သတင်းတို

စစ်တောင်းမြစ်ကူးတံတားစောင့် လုံခြုံရေးတပ်ဖွဲ့ တိုက်ခိုက်ခံရပြီး သေဆုံးမှုရှိဟုဆို

ဩဂုတ် ၃၁ ရက် မနက် ၄ နာရီကျော်ခန့်မှာ စစ်ကောင်စီလက်အောက်ခံ စစ်တပ်၊ ရဲတပ်ဖွဲ့နဲ့ ပျူစောထီးတွေပါဝင်တဲ့ အင်အား ၅၀ ခန့်ရှိတဲ့ တံတားလုံခြုံရေးတပ်ဖွဲ့ကို ဒရုန်းနဲ့ ဗုံးတွေကြဲချတိုက်ခိုက်ခဲ့သလို လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့လည်း ပစ်ခတ်ခဲ့တာကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၈ ဦး သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။

ကန့်ဘလူနယ်၊ သရက်ခေါင်းရွာကို စစ်တပ်ကမီးရှို့ပြီး စစ်ရှောင် ၃ ဦးကိုပါ သတ်

"ဦးကံထွန်းကို လက်ပြန်ကြိုးတုပ် ပစ်သတ်ပြီး ရေထဲချသွားတာ။ ကောင်းမြတ်ကလည်း အင်တောပေါက်တဲတိုက်ဘက်မှာပဲ စစ်ရှောင်ရင်း စစ်ကြောင်းနဲ့တိုးလို့ သတ်ခံရတာ။ ရဲမင်းက ရင်ခတ်ကုန်းထိပ်မှာ စစ်ရှောင်ရင်း စကစ ကင်းပုန်းနဲ့တိုးတာ"

သာယာဝတီထောင်မှာ ဆေးဝါးသွင်းခွင့်အပါအဝင် ထောင်ဝင်စာပို့ခွင့်တွေကို ကန့်သတ်ချုပ်ချယ်လာ

“အခုလကုန်ရက်က ထောင်ဝင်စာသွားပို့မှ ကန့်သတ်တာကိုသိတာ၊ တလစာကြော်လှော်ပြီးယူသွားတာ အကုန်မပို့ရလို့ ပြန်ယူလာရတယ်၊ အရင်လိုလည်း အသားဟင်းကို ပလပ်စတစ်ဗူးနဲ့ထည့်လို့မရတော့ဘူး၊ ကြွတ်ကြွတ်အိတ်နဲ့ပဲ ထည့်ပေးရတော့တယ်၊ ဆေးဝါးသွင်းခွင့်လည်းမရဘူး၊ အကုန်စစ်ဆေးနေတာ" လို့ ပဲခူးတိုင်းအတွင်းက အကျဉ်းသား ၁ ဦးရဲ့မိသားစုဝင်အမျိုးသမီး ၁ ဦးက ပြောပါတယ်။

ငွေမဲစက္ကူ ၂ သောင်းတန် အသုံးမပြုရေး ကန့်ကွက်ဆန္ဒပြ

“ငွေမဲစက္ကူ ဖြစ်နေတဲ့အတွက် အသုံးမပြုအောင်လို့ ကန့်ကွက်တဲ့ သဘောအနေနဲ့ လုပ်ဖြစ်ခဲ့တာ၊ ပြည်သူတွေကို လုံးဝအသုံးမပြုဖို့ လှုံ့ဆော်ပေးတဲ့သဘောပါ၊ ၂ သောင်းတန် စက္ကူငွေ ထွက်လာခဲ့ရင်လည်း အသုံးမပြုကြဖို့ တိုက်တွန်းချင်ပါတယ်။" လို့ ဆားလင်းကြီး ပကဖ အဖွဲ့ဝင်တဦးက မြေလတ်အသံကို ပြောပါတယ်။

ရွှေကျင်မြို့နယ်ထဲကို စစ်ကောင်စီဘက်က ၁ ရက်တည်း လက်နက်ကြီး ၄ ကြိမ်ပစ်လို့ ပြည်သူ ထိခိုက်မှုရှိ

"လက်နက်ကြီးတွေက တရစပ်ကို ပစ်တာ။ တိုက်ပွဲဖြစ်တာမရှိဘဲနဲ့ကို ဒီအတိုင်းပစ်နေတာ။ ရွာတွေဘက်ကို PDF ရှိတယ်အထင်နဲ့ ရမ်းပစ်နေတာဖြစ်မယ်" လို့ ဒေသကာကွယ်တပ်ဖွဲ့ဝင်တဦးက ပြောပါတယ်။

