သတင်းတို

ရေဦးနယ်၊ တင်းတိမ်ရံစျေးနဲ့နေအိမ်တွေက ပစ္စည်းတွေကို စစ်တပ်ကခိုးယူ

" စစ်**တွေက တင်းတိမ်ရံရွာက ပြည်သူပိုင်ပစ္စည်းတွေကို ခိုးယူဖို့ သီးသန့်ထွက်လာတာလို့ ခန့်မှန်းရတယ်။ ရွာထဲရှိတဲ့ နေအိမ်တွေနဲ့ စျေးကြီးထဲက ဆိုင်ခန်းတွေကို မွှေနှောက်ရှာဖွေပြီး သူတို့လိုချင်တာ ခိုးယူသယ်ထုတ်သွားတယ်"

ပေါက်နယ်က ပျူစောထီးကင်းတဲ ပစ်ခတ်ခံရလို့ ၁ ဦးသေဆုံးဟုဆို

“ကင်းတဲမှာ လက်နက်ကိုင်ထားတဲ့သူက ၅ ယောက် လက်နက်မပါတဲ့သူက ၃ ယောက်ပါ။ အဲ့ဒီ ကင်းတဲကို သူတို့ဆောက်လုပ်ထားတာ ၂ လကျော်ကျော်လောက်ရှိပြီ ။ သူတို့ဘက်ကလည်း ကျနော်တို့ကို လက်နက်ငယ်တွေနဲ့ ပြန်ပစ်ခဲ့တယ်။ လက်နက်ကြီးတွေတော့ မပါဘူး။ သေဆုံးတာကိုတော့ အတွင်းသတင်းအရင်းအမြစ်က သိရတာပါ ”

ဖြူး အုတ်ဖြတ်တံတားမှာ စနိုက်ပါနဲ့ပစ်ခံရလို့ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁ ဦးသေ၊ ဇူလိုင်လအတွင်း ၃ ဦးသေ

"ဒီနေ့က ဖြူးက စကစ အဖွဲ့တွေလည်း ကင်းလှည့်ရင်းရောက်နေတယ်။ ပုံမှန်ဆို တံတားအောက်မှာ စောင့်နေတဲ့ အင်အား ၅ ဦးလောက်ပဲရှိတာ။ အခုစနိုက်ပါနဲ့သွားပစ်တော့ သူတို့ဘက်ကလည်း ၄၀ မမနဲ့တချက်ပဲ ပြန်ပစ်တယ်။ တိုက်ပွဲဖြစ်တာတော့ မရှိဘူး"

NLD လက်ထက်တုန်းက ချေးထားတဲ့ သမချေးငွေကို စစ်တပ်က အတင်းအဓမ္မပြန်ဆပ်ခိုင်း၊ ငွေမရလျှင် လူဖမ်းကာ ငွေတောင်း

"ဒီနေ့ ဩဂုတ် ၅ ရက်နေ့လယ် အသရော်အုပ်စုက ချေးငွေချေးထားတဲ့သူတွေကို မြို့နယ်ရုံးကိုလာဖို့ ခေါ်တယ်။ ဖမ်းခံရမှာစိုးလို့ ဘယ်သူမှ မသွားကြဘူး။ ခုကာလက ငွေရေးကြေးရေးအဆင်မပြေ မဆပ်နိုင်ကြဘူး။ ဒါကို အကြွေးဆပ်ဖို့ သူတို့ဘက်ကလည်း နည်းပေါင်းစုံနဲ့ ဖိအားပေးနေကြတယ်။ ရုံးခေါ်ငွေတောင်း မပေးနိုင်သူတွေဖမ်း၊ ဖမ်းခံထိတော့ အပြင်က အတိုးကြီးနဲ့ချေး လူပြန်ရွေးရ။ ဒေသခံတွေက နလံမထူနိုင်ကြဘူး"

ပေါင်းတည်ရဲတပ်ဖွဲ့က အရပ်သားကို ရဲယူနီဖောင်းဝတ်ခိုင်းပြီး ပိုက်ဆံလိုက်တောင်းခိုင်း

“အရပ်သားဆိုပေမယ့် ရဲနဲ့ပေါင်းနေတော့ ရဲတွေဆီကမကောင်းတဲ့အကျင့်က အကုန်ရနေတာ။ ကားတွေ ဆိုင်ကယ်တွေကို ဓါးပြတိုက်သလိုတောင်းပြီး ရတဲ့ငွေကို စစ်သားပါရင်လည်း စစ်သားတွေကိုပါခွဲဝေယူကြတာ။ ဂိတ်တွေပိတ်တယ်သာပြောတာ ငွေတောင်းတာက ရပ်သွားတာမျိုးတော့မရှိဘူး”

