စစ်ကောင်စီက ဒေသခံနေအိမ် ၂၃ လုံးကို မီးရှို့သွားတဲ့အပြင် နင်းမိုင်းတွေပါ ထောင်သွား
"နေအိမ်တွေကတော့ မီးလောင်လို့ တော်တော်ပျက်စီးနေတယ်။ နင်းမိုင်းတွေလည်း စကစ ဘက်က ထောင်ထားလို့ ရှင်းလင်းနေရတယ်"
"နေအိမ်တွေကတော့ မီးလောင်လို့ တော်တော်ပျက်စီးနေတယ်။ နင်းမိုင်းတွေလည်း စကစ ဘက်က ထောင်ထားလို့ ရှင်းလင်းနေရတယ်"
“ကိုအေးနိုင်က လွတ်သွားတယ် ရှာလို့မတွေ့ဘူး။ သူ့မိန်းမကိုအိမ်မှာဖမ်းပြီး သူ့သားလေးကိုလည်းကျောင်းအထိလိုက်သွားပြီး ဖမ်းခေါ်သွားတာ"
"ကျနော်တို့က လက်ဦးမှုယူပြီး ပစ်တာ။ စကစဘက်ကလည်း ပြန်ပစ်တယ်။ သူတို့ဘက်က စက်လတ်တွေ ပါတယ်။ ပစ်ဖို့သွားတဲ့အချိန်မှာ စကစတွေမှာ သေနတ် ၁ လက်၊ ၂ လက်ပါတယ်ဆိုပြီး သွားပစ်တာ။ ဒါပေမဲ့ သူတို့ဆီမှာ လက်နက်အပြည့်အစုံပါတယ်။ စစ်ကူတွေလည်း ချက်ချင်းပဲရောက်လာတယ်။ ကျနော်တို့ မျက်မြင်ကတော့ ၄ ကောင်သေတယ်။ ဒဏ်ရာရပြီး သေတဲ့အကောင်တွေလည်းရှိနိုင် သေးတယ်"
တအိမ်ကို ဆန် ၄ ပြည်၊ ဆီ ၁ ပိဿာ၊ ကုလားပဲ ၅ ဗူးနဲ့ အိမ်ခြေ ၅၇၅ အိမ်ကို ထောက်ပံ့ခဲ့တာလို့ စစ်ရှောင်ထောက်ပံ့ရေး အဖွဲ့ဝင်တဦးက ပြောပါတယ်။
" ပြည်သူတွေရဲ့လုံခြုံရေးအတွက် ကားလမ်းကို ခေတ္တပိတ်လိုက်ရတာပါ။ ကားဆရာနဲ့ ခရီးသွားတွေကို နေဖို့၊ စားဖို့၊ ရေချိုးဖို့ကအစ ကူညီလုပ်ဆောင်ပေးခဲ့ပါတယ်"
" စစ်ကိုင်းနယ်ထဲက ပြေးတဲ့သူတွေကို သူတို့(စစ်တပ်)က ကင်းထောက်တွေနဲ့ အရွယ်ကောင်းတွေဆို အကုန်လိုက်ဖမ်းတာ။ အဖမ်းခံရတဲ့အထဲက လူတချို့အသတ်ခံရတာ"
"ဖြစ်စဥ်ဖြစ်တဲ့အချိန်မှာ သူ့အိမ်မှာ ဘယ်သူမှမရှိကြဘူး။ သူတယောက်တည်းရှိနေချိန် လုပ်သွားတာ။ ဘာကြောင့် ခုလိုလုပ်သွားလည်းဆိုတာတော့ မသိရသေးဘူး" လို့ ဒေသခံတဦးက ပြောပါတယ်။
"သင်တန်းဆင်းလာပြီဆိုတော့ မိသားစုက စိုးရိမ်ကြောက်လန့်ကြတာပေါ့။ ဆွေမျိုးအသိုင်းအဝိုင်းတွေကလည်း အမြင်မကြည်ကြဘူး။ အုပ်ကြီးတွေ ရာအိမ်မှူး ဆယ်အိမ်မှူးတချို့ မဖြစ်မနေလိုက်ကြရတာလေ။ သင်တန်းခေါ်တော့မှ ထွက်မရပြုမရဆိုတော့ နားကားရော။ အုပ်ကြီးလုပ်ချင်ကြတဲ့အကျိုးလေ"
