သတင်းတို

ကလေးမြို့မှာ ရပ်ကွက် ၁၀ ခုကျော် ရေကြီးနစ်မြုပ်နေ( ရုပ်/သံ)

စက်တင်ဘာ ၈ ရက် ဒီကနေ့ မနက် ၃ နာရီဝန်းကျင်လောက်ကတည်းက ရေစတက်လာတာဖြစ်ပြီး မြို့တွင်းရေမြောင်းတွေ အမှိုက်ပိတ်ဆို့တာ၊ ‌မိုးများတာတွေကြောင့် ရေက ဆက်တိုက်တက်နေကာ တောင်ဇလပ်၊ တောင်ဖီလာနဲ့ အောင်မင်္ဂလာ ရပ်ကွက် ၃ ခုကတော့ ရေနစ်မြုပ်မှု အဆိုးဆုံးဖြစ်တယ်လို့ ဆိုပါတယ်။

ငါးဇွန်က ကျေးရွာတွေကို စစ်ကြောင်းထိုးနေတဲ့ စစ်တပ် ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခံရ

မန္တလေးတိုင်း၊ ငါန်းဇွန်မြို့နယ်မှာ ကျေးရွာတွေကို ဝင်ရောက်စစ်ကြောင်းထိုးနေတဲ့ စစ်ကောင်စီတပ်သားတွေကို စက်တင်ဘာ ၇ ရက်နေ့လယ် ၁ နာရီကျော်မှာ ဒရုန်းနဲ့ ၂ ကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ၂ ဦး ဒဏ်ရာ ပြင်းထန်ရရှိခဲ့တယ်လို့ ငါန်းဇွန်မြို့နယ်ပကဖက ပြောပါတယ်။

ဈေးကွက်ထဲမှာ စားအုန်းဆီမရှိလို့ စားသောက်ဆိုင်အချို့ နှမ်းဆီကို ဈေးကြီးပေးဝယ်သုံးနေရ

"စားအုံးဆီကဝယ်မရဘူး။ အရင်ရောင်းတဲ့ဆိုင်တွေကို မေးလိုက်ရင်လည်း မရှိဘူးပဲ ပြောလွှတ်တာ။ အခုတော့ဆိုင်အတွက် ကြော်တဲ့လှော်တဲ့အခါမှာ နှမ်းလတ်ဆီကိုပဲ ဝယ်ပြီးသုံးနေရတယ်။ ကြော်တဲ့အခါမှာ ဆီပိုကုန်တာပေါ့"

ကုက္ကိုပင်လဲကျလို့ ကလေး ၁ ဦးအပါ ၃ ဦးထိခိုက်ပြီး နေအိမ် ၃ လုံးပျက်စီး

"ဖြစ်တဲ့အချိန်က မိုးကရွာ၊ နေ့လယ်ကတည်းက ရေကတက်ထားတော့ အပင်က အမြစ်မခိုင်ဘဲ နေအိမ်တွေပေါ် လဲကျသွားတယ်။ လူတွေကတော့ ထိခိုက်ပွန်းပဲ့ဒဏ်ရာတွေ ရကုန်တယ်"

စစ်ကိုင်းမှာ လက်နက်ခဲယမ်းသယ်ဆောင်တဲ့ ရထားစတင်ပြေးဆွဲ၊ ရထားလမ်းတလျှောက် စစ်ကြောင်းထိုး

"ဒီရထားကို သူတို့အထိခိုက် လုံးဝမခံဘူး။ ဒရုန်းနဲ့ ဗုံးမကြဲနိုင်အောင်လည်း လုပ်ထားတယ်။ နယ်မြေတွေအကုန်လုံးကိုလည်း စစ်ကြောင်းတွေနဲ့ ဖိထားတယ်"

အရောင်းဝယ်ကောင်း​​ပေမယ့် အကျိုးအမြတ်နည်းနေတဲ့ သနပ်ခါးကျောက်ပျဥ်လုပ်ငန်း

"အော်ဒါကတော့ အမှာများတယ်။ ပုံမှန်ဆို ခုလိုအရောင်းအဝယ်ကောင်းရင် အမြတ်များရမှာလေ။ ဒါပေမယ့် အစစအရာရာ စျေးကြီးနေတော့ အရင်းအနှီးသာများလာတာ အမြတ်ကျတော့ သိပ်မကျန်ဘူး"လို့ သနပ်ခါးကျောက်ပျဥ်လုပ်ငန်းရှင်တဦးက ပြောပါတယ်။