ကျောက်ရစ်ရဲစခန်းကို PDFတွေ ဝင်တိုက်ခိုက်ခဲ့လို့ စစ်သား ၃ ဦးသေဆုံး (ရုပ်/သံ)

“၃ ဦးသေတယ် ၁၀ ယောက်ကျော် ဒဏ်ရာရတာမှာ ၄ ယောက်ကတော့ ဒဏ်ရာပြင်းထန်တယ်။ ဒီထိခိုက်သေဆုံးမှုကိုတော့ ခိုင်လုံတဲ့ သတင်းအရင်းအမြစ်ကနေ သိရတာပါ။ သူတို့နဲ့ ကျနော်တို့နဲ့က မီတာ ၁၀၀ ကျော်ကျော်လောက်ပဲ ကွာတယ်။ စစ်ကောင်စီဘက်က မင်းတို့ကောင်တွေ သတ္တိရှိရင်တက်ခဲ့ ဆဲဆိုတာတွေကအစ ကြားနေရတယ်။”

ဂုတ်တွင်းလမ်းပိုင်းမှာ စစ်တပ်ယာဉ်တိုက်ခိုက်ခံရလို့ သေဆုံးသူတွေထဲ ရေတာရှည်ဇာတိ ဗိုလ်ဟိန်းဇာနည် ပါဝင်

“သူက ရေတာရှည်ဇာတိပေမယ့် နောင်ချိုမှာ တာဝန်ကျနေတာ။ မိသားစုတွေက ရေတာရှည်မှာပဲ။ ခုသူ့အိမ်က ဆွမ်းသွပ်ဖို့လုပ်နေတယ်လို့တော့ ကြားတယ်။ ဒီဘက်မှာက ကြီးကြီးကျယ်ကျယ်တော့ မလုပ်ကြဘူး။ ဘုန်းကြီးကျောင်းမှာ ဆွမ်းသွားပို့တာလောက်တော့ လုပ်မယ်ကြားတယ်။”

ရေစကြိုမှာ တရက်တည်းတိုက်ပွဲ ၄ ကြိမ်ဖြစ်ပွားခဲ့ရာ နှစ်ဖက်အကျအဆုံးရှိ

" စစ်**တွေလာမယ်ဆိုတာသိလို့ ပြည်သူတွေကို ရွာထဲကနေ ကယ်ထုတ်နေကြတာ။ တချို့ကလည်း ရွာကနေဘယ်မှ မသွားချင်ကြတာရှိတယ်။ စစ်ကြောင်းကို မိုင်းဆွဲဖို့ ရွာအပြင်ဘက်က မိုင်းကွင်းဆီ ရဲဘော်တွေသွားတယ်။ အဲ့ဒီနေရာကို စစ်သားတွေက ကြိုရောက်နေတော့ အနီးကပ်ပစ်ခတ်တာ ခံလိုက်ရတယ်"

စစ်ကောင်စီတပ်စွဲထားပြီး ပျူအားကောင်းတဲ့ ကနီရွာ တိုက်ခိုက်ခံရလို့ ၅ ဦးသေ ၄၅ ဦး ဒဏ်ရာရဟုဆို

"မြိုင်မြို့နယ်ထဲက ကနီပျူရွာကို တိိုက်ခိုက်ခဲ့တာပါခင်ဗျ။ အိမ်ခြေ ၅၀၀ ရှိပြီး ပျူနဲ့စစ်ကောင်စီတပ်တို့ ရောနှောနေထိုင်တဲ့ရွာဖြစ်လို့ အင်အားတော့ အတော်ကြီးတယ်လို့"

စစ်ကြောင်းဝင်လာချိန် ဖုန်းပြောနေလို့ မတ္တရာနယ်ကအဘိုးနဲ့အဘွားကို စစ်တပ်က ရိုက်နှက်

"မနေ့ညက အဖမ်းခံရတာတော့ ၂၀ ကျော်တယ်။ အဲ့ဒီအထဲက အဘိုးနဲ့အဘွားက ဖုန်းပြောနေတုန်းဖမ်းမိတော့ မသင်္ကာပြီးရိုက်နှက်စစ်ဆေးတယ်လို့ ပြောတယ်။ အခုတော့ အကုန်ပြန်လွတ်လာပြီ"

