သတင်းတို

ပဲခူးတိုင်းနဲ့ မွန်ပြည်နယ်ကြားမှာ KNU-KNLAအပါ မဟာမိတ်အဖွဲ့တွေ နယ်မြေရှင်းလင်းရေးလုပ် (ရုပ်/သံ)

"နယ်မြေစိုးမိုးရေး စစ်ဆေးရေးတွေကို ကျနော်တို့ မွန်ပြည်နယ်နဲ့ ပဲခူးတိုင်းကြားပေါ့၊ ဝေါနဲ့ သိမ်ဇရပ်မှာ လုပ်တာ၊ ပြည်သူတွေလည်း လိုက်နာကြပါတယ်။ ကျနော်တို့ စစ်ဆေးရေးကို မနက်ကနေ နေ့ခင်း ၃ နာရီလောက်အထိ လုပ်ခဲ့တယ်"

ပဲခူးရိုးထဲကနေ တရားမဝင်ကျွန်းသစ်ခိုးထုတ်လာတဲ့ကားကို PDF က မိုင်းခွဲ

"သစ်ခိုးကား ပြန်လာမယ်သတင်းရလို့ စောင့်ဆိုင်းနေတာပါ။ ကားသမားတွေ ထွက်ပြေးသွားတယ်။ ကျနော်တို့လည်း ကားကိုစစ်ဆေးပြီး‌ ဖမ်းမိတဲ့နေရာမှာပဲ ဖျက်ဆီးပစ်ခဲ့တယ်။ အခုချိန်ထိ ဘယ်သူမှ လာမယူသေးဘူး၊ လူအထိခိုက်မရှိဘူး။ ကားရှေ့ပိုင်းတော့ပျက်စီးသွားတယ်"

ခင်ဦးမြို့ကို စစ်တပ်ဝင်မွှေ

သြဂုတ် ၁၉ ရက် ဒီနေ့ နေ့လယ် ၁ နာရီလောက်မှာ ကန့်ဘလူမြို့ကထွက်လာတဲ့ စစ်ကြောင်းနဲ့ ခင်ဦးမြို့နယ် မဒေါင်းလှကျေးရွာမှာ တပ်စွဲထားတဲ့စစ်ကြောင်းတို့ ပူးပေါင်းပြီး ခင်ဦးမြို့ပေါ်ကိုရောက်လာကာ မြကန်သာရပ်ကွက်က နေအိမ်တွေကို တအိမ်တက်တအိမ်ဆင်း ဝင်ရှာဖွေနေတယ်လို့ မြို့ခံတွေက ပြောပါတယ်။

ယမားချောင်းတံတားပေါ်မှာ လူအစုလိုက်အပြုံလိုက်သတ်ခဲ့တဲ့ စစ်ကောင်စီစစ်ကြောင်း ကနီနယ်မှာ တိုက်ခိုက်ခံရ

အင်အား ၃၀၀ ခန့်ရှိတဲ့ စစ်ကောင်စီစစ်ကြောင်းဟာ ယင်းမာပင်ဘက်မှ ကနီနယ်ကို ဩဂုတ် ၁၇ ရက်နေ့ကစတင်ပြီး စစ်ကြောင်း ၃ ကြောင်းခွဲကာ ၀င်ရောက်လာတာဖြစ်ပြီး ကျောက်ကုန်းရွာနဲ့ နွားခြံကုန်းရွာတွေအနီးမှာ ၂ ရက်ဆက်တိုက် ပိတ်‌ဆို့တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

အုတ်ဖိုမှာ ပျူစောထီးခေါင်းဆောင်လို့ဆိုသူ သေနတ်နဲ့ပစ်ခတ် ရှင်းလင်းခံရ

“ သူ့ကိုရှင်းလင်းရတဲ့ အဓိကအကြောင်းက သူကနယ်မြေခံ PDF တွေရဲ့ သတင်းကိုစစ်ကောင်စီကိုပေးနေတာပဲ။ ပျူစောထီးခေါင်းဆောင်လည်းဖြစ်တယ် ရဲစခန်းထဲမှာလည်းနေတယ်။ ပိုဆိုးတာက စစ်တပ်ကလာရင် PDF စခန်းတွေကိုလမ်းပြတာပဲ။ သူလိုလူမျိုးတွေရှိနေလို့ ကျနော်တို့ ဝိုင်းရဲစခန်းကို မစိုးမိုးနိုင်သေးတာ။ ဒါကြောင့်ရှင်းလင်းလိုက်ရတာပါ"