သစ်ခိုးထုတ်နေတဲ့ စစ်အုပ်စု တိုက်ခိုက်ခံရလို့ ၉ ဦးသေဆုံးပြီး လက်နက်၊ ခဲယမ်းတွေ သိမ်းဆည်းနိုင်ခဲ့ (ရုပ်/သံ)

“အဲဒီစစ်အုပ်စုဟာ စည်သူသစ်ကွင်းက ပြည်သူပိုင်သစ်တွေကို ခိုးထုတ်နေတဲ့စစ်ကြောင်းကို ကာပေးနေတာ။ သစ်ကွင်းနဲ့စစ်ကြောင်းက ရွာ ၄၊ ၅ ရွာလောက်ခြားမယ်”လို့ ULF တပ်ပေါင်းစုတာဝန်ခံက မြေလတ်အသံကို ပြောပါတယ်။

ဝေါမှာ စစ်ကောင်စီက ဆန်နဲ့ဆီ စျေးလျော့ရောင်းပေး၊ လုပ်ငန်းရှင်တွေဆီ ငွေညှစ်ပြီး ပြန်ရောင်းပေးနေဟုဆို

"ပိတ်ရက်တွေမှာရောင်းပေးတာ ၁ လလောက်ရှိပြီ။ သူတို့လုပ်ပေးတာ စျေးပေါတယ်ပေါ့။ ဖြစ်ချင်တာက သူတို့(စစ်ကောင်စီ) နာမည်လိုချင်လို့ လုပ်နေတာ။ ဒါကလည်း ရေရှည်ရမယ်မထင်ဘူး။ ပြည်သူအပေါ် စေတနာရှိလို့ လုပ်တာမှမဟုတ်တာ" လို့ ဝေါမြို့ခံတဦးက မြေလတ်အသံကို ပြောပါတယ်။

မြိုင်နယ်က ဓားစားခံအဖြစ်ဖမ်းဆီးခံရတဲ့ ပြည်သူတွေ နေအိမ်ပြန်မရောက်ကြသေး

ဖမ်းဆီးခံရတဲ့ ပြည်သူတွေဟာ ပေါက်ပြင်းရွာက အမျိုးသား ၄ ဦး နဲ့ အမျိုးသမီး ၁ ဦး၊ ဂွေးပင်လယ်ရွာက အမျိုးသား ၁၂ ဦးနဲ့ သံပုရာခြံရွာက အမျိုးသမီး ၂ ဦး အမျိုးသား ၁ ဦးတို့ဖြစ်ပြီး အသက် ၃၀ ဝန်းကျင်အရွယ်တွေ ဖြစ်တယ်လို့ ဆိုပါတယ်။

ပေါင်းတည်စွယ်တော်ပွဲ ကျင်းပဖို့ စီစဥ်နေတဲ့ ဘုရားဝန်းထဲ ဗုံးပေါက်ကွဲ

"စွယ်တော်လှည့်ကာနီး ဆင်ကြီးဦးတိုက်တဲ့ညောင်ပင်ကြီးနားမှာ ပေါက်ကွဲတာ၊ အသံကတော့အကျယ်ကြီးပဲ အိမ်တွေတောင် တုန်သွားတယ်"လို့ အုပ်ချုပ်ရေးပိုင်းနီးစပ်သူတဦးက ပြောပါတယ်။

ရွှေဘို စစ်ဆေးရေးဂိတ်မှာ စစ်တပ်ကပစ်လို့ လူနာတဦး ခေါင်းကို ကျည်မှန်သေဆုံး

မြောင်းကြီးစစ်ဆေးရေးဂိတ်မှာ စက်တင်ဘာလ ၄ ရက်က လူ ၂ ဦးစီးလာတဲ့ ဆိုင်ကယ်တစီးဟာ ရပ်မပေး လို့ဆိုပြီး လုံခြုံရေးတပ်ဖွဲ့က သေနတ်နဲ့ပစ်ခတ်ရာက အစစ်ဆေးခံဖို့ရပ်ထားတဲ့ ကားခေါင်းခန်းထဲက ပြည်သူ တဦးကို ထိမှန်ခဲ့တာဖြစ်ပါတယ်။

