ကိုယ်ထူကိုယ်ထ မူလတန်းကျောင်း စာသင်နေချိန် လေကြောင်းနဲ့ ပစ်ခတ်ခံရ
“Location တည့်တည့်ကို ထုသွားတာ၊ ကလေးတွေက စာသင်နေတာရှိတယ်။ ကလေးတွေက ခုံအောက်တွေမှာ ပုန်းနေတာဆိုတော့ မမှန်လိုက်ဘူး။ ဘာလို့ဆို ကလေးတွေက အနောက်ခြမ်းမှာ ရောက်နေတာ အရှေ့ခြမ်းကို ထုသွားတာ။ မိဘတွေက လေယာဉ်လာတာကို သိတယ်။ အထဲက ကလေးတွေနဲ့ ဆူညံနေတော့ ဆရာမတွေက မသိဘူး။ မိဘတွေက ကိုယ့်ဆီကို ပစ်တာမဟုတ်ဘူးဆိုပြီး ထိုင်ကြည့်နေကြတာ။ အပစ်ခံရမှ ဆရာတွေက ကလေးတွေကိုလည်း မထွက်တော့နဲ့ မထူးဘူးဆိုပြီး အနောက်စပ်က ခုံတွေအောက် ကုပ်နေတာ" လို့ ဒေသခံရွာသားတဦးက ပြောပါတယ်။