သတင်းတို

မတ္တရာ မြို့မစျေးက ဆန်၊ ဆီ အရောင်းဆိုင်တွေကို စစ်တပ်က အတင်းအကြပ် စျေးလျော့ရောင်းခိုင်း

ဒီနေ့ စက်တင်ဘာလ ၆ ရက်မနက်ပိုင်းမှာ စစ်တပ်နဲ့ စည်ပင်ပူးပေါင်းပြီး ဆန်၊ ဆီ ရောင်းချတဲ့ဆိုင်တွေကို ဆန်တပြည် ၂၅၀၀ ကျပ်၊ ဆီ ၅၀ ကျပ်သား ၁ ဗူးကို ၂၅၀၀ ကျပ်နဲ့ လာရောက်ရောင်းချခိုင်းခဲ့ပြီး မလိုက်နာပါက တရားစွဲမယ်ဆိုပြီး ခြိမ်းခြောက်ခဲ့တယ်လို့ မြို့ခံတွေက ပြောပါတယ်။

တောင်သာမြို့နယ်၊ ဇရပ်ကြီးရွာကနေအိမ်ကို စစ်တပ်က မီးရှို့

“စကစတွေက ရွာသားတွေကို ဖမ်းဆီးပြီးတော့ ငွေတောင်းတာတွေ၊ ရိုက်နက်တာတွေလုပ်နေတော့ ရွာသားတွေလည်း ကြောက်ပြီးတခြားမြို့နယ်မှာ သွားနေကြတယ်။ သူတို့ကိုထောက်ခံတဲ့သူနဲ့ နေအိမ် တွေကို မစွန့်နိုင်တဲ့ သူတွေလောက်ပဲ ရွာထဲမှာကျန်တယ်” လို့ ဒေသခံတဦးက ပြောပါတယ်။

ရွှေဘိုမှာ ၂ ရက်အတွင်း တိုက်ပွဲ ၅ ကြိမ်ဖြစ်ပြီး စစ်ကောင်စီဘက်က သေဆုံးမှုရှိ

" ၄ ရက်နေ့ကဆို တနေကုန်နီးပါးဖြစ်တာ။ သူတို့ စစ်ကြောင်းသွားရာလမ်းတွေမှာ ကြိုစောင့်ပြီး တိုက်ခိုက်ကြတာ။"

ပုလဲနဲ့ မြင်းမူမှာ စစ်ကောင်စီတပ်တွေ တိုက်ခိုက်ခံရလို့ သေဆုံးမှုရှိ

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်နဲ့ မြင်းမူမြို့နယ်အတွင်းမှာ စစ်ကောင်စီတပ်သားတွေ တိုက်ခိုက်ခံရပြီး ထိခိုက်သေဆုံးမှုတွေ ရှိခဲ့တယ်လို့ သက်ဆိုင်ရာ မြေပြင်တိုက်ခိုက်ရေးရဲဘော်တွေဆီက သိရပါတယ်။

လျှော့ဈေးနဲ့ရောင်းတဲ့ စားအုန်းဆီ တပိဿာရဖို့ မိုးရွာထဲ ပေါက်ခေါင်းမြို့ခံတွေ တိုးဝှေ့နေကြရ

"ကလေးတွေရော သက်ကြီးရွယ်အိုတွေရော မိုးရေထဲမှာ ထီးတွေနဲ့ တိုးဝယ်နေကြတာပဲ။ ဆီကုန်သည်ကြီးများအသင်းက ပေါက်ခေါင်းမြို့အတွက် ဆီသုံးပေပါ ပေးတယ်လို့ သိရတယ်။ ဝယ်ဖို့အတွက် လက်မှတ်လိုမျိုးလေးတွေ ထုတ်ပေးတယ်။ ပြင်ပပေါက်ဈေးထက် တဝက်ကျော်ကျော်လောက် လျှော့ပြီးရောင်းနေတာ"

ညောင်ဦး စစ်ကောင်စီဥက္ကဌဖလား ဘောလုံးပြိုင်ပွဲစောင့်လုံခြုံရေးစစ်ကား မိုင်းခွဲခံရပြီး တပ်ကြပ် ၁ ဦးအပါ ၃ ဦးသေဆုံး