"ဆရာတော်ကို ဖမ်းသွားတာ။ ရွာခံတွေက လိုက်ရှာတော့ ဒီမနက်ပိုင်းမှာမှ အလောင်းကို ဆည်အနီးနားမှာ သတ်ဖြတ်ခံထားရတဲ့အနေထားနဲ့ တွေ့ရတယ်"
“ထိတွေ့ပစ်ခတ်မှုမှာ သူတို့ဘက်က အထိနာထားတော့ မြင်သားရွာဘက်မှာ PDF တွေ ပုန်းခိုနေတယ်ထင်ပြီး လက်နက်ကြီးတွေနဲ့ ပစ်တော့တာပဲ။ ပထမအကြိမ် သာလင်းရွာဘက်ကို ပစ်တယ်။ ဒုတိယ အကြိမ်ကျတော့ မြင်သားရွာဘက်ကိုပစ်တော့ ပြည်သူတွေထိခိုက်တော့တာပဲ”
"ပထမအလောင်းတွေ့တာ ၇ ယောက်၊ မနေ့က ၂ ယောက်ထပ်တွေ့တယ်။ အဖမ်းခံထားရတဲ့အထဲကနေ PDFတွေ နေရာကို လိုက်မပြလို့ဆိုပြီး သတ်တာပေါ့"
"တလုံးပဲ ပစ်ခတ်ခဲ့တာ။ အဓိကပစ်တာကတော့ နိုင်နိုင်မော်နဲ့ စည်ပင်ဦးစီးမှူးရှိတဲ့ ဦးနေမန်းအောင်နေရာကို ပစ်ခတ်တိုက်ခိုက်တာ။ အခွန်ဆောင်တဲ့ ပြည်သူတွေများစွာရှိတဲ့အတွက် ပြည်သူတွေထိခိုက်မှာ ရှောင်တိမ်းပြီးအခြားနေရာကို ပစ်ခတ်တိုက်ခိုက်တာမှာ လက်ပစ်ဗုံးက သစ်ပင်ထိပြီး စည်ပင်ဦးစီးမှူးကားရဲ့အောက်ကိုတည့်တည့်ရောက်ပြီး နောက်ဘီး ၂ လုံးပွင့်ထွက်သွားတယ်။ ပြည်သူတွေတော့ အထိအခိုက်မရှိဘူး။ ရဲဘော်တွေကတော့ လုံခြုံစိတ်ချရတဲ့နေရာရောက်နေပြီ"
"သတ်ခံရတဲ့အထဲမှာ အသက်မပြည့်တဲ့ ကလေးတွေလည်းပါတယ်။ ရွာသား ၇ ဦးကို စစ်ကြောင်းထိုး၀င်တဲ့အချိန်မှာ ပစ်သတ်သွားတယ်။ သတ်ခံရတဲ့သူတွေက သာမန်အရပ်သား ရွာသားတွေပါပဲ"
"ကျမတို့မြို့က ဆိုင်အများစုက စစ်တပ်ထုတ်ကုန်တွေ မရောင်းကြဘူး။ ခုလို လိုက်စစ်ပြီး ဖိအားပေးပြောလာတော့ မဖြစ်မနေတင်ရောင်းလာရတယ်။ ဝမ်းစာအတွက်က ဆိုင်ပိတ်ပြီးလည်း နေလို့မရဘူးလေ"
"စကစတွေက တွေ့သမျှလူကို သေနတ်နဲ့ပစ်သတ်တယ်။ တချို့လူတွေကလည်း ပြေးနိုင်ပေမဲ့ ရုတ်တရက်မပြေးနိုင်သူတွေကတော့ ပစ်သတ်ခံရတာပေါ့။ မြစ်ကမ်းနံဘေးမှာ ၅ လောင်းတွေ့တယ်။ မီးလောင်တဲ့အိမ်ထဲမှာ အလောင်း၂ လောင်းတွေ့တယ်။ အလောင်းတွေကဘယ်သူ၊ ဘယ်ဝါဆိုတာ မသိရဘူး"