ဝက်လက်က ဒေသခံ ၆ ဦးကို စစ်တပ်ကဖမ်းဆီး

အဲ့ဒီရွာထဲမှာ ကျန်နေခဲ့တဲ့ ပြည်သူတွေဆီကနေ ရွှေ၊ ငွေတွေ ယူဆောင်သွားသလို ကိုချစ်ဦး ၅၀ နှစ်၊ ကိုဖိုးနီတိုး ၃၀ နှစ်၊ ကိုဖိုးအောင် ၃၀ နှစ်၊ ဇော်မင်းထက် ၃၀ နှစ်နဲ့ ကိုငနက် ၃၀ နှစ် တို့ကို ဓားစားခံအဖြစ် ရေထွက်ရွာထဲကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပါတယ်။

ဝက်လက်နယ်၊ မြစ်ကမ်းဘေးက ရွာတွေကို စစ်သင်္ဘောနဲ့ပစ်ခတ်လို့ ဒေသခံတွေထွက်ပြေး

သြဂုတ်လ ၃၀ ရက်မှာ ဒေသခံကာကွယ်ရေးတပ်ဖွဲ့က စဉ့်ကူးမြို့နယ်၊ ရွာသာယာကျေးရွာကို ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့ပြီးနောက် မနေ့က သြဂုတ် ၃၁ ရက် ညနေ ၄ နာရီကျော်မှာ ထုံးကြီးကျေးရွာကနေ စစ်သင်္ဘောနဲ့လာပြီး ဝက်လက်မြို့နယ်အရှေ့ခြမ်း ဧရာဝတီမြစ်ကမ်းဘေးက ရေလည်မော်၊ မော်ဦးနဲ့ ကမ်းဖြူကျေးရွာတွေကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။

စစ်တပ်က စစ်ကြောင်းထိုးလို့ ခင်ဦး ဒေသခံ ၈၀၀၀ ခန့် မိုးရေထဲ တိမ်းရှောင်နေရ

"မနက် ၁၁ နာရီလောက်ကတည်းက မိုးကလည်းရွာထားတော့ ရွှံ့တွေဗွက်တွေထဲ တိမ်းရှောင်ရတာပါ။ အခုညတော့ မိုးကစဲသွားပြီ။ စစ်ရှောင်တွေကတော့ လယ်ကွင်းတွေ၊ ကန်သင်းတွေနဲ့ သစ်ပင်ရိပ်အောက်တွေမှာပဲ"

ခင်ဦးမှာ စစ်ကောင်စီစစ်ကြောင်း စနိုက်ပါနဲ့ ပစ်ခံရလို့ ၄ ဦးသေဆုံးပြီး အများအပြား ဒဏ်ရာရ

"သူတို့စစ်ကြောင်းထိုးလာတာကို ကျနော်တို့ကြိုသိရတယ်။ ရှေ့ကနေအဆင်သင့်စောင့်နေတာ။ သူတို့ ကျနော်တို့ရဲ့ပစ်ကွင်းထဲကိုရောက်တာနဲ့ စနိုက်ပါနဲ့ ပစ်လိုက်တာ ၄ ကောင်တခါတည်းမှောက်ပြီး သေတယ်။ တိုက်ပွဲအချိန်က မိနစ် ၄၀ လောက်ကြာတယ်။" လို့ ပြောပါတယ်။

ဆောနယ်က ကျေးရွာ ၃ ရွာကို စစ်အုပ်စုက ဧည့်စာရင်းစစ်ဆေးနေ

ကျောက်ထုအ‌မြှာက်တပ်အတွင်းရှိ GE ဂိတ်ကစစ်ကောင်စီတပ်ဖွဲ့တွေကို ဒုတပ်ရင်းမှူးရဲမာန်ဝင်းက ဦးဆောင်ပြီး ဆောနယ်ထဲက မြို့ပေါက်ကျေးရွာ၊ နတ်ရဲကျေးရွာ၊ ပေါက်ခေါင်းကျေးရွာတွေကို လူစုခွဲပြီး လိုက်လံစစ်ဆေးနေတာတွေ ပြုလုပ်နေတဲ့အပြင် သူတို့မယုံကြည်တဲ့ နေအိမ်တွေကိုတော့ ပုံစံတဆယ် ပြခိုင်းတာ လူပိုတွေ ရှိမရှိ စစ်ဆေးတာမျိုးတွေ ပြုလုပ်နေတယ်လို့ ဆိုပါတယ်။