မုန်းမြို့နယ်အတွင်း တိုက်ပွဲဖြစ်ပွားလို့ ဒေသခံ ၃,၀၀၀ ကျော် ထွက်ပြေးနေရ

"ဒီနေ့ထိ တိုက်ပွဲတွေက ပြင်းထန်နေတုန်းပါ။ သူတို့ (စကစ)ဘက်က အထိနာထားတော့ မြင်သမျှကို ပစ် ခတ်နေတာ။ ပြေးနေရတဲ့‌ပြည်သူတွေလည်း မနည်းဘူး။ သိမ်းပိုက်ရရှိခဲ့တဲ့ စခန်းတွေမှာ တပ်စွဲနေထိုင်ဖို့ အစီအစဉ်မရှိပါဘူး" လို့ KNU ဗဟိုမှ ပြောရေးဆိုခွင့်ရှိသူက မြေလတ်အသံကို ပြောပါတယ်။

သစ်ခိုးထုတ်စစ်သားတွေကို လုံခြုံရေးပေးတဲ့စစ်ကြောင်း တိုက်ခိုက်ခံရလို့ ၉ ဦးသေဆုံးပြီး လက်နက်၊ ခဲယမ်းတွေ သိမ်းဆည်းနိုင်ခဲ့

စည်သူသစ်ကွင်းမှာ ဩဂုတ်လဆန်းပိုင်းက စတင်ကာ မုံရွာ နမခ ကနေ လာရောက် သစ်ခိုးထုတ်နေတာဖြစ်ပြီး အဲ့ဒီသစ်ကွင်း လုံခြုံရေးစစ်ကြောင်းကို ကျောင်းကုန်းရွာအနောက်ဘက် တောပြင်မှာ မနက် ၈ နာရီကနေ ၁၀ နာရီကျော်အထိ ၂ နာရီကျော်အကြာ တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

မုံရွာမှာ LPDF စခန်း ၁ ခု စီးနင်းခံရပြီး ၄ ဦးသေဆုံး၊ ၃ ဦးဒဏ်ရာရ

စခန်းမှာရှိတဲ့ ရဲဘော် ၇ ဦးစလုံးဟာ အရှင်ဖမ်းမိပြီးမှ ပစ်သတ်ခံရတာဖြစ်ပေမယ့် ဒေသကာကွယ်ရေး အဖွဲ့တွေ စခန်းကိုဝင်ရောက်ရှာဖွေချိန်မှာ ရဲဘော် ၃ ဦးဟာ နေရာမှာတင် သေဆုံးနေတာ တွေ့ရပြီး ကျန်ရဲဘော် ၄ ဦးကတော့ ပြင်းထန်ဒဏ်ရာတွေနဲ့ အသက်ရှင်နေသေးကာ ၁ ဦးကတော့ ကယ်ထုတ်ချိန်ကျမှ ထပ်မံသေဆုံးသွားတယ်လို့ ဆိုပါတယ်။

ပခုက္ကူနယ်က ရွာသား ၁၀ ဦးကို စစ်ကောင်စီတပ်က အကြောင်းမဲ့ဖမ်းဆီး

“သတင်းအရဖမ်းဆီးတာဆိုပြီး ရွာသားတွေကို လက်ကိုကြိုးချည်ပြီး ညောင်ဦးမြို့ကိုဖမ်းသွားတာ၊ နေ့လယ် ၁ နာရီခွဲလောက်ရောက်မှ အယောက် ၂၀ လောက်ကို ပြန်လွှတ်ပြီး ကျန်တဲ့သူတွေကို ဆက်ဖမ်းထားတာ ခုထိမလွှတ်သေးဘူး'' လို့ ဒေသခံတဦးက ပြောပါတယ်။

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10