မကွေးမှာ နေအိမ်တလုံးမီးလောင်ပြီး အသက် ၈၀ ခန့်အဘွားတဦး မီးထဲပါသေဆုံး
"မနက် ၆ နာရီ ၄၀ မိနစ်လောက်က မကွေးမြို့ ရွာသစ်လမ်းနဲ့နတ်မောက်လမ်းထောင့်က နေအိမ်မီးလောင်မှုဖြစ်တယ်၊ အသက် ၈၀ ကျော်အဘွားဒေါ်ခင်ပိုက်နေအိမ်မီးလောင်တာ၊ အိမ်က တံခါးတွေကအလုံပိတ်ထားတာဆိုတော့ အဘွားမီးလောင်သေဆုံးသွားပါတယ်" လို့ မြို့ခံတဦးက ပြောပါတယ်။