သတင်းတို

ငါန်းဇွန်က အမျိုးသား ၅၀ ကျော်ကို စစ်တပ်က အစာရေစာမကျွေးဘဲ ရိုက်နှက်စစ်ဆေးနေ

"အိမ်ထဲကို ဝင်ပြီးဖမ်းတာ။ အကုန်လုံး အမျိုးသားချည်းပဲ။ သူတို့ကို ရေမတိုက်၊ ထမင်းမကျွေးဘဲ နှိပ်စက်ပြီးတော့ စစ်ဆေးနေတယ်လို့ သိရတယ်။ ရွာထဲက တချို့အမျိုးသား၊ အမျိုးသမီးတွေဆိုလည်း ထွက်ပြေးနေကြရတယ်ဗျ"

ဒလန်လို့သတင်းထွက်နေတဲ့ ကြံ့ခိုင်ရေးပါတီဝင် ၃ ဦး ပစ်ခတ်ခံရပြီး သေဆုံး

"မနေ့က ဒလန်လို့ သတင်းထွက်နေတဲ့ ၃ ယောက် ရွာလယ်လမ်းမှာ ပစ်သတ်ခံရတာလို့တော့ သိရတယ်။ အိမ်တွေကနေ ဖမ်းဆီးပြီး ပစ်သတ်သွားတာ။ သူတို့က ကြံခိုင်ရေးပါတီဝင်တွေလည်း ဖြစ်တယ်"

လူသွားလမ်းမှာထောင်ထားတဲ့ စစ်တပ်နင်းမိုင်းတွေကြောင့် ပြည်သူတွေထိခိုက်မှုရှိလာလို့ PDF က မိုင်းရှင်းပေး

“ ကားတွေ၊ ဆိုင်ကယ်တွေ သွားလို့ရတဲ့လမ်းမကြီး ၂ ခုမှာက နင်းမိုင်း ၆ လုံးနဲ့ နွားလှည်းပဲမောင်းလို့ ရတဲ့လမ်းမှာက ၁ လုံး တွေ့တယ်။ ထောင်ထားတဲ့ပုံစံက တလုံးနဲ့တလုံး ၁ ပေလောက်ပဲခွာပြီး ထောင်ထားတာ။ ပြည်သူကိုထိထိ ၊ PDF တွေပဲထိထိ ဆိုပြီးထောင်ထားတဲ့ သဘော”

စလင်းချောင်းရေလျှံလို့ ရွာ ၅ ရွာထက်မနည်း ဘေးလွတ်ရာ ပြောင်းရွှေ့ရ(ရုပ်/သံ)

“မနေ့နဲ့ ဒီနေ့ မိုးတအားများတာရော အထက်က ချောင်းရေကျတာရော ပေါင်းပြီးရေလျှံတာ။ အရင် မိုခါ (မုန်တိုင်း)တုန်းက ရေအဆင့်ရှိတယ်၊ ညကတည်းက ရေ တက်တာဆိုတော့ တချို့ဆို ရွေ့ချိန်ကိုမရလောက်ဘူး၊ ည ၁၀နာရီဆိုတော့ လူအိပ်ချိန်ဖြစ်နေပြီလေ၊ ဒီမနက် ထမင်းပို့ဖို့သွားတာ ရေကပေါင် အရင်းလောက်ရှိတော့ သွားမရဘူးဖြစ်နေတာ။ ရေစီးကလည်း နည်းနည်းသန်တယ်”

ဆိုင်ကယ်ကို ကျော်တက်တဲ့ မီးသတ်ကား တိမ်းမှောက်ပြီး ဆိုင်ကယ်ပေါ်လဲကျ

"ဆိုင်ကယ်က ရှေ့က သွားတာ။ မီးသတ်ကားက နောက်က မောင်းနေရင်းကနေ ဆိုင်ကယ်ကို ကျော်တက်ချိန်မှောက်ပြီး လူရော ဆိုင်ကယ်ပေါ်ကိုပါ ပိမိသွားတာ"