စစ်တပ်ပစ်တဲ့ လက်နက်ကြီးထိမှန်လို့ ယာခင်းထဲအလုပ်လုပ်နေတဲ့ မြေးအဖွား ၂ ဦး ဒဏ်ရာရ

"တိုက်ပွဲဖြစ်ပွားတာမျိုးမရှိဘဲ ဘယ်ကပစ်မှန်းမသိတဲ့ လက်နက်ကြီးကျတာ။ ဒဏ်ရာကတော့ မများကြဘူး။ အစမှန်တဲ့ ဒဏ်ရာလောက်ရကြတာ" လို့ ဒေသခံတဦးက ပြောပါတယ်။

စစ်အုပ်ချုပ်ရေးဒေသ အုတ်ဖိုမှာ စစ်ကောင်စီဗိုလ်ကြီး ၁ ဦး သေနတ်နဲ့ ပစ်ခတ်ခံရ

ဗိုလ်ကြီးတင်မျိုးအောင်ကို အုတ်ဖိုမြို့နယ်၊ အေးမြသာယာမြို့သစ်မှာ ဒီမနက် ၁၀ နာရီခွဲလောက်က အရပ်ဝတ်နဲ့ ဆိုင်ကယ်မောင်းပြန်လာချိန် သေနတ်နဲ့ပစ်ခတ်ခဲ့တာလို့ ဆိုပါတယ်။

ထန်းတပင်မှာ တိုက်ပွဲဖြစ်၊ အရပ်သား ၂ ဦးသေဆုံး

"မနက်က အဲ့ဘက် (မြို့ဆိုးကျေးရွာအနီး) တိုက်ပွဲဖြစ်တယ်လို့ သိရတယ်။ လက်နက်ကြီးထိလို့ လင်မယား ၂ ယောက် သေတယ်ဆိုတာလည်း ဟုတ်တယ်။ ဒါပေမယ့် ဘယ်ဘက်ကပစ်ခတ်တဲ့ လက်နက်ကြီးမှန်လို့ သေဆုံးတယ်ဆိုတာတော့ မသိရသေးဘူး။"လို့ ဒေသခံတဦးက ပြောပါတယ်။

ကလေးမှာ စကစနဲ့ပူးပေါင်းပြီး သေနတ်ကိုင်တဲ့ ဘုန်းကြီးကို PDF ကဖမ်းဆီးကာ ခံဝန်နဲ့ပြန်လွှတ်ပေး

"ဥုးသုနန္ဒစီးလာတဲ့ ကားထဲမှာ မြို့ထဲကနေ လမ်းကြုံလိုက်ပါလာတဲ့ ဘုန်းကြီး ၃ ပါးနဲ့ အမျိုးသမီး ၁ ယောက်ပါတယ်။ သူတို့ကိုတော့ ဘာမှမလုပ်ဘဲ ချက်ချင်းပြန်လွတ်ပေးတယ်။ ဥုးသုနန္ဒကိုတော့ စစ်ဆေးမေးမြန်းဖို့အတွက် ခေတ္တခေါ်ယူခဲ့တယ်" လို့ ကလေးမြို့နယ်၊ ပြည်သူ့လုံခြုံရေးအဖွဲ့ခေါင်းဆောင် ရဲမှူးအောင်ကြီး က ပြောပါတယ်။

အညာဒေသက ကျောင်းသားလက်ရုံးတပ် အထူးတိုက်ခိုက်ရေးသင်တန်းဆင်းပွဲကို AA တာဝန်ရှိသူတွေ တက်ရောက်

“အထူးတိုက်ခိုက်ရေး သင်တန်းဆင်းပွဲက ပထမဆုံးအကြိမ်ပါဗျ။ သင်တန်းလေ့ကျင့်ရေး ကြမ်းတမ်းမှုကြောင့် ရဲဘော် ၂ ဦး ဆေးနားသွားရတယ်။ ကျနော်တို့လှုပ်ရှားတဲ့ စစ်ဒေသတွေမှာ မဟာဗျူဟာမြောက်တိုက်ပွဲတွေ ဖော်ဆောင်ဖို့ကို အဓိကထားလုပ်ဆောင်သွားမှာပါ " လို့ ကျောင်းသားလက်ရုံးတပ်တော် တာဝန်ရှိသူတဦးက မြေလတ်အသံကို ပြောပါတယ်။

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10