သမချေးငွေပြန်မဆပ်နိုင်သူတွေရဲ့ ကလေးငယ်အပါအမျိုးသမီးအချို့ကို ဓါးစာခံအဖြစ် စစ်ကောင်စီက ဖမ်းဆီး
"အခုက နိုင်ငံရေးအခြေအနေကမကောင်း၊ လူတွေကလည်း လုပ်ရကိုင်ရတာ အဆင်မပြေကြဘူးဗျ။ ကျနော်တို့ဆိုရင် ၂ သိန်းချေးထားတာ။ တချို့ဆိုရင် ၅ သိန်း၊ ၆ သိန်းချေးကြတာပေါ့။ အဲတာကို ရဲ၊ စကစတွေက တောင်းတာဗျ။ လူတွေကလည်း ၁ သိန်းရှိတသိန်းပေးကြတယ်။ ၅ သောင်းရှိရင် ငါးသောင်းပေးကြတယ်ဗျ။ ဒါကိုအကြွေးမရလို့ဆိုပြီး ဖမ်းတာ။ ဖမ်းရင်လည်း ရိုက်နှက်ကြတယ်။ ဒါကြောင့် ပြေးနေရတာ"