ဒီပဲယင်းနယ်က မရကန်ရွာကို စစ်ကောင်စီမီးရှို့
“အဲဒီစစ်**တွေ မနေ့ညက ပိဋကတ်ကျရွာမှာ အိပ်တယ်။ ဒီနေ့မနက်မှ မရကန်ရွာထဲကို လက်နက်တွေပစ်ဖောက်ပြီး ဝင်လာတယ်။ မရကန်ရွာက အခုလိုမီးရှို့ခံရတာ သုံးလေးကြိမ်လောက်တော့ရှိပြီ။ ၂၀၂၂ ခုနှစ်ကတည်းက။”
“အဲဒီစစ်**တွေ မနေ့ညက ပိဋကတ်ကျရွာမှာ အိပ်တယ်။ ဒီနေ့မနက်မှ မရကန်ရွာထဲကို လက်နက်တွေပစ်ဖောက်ပြီး ဝင်လာတယ်။ မရကန်ရွာက အခုလိုမီးရှို့ခံရတာ သုံးလေးကြိမ်လောက်တော့ရှိပြီ။ ၂၀၂၂ ခုနှစ်ကတည်းက။”
“သူတို့က ကျနော်တို့ဘက်ကို ကျွံလာတာ။ အင်အား ၃၀ လောက်နဲ့ ထွက်လာတာ။ အဲ့ဒီထဲမှာမှ ရှေ့ပြေးကင်းအနေနဲ့ လေးငါးယောက်လောက်ထွက်လာတော့ ကျနော်တို့ဘက်ကလည်း ကင်းအချင်းချင်းတွေ့တာဆိုတော့ ပစ်ခတ်ကြတာပါ။”
‘’စစ်တပ်က ဆိပ်ခွန်ရွာကနေ ပြန်မထွက်သေးတော့ ရွာ ၄ ရွာစလုံးက ပြန်မဝင်ရသေးဘူး။ တချို့က နီးစပ်ရာဘုန်းကြီးကျောင်းတွေမှာ ခိုလှုံကြပြီး တချို့က ဒီပဲယင်းနယ်ဘက်ကို သွားရှောင်ကြတယ်’’
“ပြည်သူတွေ အရေးပေါ်အခြေအနေ ဖြစ်နေလို့ ကိုယ့်တပ်ဖွဲ့ရိက္ခာထဲကနေ စစ်ရှောင်ပြည်သူတွေကိုတော့ တတ်နိုင်သလောက် ပြန်ပြီးထောက်ပံ့ဖြစ်တာပါဗျ။ လောလောဆယ်စားဖို့ ဆန်တမျိုးပဲလှူဒါန်းခဲ့တာပါ"
"ကားကိုတော့ မဆွဲလိုက်ရဘူး။ တောပုတ်ထဲ ကင်းပုန်းကျန်တဲ့ ၂ ကောင်ကိုပဲ အသင့်ထောင်ထားတဲ့ မိုင်းတလုံးနဲ့ ဆွဲလိုက်တာ။ ၂ ကောင်လုံး ပက်လက်လန်ပြီသေသွားတယ်"
"သူတို့အလေ့အကျင့်ကိုသိတော့ စာတန်းချိတ်ထားတဲ့နေရာမှာကော အနီးဝန်းကျင်တွေမှာကော မိုင်းတွေဆင်ထားခဲ့တာ။ သူတို့က ကင်းပုန်းချနေချိန် မိုင်းထိတာတောင် မမှုဘဲ စာတမ်းကို မရမကဖြုတ်တော့ နောက်ထပ်မိုင်းနဲ့ ဆွဲပေးလိုက်တယ်"
"သူက ဆိုင်ကယ်၊ ကား ပွဲစားလုပ်တဲ့သူလို့ သိရတယ်။ ပွဲစားလုပ်သူဆိုတော့ စကစ အဖွဲ့တွေနဲ့ ပေါင်းသင်းတာလည်း ရှိတယ်။ အဲ့ဒါကြောင့်ပစ်ခံရတာလား၊ ဘာကြောင့်ဆိုတာတော့ မပြောတတ်ဘူး"
"စစ်ဆေးရေးဂိတ် သိမ်းတဲ့အချိန် ညနေ ၅ နာရီလောက်မှာ ကျနော်တို့က မောင်းသူမဲ့ လေယာဉ် ၂ စီးနဲ့ ဗုံးသီး ၄ လုံးချခဲ့တာ။ သူတို့ဘက်က ၆၀ မမနဲ့ ၂ လုံးပြန်ပစ်တဲ့အပြင် လက်နက်ငယ်တွေနဲ့လည်း ပစ်တယ်။ ကျနော်တို့ဘက်က ရဲဘော်တွေတော့ မထိခဲ့ပါဘူး။မောင်းသူမဲ့ လေယာဉ်နဲ့ ဗုံးသီးချတိုက်ခိုက်ခဲ့တာမှာ ထိခိုက်သေဆုံးမှုကိုတော့ အတည်မပြုနိုင်ပါဘူး"
