သတင်းတို

စစ်ကောင်စီအောက်မဝင်ချင်လို့ MBT တပ်ဖွဲ့ထဲရောက်လာတဲ့ တပ်သား ၅၀ကို စစ်သင်တန်းစပေး (ရုပ်/သံ)

သင်တန်းသားတွေမှာ ကွန်ပျူတာနည်းပညာ ကျွမ်းကျင်သူတွေ၊ စက်မှုပိုင်း နာလည်းတတ် ကျွမ်းသူတွေ၊ ပန်းရံဆရာ၊ သံထည်ပစ္စည်းထုတ်လုပ်တဲ့ဆရာတွေ၊ ကျောင်းသားလူငယ်တွေ၊ နိုင်ငံရပ်ခြားမသွားရတော့တဲ့သူတွေ စတဲ့အလွှာပေါင်းစုံက လူငယ်တွေ ပါတော်လှန်ရေးတပ်ဖွဲ့ထဲကို ဝင်ရောက်လာကြတယ်လို့ သိရပါတယ်။

မြောက်ခင်ရန်းမှာ YDF ရဲဘော် ၂ ဦး မီးရှို့သတ်ခံရတာကို မကျေနပ်လို့ တောင်ကိုရီးယားမှာ ဝတ်ပြုဆုတောင်းဆန္ဒပြ"(ရုပ်/သံ)

ရဲဘော်၂ဦး အရှင်လတ်လတ်မီးရှို့သတ်ခံရတာကို မကျေနပ်လို့ Global Yaw Funding Korea အဖွဲ့က ဦးဆောင်ကာ ကိုရီးယားနိုင်ငံအတွင်း နိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေ၊ ထောက်ပို့ရဲဘော်တွေနဲ့ ကိုရီးယားနိုင်ငံရောက် ယောသူယောသားတွေ ပူးပေါင်းကာ မတ်လ၃ရက်က ကိုရီးယားစံတော်ချိန် နေ့လည် ၁ နာရီခန့်မှာ ဆန္ဒထုတ်ဖော်ခဲ့ကြတယ်လို့ ဆိုပါတယ်။

ကား ၄ စီး မိုင်းဆွဲခံရပြီး စစ်သား ၆ ဦးသေဆုံးဟုဆို

မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ နွားထိုးကြီးမြို့နယ်၊ နနွန်းတော်ဘို့ကျေးရွာက စစ်ကောင်စီအင်အား ၄၀ ခန့်လိုက်ပါလာတဲ့ကား ၄ စီးကို နနွင်းတော်ဘို့ရွာရဲ့တောင်ဘက် ရထားလမ်းပိုင်းမှာ ဒေသကာကွယ်ရေးပူးပေါင်းအဖွဲ့တွေက မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ Myingyan Black Tiger(MBT) အဖွဲ့ဆီက သိရပါတယ်။

ဖောင်းပြင်က ရှေ့တန်းရဲဘော်တွေရဲ့ ခေါင်းစဥ်မရှိတဲ့သီချင်း (ရုပ်/သံ)

“သီချင်းက ဒီတိုင်းပဲ စပ်ဆိုထားကြတာ၊ ခေါင်းစဉ်တောင် ပေးမထားကြဘူး။ ဝိုင်းပြီးတော့ စပ်ကြတာပေါ့။”

တန့်ဆည်မှာ ပြည်သူ ၁၁ ဦးကို အပိုင်းပိုင်းခုတ်ဖြတ်ပြီး လှောင်ပြောင်ခဲ့တဲ့ စစ်ကောင်စီစစ်ကြောင်း (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ်ထဲက ကျေးရွာတွေမှာ စစ်ကောင်စီက ရပ်ကျေး ပကဖနဲ့ ပအဖ တာဝန်ခံ ၂ ဦး အပါအဝင် ပြည်သူ ၁၁ ဦးကို အပိုင်းပိုင်းခုတ်ကာ သတ်ဖြတ်ခဲ့ပြီး ခန္ဓာကိုယ်အစိတ်အပိုင်းတွေကိုလည်း လှောင်ပြောင်စရာတွေ ပြုလုပ်ထားခဲ့တယ်လို့ သိရပါတယ်။