ဒရုန်းနဲ့ဗုံးချခံရလို့ ဒရုန်းလာရာလမ်းကြောင်းကို စစ်ကြောင်းထိုးတဲ့စစ်ကောင်စီတပ် ကြားဖြတ်တိုက်ခံရပြီး ၅ ဦးသေဟုဆို

"ရွာတွေဝင် အိမ်တွေပေါ်တက်စစ်တဲ့ အဖွဲ့ပါ။ ပစ္စည်းယူ လူဖမ်းတာတော့ မရှိဘူး။ ပထမအကြိမ်ကတော့ သူတို့ရွာထဲမှာ စုနေချိန် ဒရုန်းနဲ့တိုက်ခဲ့တာ။ နောက် ဆူးဖြူကုန်းရွာနားရောက်ချိန်မှာတော့ ပစ်ခတ်မှု ၁၅ မိနစ်လောက်ဖြစ်တာ"

မြောင်မှာ စနိုက်ပါထုတ်လုပ်အောင်မြင်ခဲ့ပြီး မဟာမိတ်အဖွဲ့ကို တလက်ထောက်ပံ့ (ရုပ်/သံ)

"စစ်ကောင်စီကို မျက်နှာချင်းဆိုင်ရင်ဆိုင်တိုက်နိုင်တဲ့ အင်အားမရှိသေးဘူး။ အဲ့တော့ ပြောက်ကျားစနစ်ကို သုံးပြီးတိုက်နေရတယ်။ တချက်ချင်းပစ်ခတ်ရတဲ့ အနေအထားမှာ 7.62 G3 ကျည်နဲ့ပစ်ရင် အကွာအဝေး အတော်ဝေးဝေးကို ပစ်နိုင်သလို Damage လည်း ပိုပြီးထိရောက်မှုရှိတယ်။ ရန်သူကိုထိထိရောက်ရောက် ပစ်ခတ်နိုင်တယ် "

အချုပ်ချထားတဲ့ အမျိုးသမီးတဦးအား အဓမ္မပြုတဲ့ အချုပ်ခန်းစောင့် ၈ ဦးကို ဖမ်းဆီးစစ်ဆေးနေ

“သူတို့ ၈ ဦးကို ဖမ်းဆီးထားတယ်။ လွှတ်ထားတာမျိုးမရှိဘူး။ ပုဒ်မတပ်တာ၊ အမှုဖွင့်တာနဲ့ ပတ်သက်ပြီး ပြည့်သူကာကွယ်ရေးအဖွဲ့နဲ့ ဥပဒေရေးရာတာဝန်ခံ ဆောင်ရွက်နေပြီး ပြစ်မှုပြစ်ဒဏ်နဲ့ညီတဲ့ ပြစ်ဒဏ်ချနိုင်ရေးကို တရားရေးဌာနဘက်က အမျိုးသားညီညွတ်ရေးအစိုးရဲ့ သက်ဆိုင်ရာဝန်ကြီးဌာနနဲ့ ပူးပေါင်းဆောင်ရွက်နေတာတွေ ရှိတယ် "

လိုင်စင်မဲ့ ပရဟိတကားတွေကို ဖမ်းပြီးသိမ်းနေလို့ ကျန်းမာရေးကိစ္စသွားလာဖို့ အခက်တွေ့နေကြ

"ပရဟိတကားတွေသွားလာရတာ မလွယ်တော့ လူနာတွေသွားလာဖို့ အခက်တွေ့နေကြတယ်။ အသင်းတွေကလည်း အဖမ်းခံရမှာစိုးလို့ မလိုက်ရဲကြဘူး။ လိုင်စင်မဲ့ကားတွေ ဖမ်းတာဖြစ်လို့ ကျနော်တို့ အသင်းလည်း လိုင်စင်နဲ့ကားမရှိလို့ နားထားရတယ်"

LPDF အဖွဲ့က သံမရှိလို့ သေနတ်ကို သတ္တုဖြင့် စမ်းသပ်ထုတ်လုပ်ရာ မအောင်မြင်

"သေနတ်ကို ၃ ချက်ပစ်ခတ်လိုက်တဲ့အခါမှာ Gas လိုင်းက မခံနိုင်တော့ကျိုးသွားတာ။ ကျနော်တို့က LPDF ဖြစ်တော့ ကုန်ကြမ်းဝယ်ဖို့ ငွေကြေးမတတ်နိုင်ဘူး။ အခုက ရဲဘော်တွေရဲ့ မိသားစုဝင်တွေဆီက ပိုက်ဆံချေးပြီး လုပ်နေရတာ"

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10