ဝန်းသိုမှာ PDF စခန်းတခု စီးနင်းမီးရှို့ခံရတဲ့အပြင် ရဲဘော် ၃ ဦးပါ သတ်ခံရ

“အဲ့ဒီနေရာက ဆက်သွယ်ရေးစက်ထောင်ထားတဲ့နေရာပါ။ ဒီနေရာကို သူတို့ အခုမှဝင်တာပါ။ အရင်က အဝေးကနေပဲ လက်နက်ကြီးတွေနဲ့ လှမ်းထုတာမျိုးတွေပဲရှိတယ်။ ဒီတခါတော့ ရုတ်တရက်အပျောက်ဝင်လာတော့ သူ့ဘက်ကနေရော၊ ကိုယ့်ဘက်ကနေရော အပြန်အလှန် ပစ်ခတ်တာမျိုးတော့ဖြစ်တယ်။ ဒဏ်ရာရတဲ့ ရဲဘော်တယောက်ကိုလည်း မီးရှို့သတ်သွားတယ်။”

မတ္တရာနယ်မှာ ရိက္ခာပြတ်နေတဲ့ စစ်အုပ်စုက ဒေသခံနေအိမ်တွေကို ဝင်မွှေ၊ ရွာပြင်ထွက်လာတဲ့ တပ်ကြပ်ကြီး ၁ ဦးကို အရှင်ဖမ်းမိထား

" မနေ့ကဝန်စုရွာရဲ့အနောက်ဘက်က ရွာသစ်ရွာထဲကို အင်အား၂၀လောက်နဲ့ရိက္ခာတွေ ဝင်သယ်တ ယ်။ ဒေသခံတွေက သူတို့စဝင်လာတဲ့ရက်ကတည်းက ရှောင်နေကြတာဆိုတော့ ရွာထဲမရှိကြဘူး "

လက်နက်နဲ့ CDMဝင်လာတဲ့ ရဲတပ်သားကို ဂုဏ်ပြုငွေ‌ ချီးမြှင့်

“ခုမှထုတ်ပြန်တာကတော့ လုံခြုံရေးအနေထားကြောင့်ပါ၊ သူတို့ထွက်မယ်ဆိုကတည်းက ချိတ်ဆက်ပြီး အခက်ခဲကြားက ရအောင်ကို ခေါ်ထုတ်ခဲ့ပါတယ်ဗျ၊ ခေါ်ယူစဉ် အန္တရာယ်တော့ မရှိခဲ့ပေမဲ့ လမ်းခရီးကတော့ အတော်လေးကို ခက်ခက်ခဲခဲနဲ့ ခေါ်ထုတ်ခဲ့ရတယ်၊ လောလောဆယ် လုံခြုံစွာရှိနေပါတယ်၊ တခြားနေရာမှာ တာဝန်ထမ်းဆောင်မယ်လို့လည်း ကျတော်တို့အနေနဲ့ မျှော်လင့်ရပါတယ်၊ လက်ရှိမှာတော့ တာဝန်ပေးထားတာ ဘာမှမရှိသေးဘူး။"

ကမ်းနီရေနံမြေက ရေနံစိမ်းတွေကို စစ်တပ်အရာရှိတဦးအပါအဝင် လူတစုက ခိုးထုတ်နေတယ်လို့ဆို

"ရေနံမြေလုံခြုံရေးအဖွဲ့ဝင်တွေက အထဲက ရေနံစိမ်းတွေကို ခိုးထုတ်ပေးတယ်။ ဗိုလ်ကြီး မင်းဝေနဲ့ ပဏာစားတဲ့သူတွေက ဝယ်ယူတယ်။ ကမ်းနီစခန်းက နယ်ထိန်းက လမ်းကြောင်းကြည့်ပေးတယ်။ အဲ့လိုနည်းနဲ့ နိုင်ငံပိုင်ရေနံစိမ်းတွေကို ခိုးထုတ်နေကြတာ"

အကြမ်းဖက်မှုကို အားပေးနေတဲ့ မြန်မာဝမ်ပေါင်-ယန်စီကုမ္ပဏီကို ဆားလင်းကြီးဒေသခံတွေ ရှုံ့ချဆန္ဒပြ

"ဆန္ဒပြရတဲ့ အဓိကရည်ရွယ်ချက်ကတော့ ဝမ်ပေါင်နဲ့ယန်စီကို ပြစ်တင်ရှုံ့ချကန့်ကွက်တာပါပဲ။ ဒေသခံတွေရဲ့ လုပ်ငန်းခွင် အခြေအနေအရ ရွာတရွာတည်းပဲ လုပ်ဖြစ်ခဲ့တာ"

