သတင်းတို

ကျွန်းလှမြို့နယ်၊ ကြာတကံရွာကို စစ်အုပ်စုက ဒုတိယအကြိမ်မီးရှို့

“ကျနော်တို့ ကြားတာက ပြီးခဲ့တဲ့ ၂ ရက်လောက်က ကျွန်းလှမှာ ပျူအချင်းချင်းပစ်ခတ်မှုဖြစ်တယ်။ အဲ့ဒီထဲမှာ ပျူတယောက်က ကြာတကံရွာဘက်ကိုပြေးလာလို့ သူတို့တွေက ကြာတကံရွာကိုလာပြီး မီးရှို့တယ်လို့တော့ ထင်တာပဲ။ ထွက်ပြေးလာတဲ့ ပျူမှာ ကာဘိုင်တလက်နဲ့ စက်လတ်ကျည် တွေပါလာတယ်တဲ့။ အခုကြာတကံရွာက နေအိမ် ၄၀ ကျော်လောက် မီးထဲပါသွားပြီတဲ့”

မုံရွာ-အရာတော် လမ်းမကြီးပေါ်က ၈ လေးလုံးနေ့ အကြိုသပိတ် (photo news)

ဩဂုတ် ၇ ရက် ဒီနေ့ မနက်ပိုင်းက “မပြီးဆုံးသေးတဲ့ ၈လေးလုံး လူထုလွတ်မြောက်ရေး တို့အတူရုန်း”၊ “ဥပဒေကို စစ်ကျွန်ပြု သွေးစွန်းလက်နဲ့ ဘုရားမတည်နဲ့” စတဲ့ ဘန်နာတွေကိုင်စွဲပြီး ကြွေးကြော်သံတွေနဲ့ ချီတက်ခဲ့ကြတယ်လို့ ဆိုပါတယ်။

စစ်ကောင်စီ ဝင်ငွေဖြတ်တောက်ဖို့ ပဲခူးရိုးမပေါ်ကို ကုန်တင်ယာ​ဉ်တက်ရောက်ခွင့် PDF ပိတ်ပင်

"အဓိကက ဆိုင်ကယ်နဲ့ အိမ်စီးကားကလွဲရင် ၆ ဘီး၊ ၁၂ဘီးအကုန်ပါတယ်။ ဒီကုန်ကားတွေ မီးသွေး၊ သစ်မှောင်ခိုကားတွေပေါ့။ ဒီနယ်ရဲ့ စကစ ဝင်ငွေလမ်းကြောင်းက ဒါတွေကအဓိကဖြစ်နေတာ"

စစ်တပ်က မီးရှို့ခဲ့တဲ့ မြောင်မြို့နယ်က ရွာ ၂ ရွာကို စားသောက်ကုန်တွေထောက်ပံ့

“ရွှေပေါက်ပင်ရွာနဲ့ လုံခြုံရေးအရအမည်ဖော်လို့မရတဲ့တရွာကို လှူဒါန်းခဲ့တာပါ။ အဲ့ဒီ ၂ ရွာကမီးဘေးသင့်သူတွေ လက်ရှိနေတာက နေအိမ်မီးလောင်ပြင်ကိုရှင်းပြီး ယာယီထန်းလက်မိုးတဲတွေနဲ့ နေကြတယ်"

ကျေးရွာ ၇ ရွာက စစ်မီးသင့်ပြည်သူတွေကို ကျန်းမာရေးစောင့်ရှောက်မှုနဲ့ ဆေးဝါးတွေထောက်ပံ့

"ပြည်တွင်းပြည်ပ အလှူရှင်တွေရဲ့ထောက်ပံ့မှုနဲ့ ကျနော်တို့ ရွှေဘိုမြို့နယ်လွတ်လပ်သောထောက်ပို့ရေးအဖွဲ့က သွားရောက်ပြီးတော့ ဆေးဝါးကုသမှုပေးခဲ့တာ၊ ကျန်းမာရေးစောင့်ရှောက်မှုသွားလုပ်တာမှာ ဆေးသင်တန်းတက်ထားတဲ့သူတွေတင်မဟုတ်ဘဲ CDM ပြုလုပ်ထားတဲ့ ဆရာ ဆရာမတွေကိုယ်တိုင်ဦးဆောင်ပြီးတော့ ဆေးဝါးကုသမှုတွေပေးကြတာပါ၊"

ချင်းတွင်းမြစ်ထဲ စစ်ကောင်စီ မော်တော်ရေယာဉ် ၃ စီး တိုက်ခိုက်ခံရ (ရုပ်/သံ)