ကျေးရွာ ၇ ရွာကို လှည့်လည်ပြီး လူထုနိုင်ငံရေး ဆွေးနွေးပွဲပြုလုပ်

“နိုင်ငံရေးဆွေးနွေးဖလှယ်ပွဲတွေလည်း လူငယ်တွေနဲ့အတူ လုပ်ခဲ့တယ်၊ လူထုကလည်း တော်လှန်ရေးအပေါ် စိတ်မကုန်သေးဘူး၊ တော်လှန်ရေးအပေါ် အားတင်းထားတယ်ဆိုတဲ့ အကြောင်းတွေ ပြန်ကြားရတယ်၊ ကလေးတွေကတော့ ရုပ်ရှင်ပြတဲ့အချိန် ပါတာပေါ့၊ သူတို့ကိုတော့ ပညာရေးပိုင်းဆိုင်ရာတွေ လူအခွင့်ရေးပိုင်းဆိုင်ရာတွေ ပြောပေးရတယ်။”လို့ ရွာပေါင်းစုံသပိတ်ကော်မတီဝင် ကိုသက်ဦး က ပြောပါတယ်။

ငါန်းဇွန်က ပျူစောထီးဆိုသူ ၃ ဦး ရှင်းလင်းခံရ

"ကျနော်တို့က ဖမ်းဆီးတာ။ အဲ့ဒီအချိန်မှာ ဓားနဲ့ ပြန်တိုက်ခိုက်လို့ ပစ်သတ်ခဲ့ရတာ။ နေရာမှာတင် ပွဲချင်းပြီး သေသွားကြတယ်။ မိုးမိုးက ပျူခေါင်းဆောင်။ ကျန် ၂ ကောင်က အဖွဲ့ဝင် နောက်လိုက်တွေ"

ချင်းတွင်းမြစ်ထဲမှာ စစ်ကောင်စီ မော်တော်ရေယာဉ် ၁၁ စီး တိုက်ခိုက်ခံရ (ရုပ်/သံ)

"ရိက္ခာတွေ၊ လက်နက်ခဲယမ်းတွေ၊ လေယာဉ်ဆီတွေ သယ်လာတဲ့ အမြန်ယာဉ် ၁၁ စီးကိုဆားလင်းကြီးမြို့နယ် ချင်းတွင်းမြစ်ကြောင်းတနေမှာ အနီးကပ်တိုက်ခိုက်ခဲ့တာ။ ထိခိုက်ပျက်စီးမှုတော့ရှိတယ်။ အမြန်ရေယာဉ်တွေကို တစီးနဲ့တစီး တွဲခေါ်သွားရတာမြင်ရတယ်။"

ပုလဲက PDF ရဲမေတွေကို NUG က ငွေသားတချို့ ထောက်ပံ့ပေး

ယင်းမာပင်ခရိုင်၊ တပ်ရင်းအမှတ်- ၇ ၊ ၈ ၊ ၉ ၊ ၁၀ ၊ ၁၁ ၊ ၁၂ ၊ ၁၃ ၊ ၁၉ ၊ ၂၀ တပ် ရင်းတို့မှ အမျိုးသမီးရဲမေတွေ လိုအပ်တဲ့နေရာမှာ သုံးစွဲဖို့အတွက် အမျိုးသားညီညွတ်ရေးအစိုးရ၊ အမျိုးသမီးလူငယ်နှင့် ကလေးသူငယ်ဆိုင်ရာ ဝန်ကြီးဌာနမှ စက်တင်ဘာ ၂ ရက်က ကူညီထောက်ပံ့ပေးခဲ့တာလို့ ဆိုပါတယ်။

၃ ထပ်တိုက်ပေါ် တပ်စွဲနေတဲ့ စစ်အုပ်စု တိုက်ခိုက်ခံရပြီး ၅ ဦးသေဆုံး (ရုပ်/သံ)

"ထိခိုက်သေဆုံးတာတော့ ၅ ကောင်သေပါတယ်။ တကယ်မြေပြင်မှာ ပြည်သူဆီက ပြန်ကြားရတာနဲ့ scout(ကင်းထောက်)တွေဆီက ပြန်ကြားရတာကတော့ ၈ ကောင်သေတယ်။ သူပစ်ကိုယ်ပစ် ပစ်ခတ်ခဲ့တာ၊ ကျ‌နော်တို့က ပြောက်ကျားစနစ်နဲ့ အနီးကပ်ပစ်ခတ်ခဲ့တာ။ ကျ‌နော်တို့ဘက်က ပစ်တာဦးတယ်။ လမ်းပေါ်မှာကင်းယူနေတဲ့ ** ၅ ကောင်တော့ အတိအကျသေတယ်"

