သတင်းတို

နတ်တလင်းသင်္ကြန်ကျင်းပဖို့ လောင်းကစားဒိုင်နဲ့ လုပ်ငန်းရှင်တွေဆီက စစ်ကောင်စီငွေတောင်းခံ

"သင်္ကြန်မဏ္ဍပ်မှာ ကုန်မယ့်ငွေကို သက်ဆိုင်ရာထွေအုပ်စာရေးတွေက အုပ်ကြီးတွေဆီမှာ လောင်းကစားဒိုင်စာရင်းနဲ့ လုပ်ငန်းရှင်စာရင်းယူပြီး သူ့ရပ်ကွက်ကျေးရွာအလိုက် လိုက်တောင်းပေးရတာ"

တလိုင်းရွာကို Mi-35 လေယာဉ် ၂ စီးနဲ့ လာပစ်ပြီး ရွာကိုမီးရှို့သွား

ဧပြီလ ၈ ရက် မနက် ၁၀ နာရီလောက်မှာ ရွှေဘိုဘက်ကနေ Mi-35 ၂ စီးနဲ့ လာပစ်ပြီး တလိုင်းရွာကို တပ်အင်အားချကာ ရွာထဲကို မီးဝင်ရှို့လို့ အိမ် ၂ လုံး မီးထဲပါသွားပြီး ရွာထဲကို မွှေ နှောက်သွားတယ်လို့ ဗိုလ်ကျားကြီးက ပြောပါတယ်။

ချမ်းမြသာစည်မြို့နယ် မီးလောင်မှု နေအိမ် ၁၂ လုံးဆုံးရှုံးပြီး မီးဘေးသင့်ပြည်သူ ၄၀ ခန့်ရှိ

"သိရသလောက်က မီးစလောင်တဲ့အိမ်က ပဲပြုတ်ရောင်းတယ်လို့ သိရတယ်။ ခုနောက်ပိုင်းကတော့ မရောင်းတော့ဘူး။ အိမ်တွေက ကပ်နေတာကြောင့် ပျက်စီးဆုံးရှုံးမှု များသွားတာနေမယ်။ အဲလမ်းမှာက ထရံကာ နေအိမ်တွေနဲ့ တိုက်တွေက ရောနေတာ"

တပ်လာစွဲတဲ့ စစ်တပ်ကို ဒရုန်း ၁၄ လုံးအပြင် မိုင်းနဲ့ပါ တိုက်ခိုက်ခံရလို့ ၃ ဦးထက်မနည်းသေဆုံး

"ဒရုန်း ၄ စီးနဲ့ ၃ ကြိမ် ချတယ်။ သူတို့်ခံရတာကို မကျေနပ်လို့ ကင်းပုန်းထွက်ချိန် မိုင်းကွင်းထဲဝင်လာလို့ မိုင်းထပ်ဆွဲတိုက်ခိုက်ခဲ့တယ်။ ဒရုန်းနဲ့ချချိန်က ဒီကောင်တွေ သွားလာလှုပ်ရှားနေကြတာဆိုတော့ ထိခိုက်အခြေနေကို တိတိကျကျ မသိရဘူး။ မိုင်းကွင်းထဲမှာကျတော့ထိခိုက်သိရတယ်။ သေဆုံးဒဏ်ရာရသူတွေကို ကောက်ပြီး ဘုန်းကြီးကျောင်းထဲ ပြန်သယ်။ ညနေမှာ တစ်ကြိမ်ထပ်ထွက်လာသေးတယ်။ ဒါလည်း မိုင်းထပ်ဆွဲသေးတယ်"

အုတ်ဖိုမြို့မှာ လောင်းကစားဝိုင်းတွေကို ဆက်မလုပ်ဖို့ မြေအောက်ပြောက်ကျားတပ်က ပြင်းထန်စွာ သတိပေး

"ဖဲဝိုင်း ဂျင်ဝိုင်း ကြက်ဝိုင်းနဲ့ လောင်းကစာနည်း မျိုးစုံလုပ်နေတာ။ တပတ်လုံးလုပ်တာ။ ပြည်သူတွေရဲ့စီပွားရေးကို ထိခိုက်နစ်နာလို့ တားရတာပါ။ ဒါနောက်ဆုံးအကြိမ် သတိပေးတာ။ ပြည်သူတွေလည်း မသွားဖို့ ဝေးဝေးမှာနေဖို့ ပြောချင်တယ်။ ရပ်တန်းကမရပ်လို့ ပစ်ခတ်တိုက်ခိုက်တဲ့အခါ ပြည်သူတွေထိခဲ့ရင် ဖြေရှင်းမပေးနိုင်ဘူး”

