ပဲခူးမြို့ရှောင်လမ်းမှာ ကုန်တင်ကားနဲ့ စက်ရုံဖယ်ရီကားတိုက်မိပြီး ဝန်ထမ်း ၇ ဦးဒဏ်ရာရ
"မန္တလာမင်း(ကုန်တင်)ကားက မောင်းနေရင်းကနေ ရုတ်တရက်ရပ်ချလိုက်တော့ သူ့နောက်ကနေလိုက်မောင်းလာတဲ့ ဖယ်ရီကားက နောက်ကိုဝင်ဆောင့်မိတာ"
"မန္တလာမင်း(ကုန်တင်)ကားက မောင်းနေရင်းကနေ ရုတ်တရက်ရပ်ချလိုက်တော့ သူ့နောက်ကနေလိုက်မောင်းလာတဲ့ ဖယ်ရီကားက နောက်ကိုဝင်ဆောင့်မိတာ"
“စစ်တပ်က သူ့ဆီကို စစ်သင်တန်းပေးဖို့ ၂ ယောက်နှုန်းတောင်းတာ။ သူကနေ အာမခံပြီး အယောက် ၅၀ ရှာပေးမယ်ပြောတာ။ ရန်သူ့ဘက်က လက်မဦးခင် ကျနော်တို့ဘက်က လက်ဦးမှုယူလိုက်တာပါ။ သူရဲ့နေအိမ်မှာပဲ ရှင်းလင်းခဲ့တာ။”
စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်မှာ အခြေစိုက်တဲ့ ပြည်သူ့လွတ်မြောက်ရေးတပ်မတော် PLA (အနောက်မြောက်စစ်ဒေသ) တပ်ဖွဲ့ဟာ တပ်ဖွဲ့ရိက္ခာနဲ့ ဒေသခံတွေစားသုံးဖို့ သီးနှံတွေကို စိုက်ပျိုးထားတယ်လို့ တပ်ဖွဲ့ဝင်ရဲဘော်လင်းပွင့် က ပြောပါတယ်။
"အကျဥ်းသားတွေကို အဆောင်တွေထဲကနေ Main Jail ကိုခေါ်ထုတ်တယ်။ မေးမြန်းတာတွေလုပ်တယ်။ သူတို့(ထောင်အာဏာပိုင်တွေ)နဲ့ တွေ့တဲ့အခါမှာ ခေါင်းငုံ့ခိုင်းထားတာ။ အဲ့ဒီအချိန်မှာ မော့ကြည့်လိုက်တာမျိုးတွေဆို သူတို့ကဘာမှအကြောင်းပြချက်မပေးဘဲ နံပါတ်တုတ်၊ ရော်ဘာတုတ်တွေနဲ့ရိုက်တာတွေကို ကျနော်တို့တွေ့ရပါတယ်"
မနေ့က ကနဦးတွေ့ရှိချက်အရ အမျိုးသမီးတဦးသာသေဆုံးတယ်လို့ သိထားခဲ့ပေမယ့် လေကြောင်းတိုက်ခိုက်မှု ခဏငြိမ်သွားချိန်မှာ ကူညီရေးအဖွဲ့တွေကနောက်ထပ် သေဆုံးသူအမျိုးသမီး ၂ ဦးထပ်မံတွေ့ရှိခဲ့ရတယ်လို့ သိရပါတယ်။
“တအုပ်စုကို သိန်း ၃၀ တောင်းတာက သုံးလအတွက် အိမ်ထောင်တစုကို ၁၈၀၀၀ ကျလို့ အခုလ(ဇူလိုင်) ၂ ရက်က ပေးရတာ။ ဒီသုံးလပြီးရင် နောက်တခါထပ်စုမယ်ပြောတယ်။ မပေးနိုင်တဲ့အိမ်က စစ်မှုထမ်းရမယ်ဆိုပြီး အုပ်ချုပ်ရေးမှူးကပြောလို့ ပေးကြရတာ”
"သစ်မှောင်ခိုသမား ကိုဖြိုးက ပစ္စတိုတလက်ကိုင်ထားပြီး သူနဲ့မတည့်တဲ့သူတွေကို ရဲနဲ့ပေါင်းဖမ်းခိုင်းတယ်။ ပြီးရင် ငွေညှစ်တယ်။ ငွေမပေးနိုင်သူတွေကို စစ်မှုထမ်းဖို့ဆိုပြီး စစ်တပ်တွေကို လိုက်ပို့တာတွေလုပ်နေတယ် "