စစ်တပ်က ပစ်ခတ်လို့ PDF ၁ ဦးနဲ့ ပြည်သူ ၁ ဦးသေဆုံး၊ ပြည်သူ ၁ ဦးဒဏ်ရာရ

"စစ်ကြောင်းကလည်း ရွာထဲအဝင် သူတို့ကလည်း အထွက်။ သူတို့ကို တွေ့တာနဲ့ စစ်ကြောင်းက တန်းပစ်တာ။ ၂ ယောက်သေသွားတယ်။ ၁ ယောက်က ဒဏ်ရာတွေနဲ့ လွတ်လာတယ်။"

ပေါက်နယ်မှာ ထိုင်ဝမ်ခရမ်းချဥ်သီးပေါ်ချိန် တောင်သူတွေ စျေးကောင်းရ

"မနှစ်က သီးနှံပေါ်ချိန်မှာ တပိသာ ၁၅၀၀ ကျပ်ဈေးရတယ်။ အခုနှစ်မှာ တပိသာ ၂၂၀၀ ကျပ်အထိ ဈေးကောင်းရပါတယ်။ လက်လီ ပြန်ရောင်းသူတွေက တပိသာ ကျပ် ၃၀၀၀ အထိပြန်ရောင်းကြတယ် "

မြိုင်မြို့ပေါ်က ရဲစခန်းနဲ့ ထွေအုပ်ရုံးအပါအဝင် ၄ နေရာ တိုက်ခိုက်ခံရ (ရုပ်/သံ)

"ကျနော်တို့ ကာကွယ်ရေးတပ်တွေအနေနဲ့ ကိုယ့်မြို့ကို ပြန်လာနေပြီ။ မြို့အနီးတဝိုက်တွေမှာလည်း အကုန်လုံးရောက်နေပြီ။ မြို့ကိုလည်း ခဏလေးအတွင်းမှာ ပြန်လာလို့ရနေပြီဆိုတဲ့အကြောင်း စစ်ကောင်စီသိစေချင်တာ။"

မုဒိမ်းကျင့် လူသတ်အလောင်းဖျောက်သူကို မသေမချင်းကြိုးကွင်းစွပ်သတ်ဖို့ အမိန့်ချ

ကတုံးဟာ အဒေါ်အရင်းဖြစ်တဲ့ ကလေးအမေကို ၈ နှစ်ကြာလက်ထပ်ပေါင်းသင်းပြီး ၂၀၂၂ ဇန်နဝါရီ ၇ ရက်က မိန်းမကိုသတ်ကာ အလောင်းဖျောက်မြေမြှုပ်ပြီး မယားပါသမီး(မောင်နှမတဝမ်းကွဲတော်စပ်သူ)ကို အဓမ္မပြုကျင့် လည်ပင်းညှစ်သတ်ပြီး နေအိမ်တဲကို မီးရှို့မှုတွေ ကျူးလွန်ခဲ့တာကြောင့် အခုလို လည်ပင်းကြိုးကွင်းစွပ်သတ်ဖို့ အမိန့်ချမှတ်ခဲ့တာလို့ ဖြူးမြို့မရဲစခန်းနဲ့ နီးစပ်သူတဦးက ပြောပါတယ်။

သစ်ချဆိပ်စခန်းသိမ်းတိုက်ပွဲ စစ်ကောင်စီဖက်က ၁၅ ဦးသေ၊ ကွန်မန်ဒိုစိန်ပြောင်း ၂ လက်အပါ လက်နက်အများအပြားရ

“ပထမနေ့က စခန်းတဝက်သိမ်းနိုင်တယ်၊ မနေ့က မနက်ကျ စစ်ကူ ၁၀၀ နီးပါးတက်လာချိန် ကြားဖြတ်တိုက်တာ ၆ ကောင်ထပ်ကျတယ်။ စစ်ကူထပ်လာတာ လမ်းမှာတင် ပစ်ခံရပြီး ပြန်ဆုတ်တာ၊ သေတဲ့အထဲ အကောင်ကြီးလည်း ပါတယ်ကြားတယ်"

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10