"လက်နက်ခဲယမ်း သယ်လာတဲ့မော်တော်ကိုတော့ ချင်းတွင်းမြစ်ကြောင်း ပေါင်းဝရွာထိပ်မှာ ရှေ့ထွက်ပြောင်း ၁၁ ပြောင်းနဲ့ ပွိုင့် ၃ ပွိုင့်ခွဲပြီး တိုက်ခိုက်ခဲ့တာ၊ နောက်တပွိုင့်ကကျတော့ ရွှေကုန်းရွာထိပ်မှာ လက်နက်သယ်လာတဲ့ သင်္ဘောကို ကာဗာပေးနေတဲ့ စစ်သင်္ဘောကို ရှေ့ထွက်ပြောင်း ၁၀ ပြောင်းနဲ့ တိုက်ခိုက်ခဲ့တာ"

ရှစ်လေးလုံး လူထုသပိတ်အကြို စစ်အာဏာရှင်ဆန့်ကျင်ရေး စာတန်းချိတ်ဆွဲ

"ငွေကြေးဖောင်းပွမှု၊ လျှပ်စစ်မီးဖြတ်တောက်ခံရခြင်း၊ ကုန်စျေးနှုန်းအဆမတန်ကြီးမြင့်ခြင်း၊ ငတ်မွတ်ခြင်းတွေကနေ လွတ်မြောက်ဖို့အတွက် ပြည်သူလူထုတရပ်လုံးက တော်လှန်ရေးကို ဘေးကရပ်ကြည့် လက်ခုပ်တီးအားပေးမနေတော့ဘဲ ပုံစံမျိုးစုံနဲ့ တော်လှန်ကြဖို့ တိုက်တွန်းပါတယ်"

ဆိပ်ခွန်မြို့ထဲမှာ တပ်စွဲနေတဲ့ စစ်ကြောင်းကို တိုက်ခိုက်လို့  ၅ ဦးသေပြီး PDF ၁ ဦး သေဆုံး (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်က ဆိပ်ခွန်မြို့ထဲကို လာရောက်တပ်စွဲထားတဲ့ စစ်ကောင်စီတပ်သားတွေကို ဒေသခံမဟာမတ်တပ်ဖွဲ့တွေက ခုခံတိုက်ခဲ့လို့ နှစ်ဘက်ထိခိုက်သေဆုံးမှုရှိတယ်လို့ Shwebo Special Army - SBFA ရဲ့သတင်းပြန်ကြားရေးတာဝန်ခံ ကိုပိန်က ပြောပါတယ်။

စကျင်မြို့ပေါ် တောကြီးမြွေပွေးအဖွဲ့ လှည့်လည်ပြီးနောက် စစ်ကောင်စီက အလုံးအရင်းနဲ့ ပိတ်ဆို့စစ်ဆေး

"စကျင်ကျေးရွာကို စစ်ကောင်စီတပ်က စစ်ကား ၇ စီးနဲ့ မနက်၄နာရီကျော်မှာ ဝင်လာပြီး တပ်စွဲထားသလို အဲ့ဒီစစ်ကြောင်းက အင်အားခွဲပြီးတော့ စကျင်ရွာရဲ့မြောက်ဘက်မှာရှိတဲ့ မြွေပုံကန်ရွာအနီးက တောင်တန်းမှာလည်း တပ်စွဲထားပါတယ်။"

ပန်းတောင်းမှာ အမျိုးသားတဦး ကြိုးဆွဲချသေဆုံး

"သူက အရက်ကို စွဲစွဲမြဲမြဲသောက်တဲ့သူ။ စိတ်ကလည်း ပုံမှန်အခြေအနေ မဟုတ်တော့ လုပ်မိလုပ်ရာလုပ်တာဖြစ်မယ်။ ပြီးတော့ သူကတအိမ်တည်းဆိုပေမယ့် မိသားစုက အပေါ်ထပ်မှာနေပြီး သူကအိမ်အောက်ထပ်မှာ တယောက်တည်းနေတာလို့ သိရတယ်"လို့ ဒေသခံတဦးက ပြောပါတယ်။

သပိတ်ကျင်း တတက ၁၃ က စစ်ကောင်စီတပ်သားတွေ လိုက်ပါလာတဲ့ယာဉ်တန်း မိုင်းဆွဲခံရပြီး ၂ ဦး သေဆုံး