"ကင်းပုံးနဲ့တွေ့တဲ့အချိန် ကျနော်တို့ဘက်က တယောက်တည်းကပဲ ပြန်ပစ်နိုင်ခဲ့တာ။ သူတို့ဘက်ကတော့ ၇၀ လောက်ရှိတယ်"လို့ ကိုနတ်ဆိုးက ပြောပါတယ်။
၂ ရက်ဆက်တိုက် မိုးရွာသွန်းတာကြောင့် ဂန့်ဂေါမြို့နဲ့ ၁၆ မိုင်ကျော်ဝေးတဲ့ ထယ်လှော်ကျေးရွာတောင်ဘက်က တင်းလဲချောင်းနဲ့ မြောက်ဘက်က လောင်ဂတ်ချောင်း ၂ ခုစလုံးမှာ ရေကြီး၊ ရေလျှံမှုတွေ ဖြစ်ခဲ့တာပါ။
“တိုက်ပိတ်ထားတာကို လျှို့ဝှက်ထားတာပေါ့။ မနေ့ (သြဂုတ် ၁)ကမှ သိရတာ၊ ပါဆယ်လည်း အပိတ်ခံထားရတယ်၊ ရိုက်နှက်ခံထားရတာတော့ရှိတယ်။ ဒါကတော့ တိုက်တွင်းမှာ ဖြစ်တဲ့ကိစ္စတွေပေါ့။ အဲ့ကိစ္စနဲ့ပတ်သက်ပြီးလည်း ထောင်ဝဈေးဘားတွေကို ဘွိုင်းကော့လုပ်နေကြတယ်။ တခုခုဆိုရင် အမျိုးသမီးဆောင်ကို ယောက်ျားဝန်ထမ်းတွေပါ ဝင်ရိုက်လေ့ရှိတယ်”လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် တာဝန်ခံ ကိုသိုက်ထွန်းဦးက မြေလတ်အသံကို ပြောပါတယ်။
"အောင်သုခစက်လှေဆိပ်က စကစ စခန်းကို MRF ရဲဘော်တွေ ဗုံးပစ်လောင်ချာနဲ့ သွားပစ်တာ အထိအခိုက်တွေရှိတယ်။ သေချာတော့ သတင်းအတိအကျ မရသေးဘူး ကျွန်တော်တို့ စုံစမ်းနေတုန်းပါ။ တပ်ကတော့ တပ်မ ၆၆ အောက်ကပါပဲ ဒီစခန်းက ကြာပါပြီ ဟိုးကတည်းကအခြေချတဲ့စခန်းပါ ပြောရရင် လှေဆိပ်မှာထိုင်ပြီး ပိတ်ဆို့တဲ့ဂိတ်ပေါ့ အဲဒီကကောင်တွေက အောင်သုခဘုန်းကြီးကျောင်းမှာ ဟိုးကတည်းက နေကြတာ" လို့ နတ်တလင်း MRF PDF တပ်ဖွဲ့ တာ ၀န်ရှိသူတစ်ဦးက မြေလတ်အသံကို ပြောပါတယ်။
“ကိုယ့်ဘက်က ရွာထိမှာစိုးလို့ သိပ်မပစ်ဘူး၊ ပြန်ဆုတ်သွားပြီ၊ စစ်**တွေဘက်ကတော့ လက်နက်ကြီး လက်နက်ငယ်တွေနဲ့ တောက်လျှောက်ပစ်နေတုန်း၊ လိုက်ထရပ်ကားတစီးဖြတ်တာကို မရပ်ပေးလို့ပစ်တာ ကားသမားတဦး ပွဲချင်းပြီး သေသွားတယ်။”
"အခုအချိန်ထိ မီးကမငြိမ်းသေးပါ။ ဒေသခံတွေ အထိအခိုက်ရှိ၊ မရှိလည်း မသိရသေးဘူး။ အိမ် ဘယ်လောက် မီးလောင်သွားလဲ မသိရသေးဘူး။ အဲ့ကောင်တွေ(စစ်ကောင်စီ)က ရွာထဲကနေ မထွက်ကြသေးဘူး"
"ပစ်ချင်နေတာ ထိရောက်မှု မရှိဘဲ ပစ်ရင် မလိုအပ်ဘဲ ကျည်ဖြုန်းသလို ဖြစ်နေမှာမို့လို့ လက်လွှတ် လိုက်ရတာပါ။ RPG၊ R7 တို့ ရှိရင်တော့ ထိရောက်အောင်ပစ်လို့ရပါတယ်။ အခုက ကြည့်ပြီး ပြန်လာခဲ့ရတယ်"