တိုက်ပွဲအတွင်း လက်ပစ်ဗုံးမတော်တဆဖြစ်လို့ PDF ၂ ဦးသေဆုံပြီး ၁၀ ဦးကျော် ဒဏ်ရာရ

“မသွားခင်စခန်းမှာ တလုံးစမ်းတယ်၊ စမ်းတုန်းက စနက်တံဆွဲဖြုတ်ပြီး ၆ စက္ကန့်လောက်နေမှ ကွဲတာ။ ရှေ့တန်းကျမှ စနက်တံလည်းဖြုတ်ရော တခါတည်း တန်းကွဲကုန်တာ၊ **တွေက အင်အားလဲမရှိတော့ ပြေးတဲ့သူကပြေး ကျင်းထဲဝပ်တဲ့သူက ဝပ်နေပြီ၊ ပြန်တောင်မပစ်ရဲဘူး၊ အဲ့ချိန်မှာကိုယ့်လူတွေရဲ့ ဗုံးတွေက ဖြုတ်ကွဲတွေဖြစ်ကုန်တော့ စခန်းရခါနီးမှ ဒဏ်ရာရရဲဘော်တွေထမ်းပြီးပြန်ဆုတ် ခဲ့ရတယ်”လို့ ကလေး PDF နဲ့ နီးစပ်သူတဦးက မြေလတ်အသံကို ပြောပါတယ်။

လမ်းလျှောက်လာသူ လူငယ် ၂ ဦးကို PDF ထောက်ပို့ဆိုပြီး စစ်ကောင်စီဖမ်းဆီး

"ကောင်လေး ၂ ယောက်က သူတို့ဟာ သူတို့လာတာ။ အဲဒါ စကစ လှည့်ကင်းအဖွဲ့နဲ့တိုးပြီး ဖုန်းယူစစ်ပြီး ကားပေါ်ကောက်တင်ဖမ်းသွားတာ။ အဲ့ဒီကလေးတွေက ဘာလုပ်တဲ့သူတွေလည်း ဆိုတာတော့မသိရဘူး"လို့ ပြောပါတယ်။

မြင်းခြံတိုက်ပွဲမှာ PDF ၂ ဦးနဲ့ စစ်ကောင်စီတပ်သား ၁၄ ဦးခန့်သေဆုံးဟုဆို

"တိုက်ပွဲဖြစ်တာက ယုန်ထိုးတောင်ရဲ့တောင်ဘက်အခြေမှာ ဖြစ်တာပါ။ စစ်ကောင်စီဘက်က ၁၄ ဦးထက်မနည်း သေတယ်။ ကျနော်တို့ဘက်က နှစ်ဦးသေဆုံးခဲ့တယ်။ Canter ၆ ဘီးကားနဲ့ သေတဲ့ကောင်တွေကိုတင်သွားကြတယ်" လို့ ပြောပါတယ်။

သာယာဝတီခရိုင် PDF ထောက်ပို့တဦး ဖမ်းခံရပြီးနောက် အဆက်အသွယ်ရှိသူတွေ ဆက်တိုက်ဖမ်းဆီးခံနေရ

“ပြီးခဲ့တဲ့ရက်ပိုင်းက အဖမ်းခံရတဲ့ ကြို့ပင်ကောက်အမတ်တောင် သူနဲ့ အဆက်အသွယ်ရှိလို့ ဖမ်းသွားတာလို့သိရတယ်။ မင်းလှရော ဘေးမြို့နယ်တွေက သူ့ကိုလှူဖူးတဲ့သူတွေ၊ အဆက်အသွယ်ရှိတဲ့သူတွေ ဆက်တိုက်အဖမ်းခံနေရတယ်။ မင်းလှက ပြည်သူ ၃ ယောက်ဆို လာဖမ်းတာကို ကြိုရှောင်နိုင်လို့လွတ်သွားတာ။ **တွေက အဆက်အသွယ်လိုက်လုပ်ပြီး ဂျင်းထည့်နေတာ” လို့ ပြောပါတယ်။