အုတ်ဖိုမှာ ရဲနဲ့ပျူစောထီးတွေကိုရှင်းလင်းရာ ရဲတဦးသေ၊ ပြည်သူတဦးပါသေဆုံးခဲ့လို့ မြေအောက်ပြောက်ကျားအဖွဲ့ တောင်းပန်

ပျူစောထီးလို့ ကနဦးသိထားရတဲ့ သေဆုံးသူတဦးမှာ သာမန်ပြည်သူတဦးဖြစ်တဲ့အတွက် လွန်စွာစိတ်မကောင်းဖြစ်ရပြီး ကျန်ရစ်သူမိသားစုဝင်တွေကို အနူးအညွတ်တောင်းပန်ပါတယ်လို့ မြေအောက်ပြောက်ကျားတပ်ဖွဲ့က ထုတ်ပြန်ပါတယ်။

ဝေါမြို့နယ်က ကျေးရွာတွေမှာ ပြည်သူ့စစ်မဲနှိုက်ရာ အခြေခံလူတန်းစားတွေပဲမဲပေါက်နေလို့ မကျေနပ်ဖြစ်နေကြ

"မဲတွေက ဘယ်လိုလုပ်ပြီး နှိုက်ခိုင်းနေလဲတော့ မသိရဘူး။ အခြေခံလူတန်းစားတွေပဲ ပေါက်နေတော့ လာပြောကြတယ်။ သူတို့လူတွေက တယောက်မှမပါတော့ ကျန်တဲ့သူတွေက မကျေနပ်ကြဘူး။ သူတို့ မတရားတာ သိနေပေမယ့် ပြည်သူတွေမှာ ခေါင်းငုံ့ခံနေရတယ်"

အုတ်ဖိုက ရဲနဲ့ ပျူစောထီးဆိုသူ ၂ ဦး ရှင်းလင်းခံရ

ပဲခူးတိုင်းအနောက်ခြမ်း၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်က ရဲတပ်ဖွဲ့ဝင်တွေနဲ့ ပျူစောထီးဆိုသူတွေကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက တိုက်ခိုက်ခဲ့ရာ ရဲတဦးနဲ့ ပျူစောထီးတဦးသေကာ ရဲတဦး ထိခိုက်ဒဏ်ရာရသွားတယ်လို့ မြေအောက်ပြောက်ကျားတပ်ဖွဲ့ - အုတ်ဖိုက သတင်းထုတ်ပြန်ထားပါတယ်။

ဂန့်ဂေါနယ်မှာ PDF တပ်ရင်း ၂၁ ရင်းကို Global Yaw Funding က ချပ်ဝတ်တန်ဆာ အစုံ ၁၆၀ ထောက်ပံ့ပေး

"Equipment က ရဲဘော်တွေ ထိခိုက်ဒဏ်ရာရတာ နည်းနိုင်သမျှနည်းအောင် ထောက်ပံ့ပေးတာပါ။ ကျည်ကာပေးဖို့လည်း ကြိုးစားနေပါတယ်"

မြိုင်စီမံကိန်းရုံးနဲ့ တရားရုံးမှာ တိုက်ပွဲဖြစ် ဒုရဲအုပ်နဲ့ ရဲတဦးသေဆုံး (ရုပ်/သံ)

မတ် ၂ ရက် မနက် ၈ နာရီ ၁၅ မိနစ်လောက်မှာ ကာကွယ်ရေးအဖွဲ့တွေခွဲပြီး စီမံကိန်းရုံးနဲ့ တရားရုံးကို ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ရာမှာ စီမံကိန်းရုံးထိတွေ့တိုက်ပွဲမှာ ဒုရဲအုပ် ၁ ယောက်နဲ့ ရဲ ၁ ယောက်သေဆုံးပြီး ပျူနဲ့ စစ်သား ၅ ဦးဒဏ်ရာရတယ်လို့ သိရပါတယ်။

