၂ နှစ်ပြည့်အမှတ်တရအဖြစ် ဂူဗိမာန်ကိုသွားရောက် ဂါရဝပြု

"ရဲဘော် ၃ ဦးက တပြိုင်တည်း ကျဆုံးခဲ့တာပါ။ ကျနော်တို့ မိုင်းဆွဲတိုက်ခိုက်ရာမှာ လက်နက်ကြီးနဲ့ ကောင်တာပြန်တာခံရပြီး ထိမှန်တယ်။ ဖမ်းဆီးမိပြီးတော့ အသတ်ခံရတာဖြစ်ပါတယ်"

ဆားလင်းကြီးက စစ်ရှောင်အမျိုးသမီးတွေကို လစဥ်သုံးနဲ့ ငွေသားထောက်ပံ့

ကိုယ်ဝန်ဆောင်၊ လက်နက်ကြီးထိမှန်ဒဏ်ရာရရှိထားသူ၊ စစ်ကောင်စီလက်ချက်နဲ့ သေဆုံးခဲ့တဲ့ အမျိုးသမီးတွေရဲ့ မိသားစုဝင်အပါအဝင် စုစုပေါင်း ၂၆ ဦးအတွက် ၁ ဦးကို ၅ သောင်းနှုန်းနဲ့ ငွေကျပ် ၁၃ သိန်း ထောက်ပံ့ခဲ့တာလို့ ဆိုပါတယ်။

ဒေါ်အောင်ဆန်းစုကြည်မွေးနေ့မတိုင်ခင် မန္တလေးမှာ စစ်တပ်က လုံခြုံရေးတင်းကျပ်

ဇွန် ၁၉ ရက်ဟာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ မွေးနေ့ဖြစ်ပြီး မွေးနေ့အထိမ်းအမှတ်အနေနဲ့ ဖောက်ခွဲမှုတွေပြုလုပ်မှာကို စိုးရိမ်နေတာကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ ပြည်သူ့စစ်နဲ့ ပူးပေါင်းပြီး နေရာစုံကို ကင်းပုံးတွေလည်းချထားသလို မန္တလေးမြို့ပေါ်က နေရာတွေကို စစ်တပ်က တင်းကျပ်စွာပိတ်ဆို့ စစ်ဆေးတာတွေလည်းပြုလုပ်နေတယ်လို့ မြို့ခံတွေက ပြောပါတယ်။

ဒေါ်အောင်ဆန်းစုကြည်မွေးနေ့အကြို သပိတ်လှုပ်ရှားမှု ကလေးမြို့မှာ ပြုလုပ် (Photo News)

စစ်ကိုင်းတိုင်း၊ ကလေးမြို့တနေရာမှာ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ (၇၉)နှစ်ပြည့်မွေးနေ့အထိမ်းအမှတ်အကြို ပန်းသပိတ်ကို ပြုလုပ်ခဲ့ကြတယ်လို့ သပိတ်ကော်မတီဝင်တွေဆီက သိရပါတယ်။

စဉ့်ကူးနယ်မှာ စစ်တပ်က နယ်မြေစိုးမိုးဖို့ ကြိုးစားနေတာကြောင့် ဒေသခံတချို့ နေရပ်မပြန်နိုင်သေး (ရုပ်/သံ)

မန္တလေးတိုင်း၊ စဉ့်ကူးမြို့နယ်၊ တရော်ပင်ကျေးရွာကို စစ်တပ်က မီးရှို့ခဲ့ပြီးနောက် ထပ်မံဝင်ရောက်ဖို့ကြိုးစား နေတာကြောင့် ဒေသခံတွေဟာ ၃ ရက်ကြာတဲ့အထိ ရွာထဲပြန်မဝင်ရသေးဘဲ တိမ်းရှောင်နေရတယ်လို့ စဉ့်ကူးမြို့နယ်ပကဖထံက နေသိရပါတယ်။

စဉ့်ကူးနယ်မှာ စစ်တပ်က နယ်မြေစိုးမိုးဖို့ ကြိုးစားနေတာကြောင့် ဒေသခံတချို့ နေရပ်မပြန်နိုင်သေး

"တရော်ပင်ကို သူတို့(စစ်တပ်) နယ်မြေစိုးမိုးမှုယူချင်တာ။ ယူလို့မရသေးလို့ နောက်ပြန်ဆုတ်လိုက်၊ ပြန်တိုးလိုက်နဲ့ အပြည့်အဝတော့ နယ်မြေမငြိမ်သေးဘူး "

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10