စစ်အုပ်စု တပ်စွဲထားတဲ့နေရာအနီးမှာ လမ်းသွားလမ်းလာအမျိုးသမီး ၂ ဦး လုယက်ခံရ

“ထီးဆောင်းမှာ တပ်စွဲထားတဲ့ကောင်တွေလုပ်တာပါ၊ လုခံရတဲ့နေရာနဲ့သူတို့နဲ့ ၄ ဖာလုံ လောက်ဘဲဝေးတယ်။ ဧရိယာကလည်း သူတို့ကျင်လည်နေတဲ့ ဧရိယာပါ။ သူတို့တပ်တွေအင်အားလာဖြည့်လို့ လူတွေများတယ်ဆိုပေမယ့် အနေကြာတဲ့စစ်သားတွေကို ရွာခံတွေကသူတို့ကိုမျက်မှန်းတန်းမိနေပြီးသားပါ” လို့ ပြောပါတယ်။

ရွှေဘိုမှာ ပျူစောထီးယာဥ်တန်း မိုင်းဆွဲခံရလို့ ၃ ဦးသေဆုံး

“မိုင်းခွဲလိုက်တာ နေရာမှာတင် ၃ ကောင်ပွဲခြင်းပြီးသေတယ်၊ သေသွားတဲ့အလောင်း ၃ လောင်းကို သုံးဘီးပေါ်တင်ပြီးမောင်းပြေးတာမှာ အလောင်း ၁ လောင်းနဲ့ သေနတ်တွေ ကျနေခဲ့တယ်” လို့ ပြောပါတယ်။

ပေါင်းတည်က ဆောက်လုပ်ဆဲသင်္ကြန်မဏ္ဍပ်ကို သတိပေးဗုံးခွဲ

"ပေါင်းတည်သင်္ကြန်မဏ္ဍပ်ကိုဗုံးခွဲတာဟုတ်ပါတယ်၊ ခုမနက် ၅ နာရီကပါ၊ ပြည်သူတွေထိခိုက်မှုမရှိအောင် မဏ္ဍပ်ကြမ်းခင်းပေါ်တင်ပြီးခွဲခဲ့တာပါ၊ ပျက်စီးမှုအနည်းအပါးပဲရှိမယ်၊ စစ်ကောင်စီနဲ့တပ်ဖွဲ့ဝင်တွေကို သတိပေးတဲ့အနေနဲ့ ဖောက်ခွဲခဲ့တာ" လို့ ပေါင်းတည်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တပ်ရင်း - ၃၆၀၁ တပ်ခွဲ - ၅ နွေဦးတပ်ဖွဲ့ဝင်တဦးက ပြောပါတယ်။

ဘုရားကြီးတိုးဂိတ်တွင် စစ်ကောင်စီက မော်တော်ယာဉ်ဂိတ်ကြေး ကျပ်သိန်းချီကောက်ခံ

“ရန်ကုန်-မြဝတီသွားရင် ဂိတ်ကြေးအနေနဲ့ အသွား ၁၂၀၀၀၊ အပြန် ၁၂၀၀၀ ပေးရတယ်။ အခုနောက်ပိုင်း အသွား ၄၅၀၀၀၊ အပြန် တသိန်းနီးပါး ပေးနေရတဲ့အတွက် ကားသမားတွေအနေနဲ့ အခက်အခဲတွေကြုံနေရ တယ်” လို့ သူကဆက်ရှင်းပြပါတယ်။

အင်းတော်တွင် KIA KPDF နဲ့ စစ်ကောင်စီတပ်ကြား တိုက်ပွဲဖြစ်ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၄၀ ခန့်သေဆုံးဟုဆို

“ပထမရက်တိုက်ပွဲက မနက် ၉ နာရီကနေဖြစ်တာ၊ နေ့လယ် ၁၂ နာရီကျော်သွားတယ်။ အဲဒီနေ့မှာ စခတွေဘက်က ၂၈ ယောက်ကျသွားတယ်လို့ ကျနော်တို့အတွင်းသတင်းကသိရတယ်။ ကျနော်တို့ ဘက်ကတော့ KIA ရဲဘော် ၂ ယောက်နဲ့ KPDF ရဲဘော်တဦး ကျသွားတယ်” လို့ ဆိုပါတယ်။

ကင်းလှည့်လာတဲ့ စကစ စစ်သားနဲ့ပျူတွေ မိုင်းဆွဲခံရပြီး တပ်ကြပ် ၁ ဦးသေကာ ပျူ ၃ ဦး ဒဏ်ရာရ

ဧပြီလ ၇ ရက် မနက် ၉ နာရီဝန်းကျင်လောက်မှာ သရက်ကန်စခန်းကနေ ကင်းလှည့်ရန် ထွက်လာတဲ့ စစ်ကောင်စီတပ်သား ၁ ဦးနဲ့ ပျူစောထီး ၃ ဦး စုစုပေါင်း ၄ ဦးကို မိုင်း ၁ လုံးနဲ့ မိုင်းဆွဲတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10