“ညနေ ၃ နာရီခွဲ ဘောလုံးပွဲစတယ်။ ဘောလုံးပွဲစပြီဆိုရင် လုံခြုံရေးအဖွဲ့ရောက် ရောက်လာတယ်။ ကျနော်တို့ ထောက်နေတာ ၃ ရက်လောက်ရှိပြီ။ ရောက်လာရင် ကားဘယ်နားရပ်လဲ။ ပြည်သူလွတ်၊ မလွတ်လည်း ကျနော်တို့စဉ်းစားရတယ်။ ကားရပ်တာကလည်း ကျနော်တို့မိုင်းကွင်းတည့်တည့်အပေါ် ကျသွားတာတော့ဆိုတော့ တော်တော်ထိခိုက်သွားတာ “

ရိုးနာကျပြီး ငရုတ်သီးစိမ်းဈေးကောင်းမရလို့  တောင်သူတွေ တွက်ခြေမကိုက်

"ငရုတ်မျိုးထုပ်တို့ အားဆေးတို့ကို ဈေးကြီးပေးဝယ်ရတာ။ လုပ်အားခလည်း ဈေးကြီးပေးငှားရ ခူးရပြီး ကိုယ်ရောင်းရမယ့်အချိန်ကျမှ ဈေးကျသွားတာ လုပ်အားခတွေ အချိန်တွေရှုံးတယ်။ နောက်ရက်ဈေးထပ်ကျအုံးမယ်လို့တောင် ကြားနေရတယ်”

စစ်ရေယာဉ် ၁၁ စီး တိုက်ခိုက်ခံရပြီး ထိခိုက်သေဆုံးမှုတွေရှိ (ရုပ်/သံ)

“တိုက်ပွဲချိန်က ၁ နာရီလောက်ကြာတယ်၊ သူတို့ဘက်က သင်္ဘောပျက်တော့ ကျနော်တို့တနေရာထဲကို ဖပစ်တာ ကတုတ်ကျင်းထဲကနေ ပြန်လည်ဆုတ်ခဲ့ရတယ်" လို့ Myanmar's Royal Dragon Army -MRDA တပ်ခွဲမှူး ဗိုလ်စေတန်က ပြောပါတယ်။

မိုင်းမတော်တဆဖြစ်လို့ ကျဆုံးခဲ့တဲ့ ဒုတပ်စိတ်မှူးရဲ့ နာရေး (ရုပ်/သံ)

ဒုတပ်စိတ်မှူး သက်ပိုင်းစိုးဟာ ရဲဘော် ၅ ဦးနဲ့အတူ စစ်ကောင်စီတပ်သွားလာမယ့် လမ်းကြောင်းမှာ မိုင်းထောင်နေချိန်မှာ မိုးရွာခဲ့တာကြောင့် မိုင်းနဲ့ ဘတ္ထရီတွဲတဲ့အချိန် ဝါယာရှော့ဖြစ်ကာ ပေါက်ကွဲသွားတာလို့ ကျောက်လုံးကြီး KLG တပ်မဟာ ပြန်ကြားရေး တာဝန်ခံ ATက ပြောပါတယ်။

ရွှေဘိုမှာ ခရီးသွားတဦး ပစ်ခတ်ခံရပြီး သေဆုံး

"ရွှေဘိုမှာက အမျိုးသား ၂ ဦး ဆိုင်ကယ်မစီးရ သတ်မှတ်ထားတာ။ ခုက စကစဘက်က အမျိုးသား ၂ ယောက်စီးလာတဲ့ ဆိုင်ကယ်ကိုတားတာ မရပ်ပေးလို့ လိုက်ပစ်တာ။ သူတို့ကိုမထိဘဲ ကားပေါ်မှာ ထိုင်နေတဲ့ ခရီးသွားကိုထိတာ။ ကားက မန္တလေးကနေ ကောလင်းကို သွားမှာ"

ဂျူတီချိန်းဖို့လာတဲ့ စစ်ကားပစ်ခတ်ခံရပြီး ဗိုလ်ကြီးအဆင့်အပါ ၃ ဦးသေဆုံး (ရုပ်/သံ)

