ရေဦးမှာ စစ်တပ်ကပစ်တဲ့လက်နက်ကြီးထိလို့ အမျိုးသားတဦးသေဆုံး
အဲ့ဒီအမျိုးသားဟာ ဆေးခန်းကိုခေါ်သွားတဲ့လမ်းမှာ သေဆုံးခဲ့တာဖြစ်ပြီး အသက် ၁၉ နှစ်အရွယ် သူ့သမီးဖြစ်သူလည်း ခါးအောက်ပိုင်းမှာ မစိုးရိမ်ရဒဏ်ရာရခဲ့တဲ့အတွက် လက်ရှိအချိန်ထိ ဆေးကုသပေးနေရတယ်လို့ ဆိုပါတယ်။
အဲ့ဒီအမျိုးသားဟာ ဆေးခန်းကိုခေါ်သွားတဲ့လမ်းမှာ သေဆုံးခဲ့တာဖြစ်ပြီး အသက် ၁၉ နှစ်အရွယ် သူ့သမီးဖြစ်သူလည်း ခါးအောက်ပိုင်းမှာ မစိုးရိမ်ရဒဏ်ရာရခဲ့တဲ့အတွက် လက်ရှိအချိန်ထိ ဆေးကုသပေးနေရတယ်လို့ ဆိုပါတယ်။
"စစ်ရှောင်အများစုက ဘုန်းကြီးကျောင်း၊ ဓမ္မာရုံနဲ့ခရစ်ယာန်ကျောင်းတွေမှာနေကြတာ။ နေလာတာလည်း ကြာလာတော့ လက်ခံထားနေရာက သူတွေအတွက်ကလည်းအဆင်မပြေ၊ အချို့နေရာတွေဆို အမိုးအကာမလုံတော့အဆင်မပြေ။ အိမ်ငှားနေရတဲ့သူတွေအတွက်ကလည်း ငှားခ စျေးကြီးတော့ ရေရှည်အတွက်အဆင်မပြေတာတွေဖြစ်လာတာ"
၂၀၂၄ ခုနှစ် ဇွန်လ ၁၉ ရက်မှာ ကျရောက်မယ့် ဒေါ်အောင်ဆန်းစုကြည် အသက် ၇၉ နှစ်ပြည့် မွေးနေ့ကို မြင်းခြံခရိုင် Zero ပြောက်ကျားတပ်မဟာ တပ်ရင်း ၇ က ခမောက် ၃၅ လုံး နှင်းဆီပန်း အပွင့် ၅၀၀ ကျော်ဖြင့် မွေးနေ့အကြို အခမ်းအနားပြုလုပ်ကာ ဂုဏ်ပြုခဲ့ကြပါတယ်။
ကိုယ်ဝန်ဆောင်၊ လက်နက်ကြီးထိမှန်ဒဏ်ရာရရှိထားသူ၊ စစ်ကောင်စီလက်ချက်နဲ့ သေဆုံးခဲ့တဲ့ အမျိုးသမီးတွေရဲ့ မိသားစုဝင်အပါအဝင် စုစုပေါင်း ၂၆ ဦးအတွက် ၁ ဦးကို ၅ သောင်းနှုန်းနဲ့ ငွေကျပ် ၁၃ သိန်း ထောက်ပံ့ခဲ့တာလို့ ဆိုပါတယ်။
ဇွန် ၁၉ ရက်ဟာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ မွေးနေ့ဖြစ်ပြီး မွေးနေ့အထိမ်းအမှတ်အနေနဲ့ ဖောက်ခွဲမှုတွေပြုလုပ်မှာကို စိုးရိမ်နေတာကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ ပြည်သူ့စစ်နဲ့ ပူးပေါင်းပြီး နေရာစုံကို ကင်းပုံးတွေလည်းချထားသလို မန္တလေးမြို့ပေါ်က နေရာတွေကို စစ်တပ်က တင်းကျပ်စွာပိတ်ဆို့ စစ်ဆေးတာတွေလည်းပြုလုပ်နေတယ်လို့ မြို့ခံတွေက ပြောပါတယ်။
စစ်ကိုင်းတိုင်း၊ ကလေးမြို့တနေရာမှာ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ (၇၉)နှစ်ပြည့်မွေးနေ့အထိမ်းအမှတ်အကြို ပန်းသပိတ်ကို ပြုလုပ်ခဲ့ကြတယ်လို့ သပိတ်ကော်မတီဝင်တွေဆီက သိရပါတယ်။
မန္တလေးတိုင်း၊ စဉ့်ကူးမြို့နယ်၊ တရော်ပင်ကျေးရွာကို စစ်တပ်က မီးရှို့ခဲ့ပြီးနောက် ထပ်မံဝင်ရောက်ဖို့ကြိုးစား နေတာကြောင့် ဒေသခံတွေဟာ ၃ ရက်ကြာတဲ့အထိ ရွာထဲပြန်မဝင်ရသေးဘဲ တိမ်းရှောင်နေရတယ်လို့ စဉ့်ကူးမြို့နယ်ပကဖထံက နေသိရပါတယ်။