" ကျနော်တို့ ရဲဘော်တွေ ကင်းပတ်ချိန်မှာ ဖမ်းဆီးရမိတာပါ။ သူတို့ကို မိတဲ့အချိန် ခုခံဖို့ ပြင်ဆင်တာရှိတယ်။ ဒါပေမယ့် ခုခံခြင်းတော့ မလုပ်နိုင်ခဲ့ဘူး"
"မနှစ်ကထက် အကုန်တက်ပဲ။ ရိတ်သိမ်းချိန်မှာ စပါးက ဘယ်လောက်ထွက်မယ်မသိသေးဘူး။ ကုန်ကျစရိတ်တွေအတွက်က ရင်လေးနေရပြီ။ မလုပ်လို့ကလည်း မဖြစ်ဘူး။ ဒီအလုပ်လေးကပဲ ဝမ်းစာအတွက် မှီခိုနေရတယ်"
ဇူလိုင် ၂ ရက် နဲ့ ၃ ရက် မနက်ပိုင်းတွေမှာ ကောလင်းပြည်သူမှပြည်သူသို့ အဖွဲ့က အိမ်ထောင်စု ၁၆၃ စုအတွက် အိမ်ထောင်စုတစုကို နေကြာဆီ ၁ လီတာနဲ့ အိမ်ထောင်စု ၂၅၀ အတွက်ကိုတော့ အိမ်ထောင်စုတစုကို ခြင်ထောင် ၁ လုံး ထောက်ပံ့ပေးခဲ့တာ ဖြစ်ပါတယ်။
စစ်ကောင်စီက စစ်ဆေးမှုတွေလုပ်ဆောင်နေတဲ့ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ကြည်ခိုင် အရံအင်အားကို အပို့ခံလိုက်ရပြီး ၎င်းရဲ့ တိုင်းမှူးနေရာအပါအဝင် အပြောင်းအရွှေ့တချို့ ထပ်မံလုပ်ဆောင်တယ်လို့ နေပြည်တော်ကလာတဲ့ သတင်းတွေအရ သိရပါတယ်။
မန္တလေးတိုင်း၊ စဉ့်ကူးမြို့နယ်ထဲမှာ စစ်ကောင်စီစခန်း ၆ ခုကို ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေက သိမ်းပိုက် ကြောင်း ထုတ်ပြန်ပြီးနောက် ဇူလိုင် ၄ ရက် ဒီနေ့မှာလည်း မတ္တရာမြို့နယ်နဲ့ စဉ့်ကူးမြို့နယ်ထဲမှာ နောက်ထပ် စစ်ကောင်စီဂိတ်စခန်းသုံးခုကို PDF တွေက ထပ်မံသိမ်းပိုက်ထားနိုင်တယ်လို့ သိရပါတယ်။
စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်ရှိ ဘုန်းကြီးကျောင်းတကျောင်းမှာ ဇူလိုင် ၃ ရက်ညနေပိုင်းက သံဃာတော်တွေဦးဆောင်ပြီး ပတ္တနိက္ကုဇ္ဇနကံဆောင်သပိတ်ပြုခဲ့ကြတယ်လို့ ဒေသခံတဦးဆီက သိရပါတယ်။
၁၀၂၇ စစ်ဆင်ရေး ပြန်လည်စတင်ပြီး ၈ ရက် အကြာမှာ စဉ့်ကူးမြို့နယ်ထဲက နွယ်ရုံ ရဲစခန်း၊ ဒိုးနွယ်ရွာ တပ်စခန်း၊ နမ့်ဟပ်ရွာ တပ်စခန်း၊ မာလဲဆည် ရှင်းလင်းဆောင် တပ်စခန်း၊ ရွှေမာလဲစေတီ တပ်ခစန်း၊ ရွာတော်လေး တပ်စခန်း စတဲ့ စစ်ကောင်စီစခန်း ၆ ခုကို သိမ်းထားနိုင်တာဖြစ်တယ်လို့ သိရပါတယ်။
စစ်ကိုင်းတိုင်းဒေသကြီးအတွင်းက မြစ်ကမ်းနားမြို့ပေါ်တချို့ကို ဇူလိုင် ၃ ရက် ဒီကနေ့မှာ မြစ်ရေဝင်ရောက်လာမှု မြင့်တက်လာနေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။