စစ်ကောင်စီတပ်က ခင်ဦးဒေသခံ ၂ ဦးကိုသတ်ဖြတ်ပြီး ၁ ဦးကို ဖမ်းဆီးသွား
"စကစကရွာထဲဝင်ပြီး အိမ်တလုံးကို မီးရှို့တယ်။ အဲ့အိမ်က လင်မယား ၂ ယောက်ကို ဖမ်းပြီးတော့ မယားကို လယ်ပြင်မှာ ပစ်သတ်ထားခဲ့တယ်။ လင်ကိုတော့ ဖမ်းခေါ်သွားတယ်"
"စကစကရွာထဲဝင်ပြီး အိမ်တလုံးကို မီးရှို့တယ်။ အဲ့အိမ်က လင်မယား ၂ ယောက်ကို ဖမ်းပြီးတော့ မယားကို လယ်ပြင်မှာ ပစ်သတ်ထားခဲ့တယ်။ လင်ကိုတော့ ဖမ်းခေါ်သွားတယ်"
"ရေက ရွာထဲမှာ လူတရပ်နီးပါးရှိနေတယ်။ အပြင်ထွက်လို့လည်းမရ စားစရာနဲ့ရေလည်း မရှိဖြစ်နေတယ်"
"၇ နာရီကနေ ၈ နာရီအထိ ပေါက်ပေါက်ဖောက်သလိုကို ပစ်တာပဲ။ မနားဘူး။ နှစ်ဖက်ကြား ကန်ပစ်(အပြန်အလှန်ပစ်) ကြတာ"
အရှေ့အလယ်ပိုင်းဒေသမှာ လတ်တလောဖြစ်ပေါ်နေတဲ့ တိုက်ခိုက်မှုအခြေအနေတွေအပေါ် စိုးရိမ်မကင်းဖြစ်မိတယ်လို့ စစ်ကောင်စီနိုင်ငံခြားရေးဌာနက ဒီနေ့ အောက်တိုဘာ ၁၁ ရက် မနက်ပိုင်းမှာ ထုတ်ပြန်ပါတယ်။
"စစ်ကိုင်းကနေ သာလိုင်းအထိတလျှောက်လုံးကို သူတို့က လုံခြုံရေးပေးမထားနိုင်တော့ ကျနော်တို့ဘက်ကလည်း လစ်ရင်လစ်သလို အခွင့်အရေးရရင်ရသလို ရထားလမ်းဖြတ်တောက်တာတွေ လုပ်ထားတာတွေရှိတယ်"
အဂတိကျော်ဇောမှုနဲ့ ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ ဒုဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းနဲ့ ဗိုလ်မှူးချုပ် ရန်နောင်စိုးတို့ကို ထောင်ဒဏ်နှစ် နှစ်ဆယ်ကာလနဲ့ ညီမျှတဲ့ တသက်တကျွန်းပြစ်ဒဏ်ချမှတ်တယ်လို့ စစ်တပ်ပိုင်မြဝတီမီဒီယာမှာ အောက်တိုဘာ ၁၀ ရက် ညပိုင်းမှာ ထုတ်ပြန်လိုက်ပါတယ်။
အဂတိကျော်ဇောမှုနဲ့ ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ ဒုဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းနဲ့ ဗိုလ်မှူးချုပ် ရန်နောင်စိုးတို့ကို ထောင်ဒဏ်နှစ် နှစ်ဆယ်ကာလနဲ့ ညီမျှတဲ့ တသက်တကျွန်းပြစ်ဒဏ်ချမှတ်တယ်လို့ စစ်တပ်ပိုင်မြဝတီမီဒီယာမှာ ဒီနေ့ အောက်တိုဘာ ၁၀ ရက် ညပိုင်းမှာ ထုတ်ပြန်လာပါတယ်။
နှစ်ပေါင်း ၅၀ အတွင်း အဆိုးရွားဆုံးလို့ဆိုနိုင်တဲ့ ပဲခူးမြို့ရေကြီးမှုဖြစ်စဉ်နဲ့ပတ်သက်လို့ ဒီနေ့ အောက်တိုဘာ ၁၀ ရက် ညနေ ၄ နာရီအထိ စုံစမ်းမေးမြန်းရသမျှတွေကို မြေလတ်အသံသတင်းဌာနက စုစည်းဖော်ပြပေးမှာပါ။
“ရိတ်ကာနီးစပါးတွေလဲတာ။ မိုးကလည်းတစိမ့်စိမ့်နဲ့ တပတ်လောက်ရွာတာလေ။ သယ်ရပြုရတာနဲ့ အလုပ်တွေ ပိုရှုပ်ပြီး ကုန်ကျစရိတ်များသွားတာပေါ့။ ဒီနေ့လည်း မိုးရွာနေလို့ စပါးရိတ်တာကို နားထားရတယ်”
အောက်တိုဘာ ၁၀ ရက် ဒီနေ့မနက်ပိုင်းက အင်အား ၃၀ ခန့်ရှိ စစ်ကောင်စီတပ်ဟာ သုံးဆင့်ကန်ဘူတာနဲ့ ၂ မိုင်ခန့်ဝေးတဲ့ ရုံးသာကျေးရွာကို ပစ်ခတ်ဝင်ရောက်ခဲ့လို့ အသက် ၄၀ ဝန်းကျင် အမျိုးသမီးတဦး ပေါင်ကို ကျည်ထိမှန်ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။
ယာကြီးပြင်ကျေးရွာမှာ ရောက်နေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် ၇၀ လောက်ကိုလာကြိုတဲ့ စစ်ကား ၅ စီးကို အောက်တိုဘာ ၉ ရက် မနက် ၁၁ နာရီခွဲခန့် အင်းတောတောင်ရွာ အထွက်အရောက်မှာ ပစ်ခတ်တိုက်ခိုက်ခဲ့တာလို့ မြိုင်မြို့နယ် ပကဖတာဝန်ခံ ဗိုလ်လက်ယာက ပြောပါတယ်။
"တိုက်နေတဲ့ ၂ နာရီလောက် ကြာလာတဲ့အချိန်မှာ လေယာဉ်ပစ်ကူရောက်လာပြီး ကြဲတာ။ နမခက တက်လာတဲ့ Mi 35 နဲ့ လာပစ်ကူတာ။ ပြန်မဆုတ်ဘဲ ဆက်တိုက်တာ စခန်းသိမ်းလိုက်နိုင်တယ်"
"အနီးကပ်ဆွဲတိုက်ခိုက်တာဖြစ်လို့ စကစ ၁၀ ကောင်လဲသွားတာကို မြင်ခဲ့ရတယ်။ နောက်ထပ်လည်း ဒဏ်ရာရ၊ သေဆုံးသူတွေရှိနိုင်တယ်"
"တိုက်ခိုက်ပြီးတဲ့အချိန်မှာ သေတဲ့စကစတွေရဲ့ သေနတ်ကို ကောက်ဖို့သွားတာ။ အဲ့ဒီမှာ နောက်ထပ်ကားတစီးရောက်လာပြီးတော့ ပစ်ခတ်လို့ သေနတ်တွေကိုမကောက်နိုင်ခဲ့ဘူး။ သေတာကို မျက်မြင်တွေ့ခဲ့တာ"
"ကိုင်းကျေးရွာဘက်ကို ရောက်လာတဲ့ စစ်ကြောင်းကနေ ဒီမနက် LPDF စခန်းကို ဝင်စီးမိသွားတာ။ လက်ရှိအခြေနေကတော့ ရှုပ်နေသေးတယ်။ စစ်ကြောင်းကလည်း ရှိနေသေးတယ်"