"တရော်ပင်ကို သူတို့(စစ်တပ်) နယ်မြေစိုးမိုးမှုယူချင်တာ။ ယူလို့မရသေးလို့ နောက်ပြန်ဆုတ်လိုက်၊ ပြန်တိုးလိုက်နဲ့ အပြည့်အဝတော့ နယ်မြေမငြိမ်သေးဘူး "
“ ကန်တော်နဲ့ ၁ မိုင်ခွဲလောက်ဝေးတဲ့ ကံရပ်ကြီးဘုန်းကြီးကျောင်းရဲ့ခေါင်းရင်းမှာ သေဆုံးတဲ့ စစ်သား အလောင်း ၂ လောင်းကို မြှုပ်ထားခဲ့တာတွေ့ရတယ်။ ဒရုန်းဗုံးချတာမှာ ဗုံးစထိပြီးသေတဲ့ကောင်တွေကို ဝင်မြှုပ်သွားတာလို့သိရတယ် ”
သရက်ကွရွာအတွင်းမှာ ပျူစောထီးအင်အား ၆၀ ခန့်ရှိပြီး ဒီနေ့ မနက် ၁၀ နာရီလောက်ကနေ နေ့လယ် ၁၂ နာရီကျော်အထိ ဒရုန်းနဲ့ ဗုံးကြချခဲ့တာလို့ Ghost Of Enemies - GOE Revolution Force ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။
"အရှိန်များပြီး စလစ်ဖြစ်မှောက်တာလို့တော့ သိရတယ်။ ကံကောင်းတာက တယောက်မှ မသေသွားဘူး။ ယာဥ်မောင်းတယောက်ပဲ စိုးရိမ်ရတယ်"
စစ်တပ်နဲ့ပေါင်းသွားတဲ့ YOMA GBK PDF တပ်ဖွဲ့ဝင်ဟောင်း စလိုင်း(ခ)လိုင်းယွန်းဦးဆောင်တဲ့ အင်အား ၉၀ ပါ စစ်ကောင်စီစစ်ကြောင်းနဲ့ တော်လှန်အင်အားစုပူးပေါင်းတပ်ဖွဲ့တွေဟာ အုတ်ဖိုမြို့နယ်၊ ပဲခူးရိုးမတောင်ခြေမှာ ဇွန် ၁၂ ရက်ကနေ ၁၅ ရက်အထိ ၄ ရက်တာ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ YOMA GBK PDF တပ်ခွဲမှူး ကိုကရင်လေးက ပြောပါတယ်။
"ပြည်သူတွေ သတင်းပေးလို့ ဝင်ဖမ်းတာ။ စကစအဖွဲ့တွေကလည်း ကစားနေသူတွေကြားထဲ ရောနေတာဆိုတော့ ပစ်ခတ်ဝင်လို့အဆင်မပြေတာကြောင့် သေနတ်မိုးပေါ်ထောင်ဖောက်လိုက်တာ။ အဲ့အချိန် အကုန်ထွက်ပြေးကြတာ။ စကစနဲ့ပြည်သူစစ်အဖွဲ့တွေရောပဲ။ သူတို့ပြေးလို့ ခပ်လှမ်းလှမ်း ရောက်မှ ကျနော်တို့ဘက်ကို ပြန်လှည့်ပစ်တာ။ အဲဒီတော့ ကျနော်တို့ဘက်ကလည်း ပြန်ပစ်ရတာ"
“စစ်တပ်က လာဝိုင်းတာ၊ ရဲဘော်တွေက စစ်တပ်တက်လာတာကိုမြင်ပြီးတော့ အပြန်အလှန် ပစ်ခတ်ကြတယ်။ စစ်တပ်ဘက်က လက်နက်ကြီးသမားကို အရင်မှန်တာ၊ ဒုတိယတဦးက လက်ကိုမှန်တော့ ပြတ်သွားတယ်။ နောက်တဦးက စိုင်ကောင်းစခန်းရောက်တော့ ထပ်သေတယ်”
"သူကတပ်ပြေးအမှုအပြင် စကစ ၃ ယောက်ကို ဓားနဲ့ခုတ်မှုနဲ့ စကစဘက်က သူ့ကိုပစ်မိန့်ပေးထားတာ။ သူက ရှောင်ပြေးနေတာကြာပြီ။ သူအိမ်ပြန်ရောက်နေတာကို တစ်ယောက်ယောက်က သတင်းပေးလိုက်လို့ နေမယ်။ စကစအဖွဲ့က ရောက်လာပြီး ဝိုင်းပစ်သတ်သွားတာ"