စစ်တပ် စစ်ဆေးရေးဂိတ် တိုက်ခိုက်ခံရပြီး ၂ ပွင့်ဗိုလ်အပါ စစ်သား ၃ ဦးသေဆုံး (ရုပ်/သံ)

"ဂိတ် အနီးအနားမှာ ကင်းပုန်းဝတ်တဲ့ပုံစံမျိုး စောင့်နေတဲ့ ** ၂ ကောင်ကို ကျနော်တို့ လက်ဦးမှုယူပြီး မီတာ ၅၀ အကွာကနေ ပစ်သတ်နိုင်ခဲ့တယ်။ ဘန်ကာနားမှာထိုင်နေတဲ့ ၂ ပွင့်ဗိုလ်လည်းမှန်တယ်။ မှန်ပြီးပြီးချင်း ပခုက္ကူသပြေညိုဆေးရုံမှာ တက်ရောက်ကုသတယ်၊ ညက သေသွားတယ်။ ကျနော်တို့ သတ်ချင်နေတဲ့ ပျူကောင် ခြေထောက်မှန်တယ်၊ အဲ့ဒီကောင်ကတော့ မသေဘူး၊ ဆေးကုနေတယ်၊"

ရွှေဘိုက ဆန်ကုန်သည် ၁ ဦးနေအိမ် ဓါးပြတိုက်ခံရပြီး ကျပ်သိန်း ၁၇၀ ကျော်ပါသွား

"အိမ်မှာက သက်ကြီးပိုင်းတွေပဲရှိနေချိန်၊ (ဓားပြ) ၂ ယောက်က အိမ်ထဲဝင်ပြီး အပြင်မှာ တချို့က စောင့်ပြီး ငွေတွေယူသွားတယ်လို့ သိရတယ်။ အနည်းဆုံး လူ ၄ ဦးလောက်ပါတယ်။ သေနတ်တွေလည်းပါတယ်"

အရှေ့ဘုန်းကံရွာတိုက်ပွဲမှာ စစ်အုပ်စုဘက်ဒဏ်ရာရသူ ၃ဦးထဲက ၂ဦးသေဆုံး (ရုပ်/သံ)

အဲ့ဒီတိုက်ပွဲမှာ စစ်ကောင်စီဘက်က ၃ ဦးဒဏ်ရာပြင်းထန်ပြီး ၂ ဦး မစိုးရိမ်ရ ဒဏ်ရာရကာ ဒဏ်ရာပြင်းထန်သူ ၃ ဦးထဲက ၂ ဦးဟာ သြဂုတ် ၁၇ရက် ညပိုင်းမှာ သေဆုံးခဲ့တယ်လို့ Southen YSO PDF တာဝန်ခံ ဗိုလ်အောင်မောင်းကပြောပါတယ်။

နတ်တလင်းမှာ အုပ်ချုပ်ရေးမှူးတွေက ပြည်သူ့စစ်ဖွဲ့ဖို့ လိုက်လံစည်းရုံးစုဆောင်းနေ

"ပြည်သူ့စစ်ဆိုပြီး တအုပ်စု တရပ်ကွက်ကို ၅ ယောက်ပေးရမယ်။ လစာက တလကို နှစ်သိန်းတသောင်းနဲ့ လက်နက်ပေးမယ် ဂိတ်တွေမှာပဲစောင့်ရမယ်ဆိုတဲ့ မက်လုံးပေးတယ်။ အုပ်စုတိုင်းရပ်ကွက်တိုင်းတော့ ရချင်မှရမယ်။ အုပ်ကြီးတွေကသူတို့နဲ့ နီးစပ်သူတွေကိုတော့ လက်သိပ်ထိုး လိုက်စုနေတယ်"

စစ်ကိုင်းမှာ တပ်မ ၃၃ စစ်ကြောင်း လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခံရ (ရုပ်/သံ)

"အဲ့ဒီစစ်ကောင်စီစစ်‌ကြောင်းဟာ ပဒူရွာမှာ အထိုင်ချနေတာ။ အင်အားကတော့ ၇၀ လောက်ပါတယ်။ စစ်သားတွေကတော့ တပ်မ ၃၃ ကပါ။ လက်လုပ်အဖူး ၁၂ လုံးလောက်ပစ်ခဲ့တယ်။ ထိခိုက်သေဆုံးမှုကို စုံစမ်းနေတုန်း"

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10