ကျောက်ကြီးမှာ စစ်တပ်ကပစ်တဲ့လက်နက်ကြီးထိလို့ ပြည်သူ ၂ ဦးသေ၊ ၅ ဦးဒဏ်ရာ

"ဒီတလောမှာ စကစဘက်က အင်အားအများအပြားနဲ့ ထိုးစစ်ဆင်လာတာရော၊ ခရီးသည်တင် လေယာဥ်တွေနဲ့ ဗုံးပစ်ချတာတွေရော ဆက်တိုက်လုပ်လာတာ။ ဒေသခံတွေကတော့ ကြားထဲက ထိခိုက်သေဆုံးတာ အိုးအိမ်ပျက်စီးတာတွေရှိတယ်"

တန့်ဆည်မှာ ရပ်ကျေး ပကဖ၊ ပအဖ ၂ ဦးအပါ ပြည်သူ ၁၁ ဦးကို စစ်တပ်က အပိုင်းပိုင်းခုတ် သတ်ဖြတ်

“ရပ်ကျေး တာဝန်ခံ ၂ ဦးကလွဲရင် ကျန်တာ လက်လုပ်လက်စား ပြည်သူတွေပါ။ ဖမ်းထားတဲ့ အကျဉ်းသားတွေပါမချန် ရက်ရက်စက်စက် သတ်သွားတာ။ ပြည်သူတွေကိုလည်း PDF လို့ ခေါင်းစဉ်တပ်ပြီး ခုတ်ထစ် သတ်ဖြတ်နေတာ။”

ပျူစောထီးခေါင်းဆောင်အုပ်ချုပ်ရေးမှူးကို ပစ်ခတ်ရှင်းလင်းချိန် လက်ပစ်ဗုံးနဲ့ပြန်ပစ်လို့ PDF ၁ ဦး သေဆုံး

“ဒဏ်ရာရ ရဲဘော်တယောက်ရဲ့ ပေါင်ကိုထိတယ်။ ရဲဘော်ရောင်ခြည်ကတော့ ခြေထောက်နှစ်ဘက်လုံး ထိသွားပြီး နို့အုံရဲ့ အပေါ်တချက်၊ အောက်တချက်မှာ အပေါက်ကလေးတွေ တွေ့ရတယ်။ တပ်ဖွဲ့ ဆေးခန်းအရောက်မှာ ကျဆုံးခဲ့တာ“

ပြည်မြို မှာ မီးလောင်လို့ နေအိမ် ၅ လုံးပျက်စီး

ပဲခူးတိုင်းအနောက်ခြမ်း၊ ပြည်မြို့မှာ မတ်လ ၃ ရက် မနက် ၁၀ နာရီ‌လောက်က မီးလောင်မှုဖြစ်ပြီး နေအိမ် ၅ လုံး ပျက်စီးသွားတယ်လို့ သိရပါတယ်။

PDF တွေ မြို့ကိုတက်သိမ်းမယ်လို့ သတင်းတွေထွက်ပြီးနောက် စစ်တပ်က ကျေးလက် လမ်းပိုင်းတွေကို ဖျက်ဆီး

အခုဖျက်ဆီးခဲ့တဲ့ လမ်းပိုင်းဟာ မြို့ပေါ်ကိုအလွယ်တကူ သွားနိုင်တဲ့လမ်းဖြစ်တာကြောင့် လက်ရှိမှာ ဒေသခံတွေက မြို့ပေါ်ကိုသွားမယ်ဆိုရင် အခြားလမ်းပိုင်းတွေကပတ်ပြီးသွားရတာကြောင့် အချိန်ကြန့်ကြာပြီး သွားလာရေးအတွက် ငွေကြေးကုန်ကျမှုတွေလည်း ပိုများတယ်လို့ ဆိုပါတယ်။

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10