"ကိုင်းတောမနဲ့ မြိုင်စက်မှု ၂ အကြားမှာ မနေ့ကသွားပစ်တာ။ ဗိုလ်ကြီး ၁ ကောင်နဲ့ ၂ ကောင်သေတယ်။ ၅ ကောင်ဒဏ်ရာရတယ်။ ကျနော်တို့လည်း ဖရဲသီးသတင်းပေးလို့ သိရတာ။ ပစ်ခတ်ခံရပြီး စက်မှု ၂ ထဲကို ပြန်ဝင်သွားတယ်"

ကသာမြို့က အမျိုးသားတဦးကို စစ်ကောင်စီတပ်က ဖမ်းဆီးသွားပြီးနောက် သတင်းအစအန ပျောက်နေ

"လာဖမ်းတဲ့အချိန်မှာ စကစတွေချည်းပဲ။ ရဲတယောက်မှမပါဘူး။ စကစတွေက သူ့အိမ်ကို အိမ်စီးကား အဖြူရောင် ၃စီးနဲ့ ရောက်လာတာ ။ ဘာကြောင့်ဖမ်းလဲ ဆိုတာတော့ မသိဘူး"

ချင်းတွင်းမြစ်မှာ စစ်ရေယာဉ်တွေ တရက်တည်း ၂ ကြိမ် တိုက်ခိုက်ခံရလို့ ၄ ဦးသေဆုံးပြီး PDF ၂ ဦးဒဏ်ရာရ (ရုပ်/သံ)

“သူတို့က လမ်းကြောတလျှောက်လုံးကို လက်နက်ကြီးတွေနဲ့ ပစ်နေတာ။ ကျနော်တို့ကတော့ ကျနော်တို့ပွိုင့် ရောက်တဲ့အခါမှ သူတို့ကိုပစ်တာ။ သူတို့ RPG နဲ့ပစ်လိုက်တော့ အစလေးတွေ ကျနော်တို့ရဲဘော်တဦးနဲ့ အခြားအဖွဲ့က ရဲဘော်တဦးကို ထိသွားတယ်”

စစ်တပ်ကပစ်တဲ့လက်နက်ကြီးနဲ့ ထောင်ထားတဲ့နင်းမိုင်းကြောင့် ပြည်သူ ၁ ဦးသေ၊ ၂ ဦးဒဏ်ရာရ

"သမင်အင်းကုန်းရွာဖြစ်စဥ်က မိုင်းထိတဲ့သူ ၂ ဦးက ရွာကို ရိက္ခာပြန်ယူတာရော စိုက်ထားတဲ့ လယ်လာပြန် ကြည့်ချိန်မှာ မိုင်းထိတာ။ နွားရေချောင်းက လက်နက်ကြီးကျတာ။ ပိန်းဇလုပ်တပ်ကတော့ လက်နက်ကြီး အပစ်ဆုံးပဲ "

စစ်ကိုင်းနဲ့ ဝက်လက်ကို စစ်ကောင်စီတပ်က ၄ ရက်ဆက် စစ်ကြောင်းထိုးနေလို့ ရွာ ၂၀ ကျော်က ဒေသခံတွေ ထွက်ပြေးနေရ

"မန္တလေးက လာတဲ့ကောင်တွေက သံခွန်၂စီးနဲ့ ရောက်လာတာ။ သူတို့က ဧရာဝတီမြစ်ကမ်းနံဘေးတလျှောက်မှာရှိတဲ့ ရွာတွေကို သေနတ်တွေ တောက်လျှောက်ပစ်ပြီးဝင်မွှေတာ။ ပြီးတော့ ပဒူက စကစတွေလည်း မန္တလေးကကောင်တွေနဲ့ ပေါင်းဖို့အတွက် ဝက်လက်နဲ့စစ်ကိုင်းအစပ်က ရွာတွေကို ဝင်ရောက်သောင်းကျန်းတာ။ ဒီနေ့မှာတော့ တောင်းရင်းရွာမှာ စစ်ကြောင်း၂ ကြောင်းပေါင်းကြတယ်"

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10