"မိုင်းဆွဲခံရလို့ ကားတစီးက ထိုးရပ်သွားတယ်။ ကျန်တဲ့ကားတွေလည်းရပ်ပြီး ထိခိုက်သေတဲ့သူတွေကို ကားပေါ်ပြောင်းတင်ပြီး ၃ မိုင်ကျေးရွာနားရောက်တော့ နာရေးကားနဲ့ပြောင်းတင်တယ်။ ပြီးတော့မှ ကြာအင်းစစ်ဆေးရုံဘက်ကို သယ်သွားတာကို သိရတယ်" ပြည်သူ့ကာကွယ်ရေးအဖွဲ့ ကြာညပ်မှ ရဲဘော်တဦးက မြေလတ်အသံကို ပြောပါတယ်။

ချင်းတွင်းမြစ်ထဲ စစ်ကောင်စီ ဖလပ်ခွန် ၃ စီးနဲ့ စစ်သင်္ဘော ၂ စီး တိုက်ခိုက်ခံရ (ရုပ်/သံ)

"မနေ့က ကတည်းက ပခုက္ကူဘက်မှာရောက်နေတယ်လို့ကြားတာ။ ကျနော်တို့က ကြိုတင်စောင့်ပြီး ၂ ပွိုင့်ခွဲပြီးပစ်ခဲ့တာ၊ တဖက်ပွင့်တွေနဲ့ လက်လုပ် ၆၀ မမ၊ ၄၀ မမ ဂန်းငယ်တွေနဲ့ ဝိုင်းပစ်ခဲ့ကြတာ။ ကျနော်တို့ကို အဲ့ဘက်နယ် အထောက်ပြောတာက ၁၀ ကောင်သေတယ်လို့ ပြောတယ်" လို့ Myanmar's Royal Dragon Army-MRDA တပ်ခွဲမှူး ဗိုလ်စေတန်က ပြောပါတယ်။

တပခတိုင်းမှူး ရာထူးတိုးနဲ့ နေပြည်တော်ကိုပြောင်းရွှေ့၊ ပြည် ဒကစမှူး နေရာကိုလည်း အပြောင်းအလဲလုပ်

လေ့ကျင့်ရေးအရာရှိချုပ်ဟာ စစ်ဦးစီးလက်ရုံးဝန်ထမ်းတပ်တွေဖြစ်တဲ့ လေ့ကျင့်ရေးကျောင်း၊တပ်တွေကို ကွပ်ကဲရတာဖြစ်ပြီး ယခင် လေ့ကျင့်ရေးအရာရှိချုပ် ဒု - ဗိုလ်ချုပ်ကြီး ဇော်မျိုးတင် ကယားပြည်နယ်ဝန်ကြီးချုပ်အဖြစ်ပြောင်းရွှေ့သွားတဲ့ ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလကစတင်လို့ အဲ့ဒီလေ့ကျင့်ရေးအရာရှိချုပ် နေရာဟာ လစ်လပ်နေ တာဖြစ်ပါတယ်။

ပုလဲမှာ စစ်ရှောင်တွေဆီက ရိက္ခာနဲ့တိရိစ္ဆာန်တွေကို စစ်သားနဲ့ပျူတွေလုယူ

နှောရိုးရွာနဲ့ တမိုင်လောက်ဝေးတဲ့ ဇီးဖြူကုန်းရွာက စစ်သားနဲ့ပျူစောထီးအဖွဲ့ဟာ မနေ့မနက် ၈ နာရီလောက်မှာ တောစပ်တွေအနီးနေထိုင်နေရတဲ့ စစ်ရှောင်တွေဆီရောက်လာပြီး စားနပ်ရိက္ခာ၊ အဝတ်အထည်နဲ့ တိရိစ္ဆာန်တွေကို လှည်းတွေနဲ့ ယူသွားခဲ့ကြတာလို့ ဆိုပါတယ်။

ယင်းမာပင်နယ်က PDF တပ်စိတ်မှူး ပစ်သတ်ခံရပြီး ရဲဘော်တဦးပါ အဖမ်းခံရ

"စစ်တပ်စစ်ကြောင်းက ကိုင်းတောရွာကနေစထိုးတော့ စစ်ကြောင်းကိုရှောင်ရင်း ထိပ်တိုက်တိုးတာဗျ။ ဖမ်းဆီးခံရတဲ့ရဲဘော်က အဆက်အသွယ်ပြတ်နေတယ်။ ကျဆုံးရဲဘော်ကိုတော့ မုံရွာနယ်ရပ်ကျေး ပြည်သူ့ကာကွယ်ရေးအဖွဲ့က အဲ့ဒီ (သြဂုတ် ၁) ညနေမှာပဲ သင်္ဂြိုဟ်ပေးခဲ့တယ်"

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10