ရုပ်သံ

“ဆေးဖက်ဝင် တမာပင်”

တမာကိုအသုံးပြုပြီး ဆီးချိုရောဂါကိုဘယ်လိုကုသနိုင်သလဲ။ အဆုတ်နဲ့တီဘီရောဂါကုသနိုင်ဖို့ တမာဟာ ဘယ်လိုအရေးပါသလဲ။ တမာဆီကို ဦးရေပြားမှာလိမ်းကြံပေးပါက ဘယ်လိုအကျိုးကျေးဇူးတွေ ရနိုင်သလဲ စတာတွေကိုနားဆင်ရမှာပါ။

မုံရွာထောင်မှာ အစာအငတ်ခံဆန္ဒပြတဲ့ နိုင်ငံရေးအကျဉ်းသား ၅၀ ဦးထိရှိလာ (ရုပ်/သံ)

"ပထမအသုတ်ဆန္ဒပြသူတွေကို သီးသန့်ခွဲထားတဲ့ အဆောင်ကနေ ထောင်ပင်မကြီးထဲကို ပို့တဲ့အချိန်မှာ ၃ ယောက်က ကိုယ်ခံအားနည်းလို့ မူးလဲသွားတယ်။ အဲ့ ၃ ယောက်ထဲမှာ တယောက်က ဝင်းကျော်ခေါင်ပေါ့။ သူက ဦးဆောင်သူထဲမှာပါတယ်။ အဲ့ဒါကို ထောင်အာဏာပိုင်တွေက ဆေးကုမှုမပေးဘဲ ဒီအတိုင်းထားလို့ နောက်ထပ် အကျဥ်းသားတွေက ဆန္ဒပြတာ"

ပုလဲမှာ စစ်ကောင်စီစစ်ကြောင်း ပိတ်ဆို့တိုက်ခိုက်ခံရလို့ ၇ ဦးသေဆုံး (ရုပ်/သံ)

"အဲ့ဒီစစ်ကြောင်းဟာ ပုလဲမြို့ပေါ်ကနေထွက်လာဖို့ အချိန်ယူနေတာက မနက် ၅ နာရီလောက်ကတည် က အချိန်ယူနေတာ။ ဒါပေမဲ့ သူတို့စထွက်လာတာက ၆ နာရီခွဲမှာ စတင်ထွက်လာတယ်။ တိုက်ပွဲစတင်ပြီးတော့ ထိတွေ့မှုဖြစ်တာက ၇ နာရီခွဲမှာ ပုလဲမြို့ရဲ့အနောက်တောင်ဘက် နွယ်ရှောက်ကျေးရွာတဝိုက်မှာ တိုက်ပွဲထိတွေ့မှုဖြစ်တာ"

ချင်းတွင်းမြစ်ထဲမှာ စစ်သင်္ဘော ၁ စီး တိုက်ခိုက်ခံရ (ရုပ်/သံ)

"၃ လုံး ၃ ပွိုင့် ခွဲတယ်၊ လက်နက်ငယ်တွေနဲ့ အပြန်အလှန်ပစ်ခတ်တာတွေလည်း ဖြစ်တယ်။ စစ်သင်္ဘောပေါ်မှာ ပါလာတဲ့ အင်အားကတော့ မှန်းလို့မရဘူး။ စစ်သင်္ဘောက အလုံပိတ်ကြီးပါ။ လက်နက်ငယ်တွေနဲ့ ကျနော်တို့ပစ်တာ ၅ မိနစ်လောက်ကြာတယ်။ သူတို့ဘက်က လက်နက်ကြီးနဲ့အပြင် စက်ကလေးတွေနဲ့ပါ ပြန်ပစ်တယ်။ ထိခိုက်သေဆုံးမှုကတော့အခုထိမသိရသေးဘူး။ ကျ‌နော်တို့စုံစမ်းနေဆဲပါ"

Zero ပြောက်ကျားတပ်ဖွဲ့ရဲ့ ရိက္ခာကို စစ်ရေးစရိတ်ထဲက မသုံးဘဲ စိုက်ပျိုးရေးလုပ်ကာ ဖြေရှင်းနေ (ရုပ်/သံ)

တပ်ဖွဲ့မှာ ကြုံတွေ့နေကြတဲ့ ရိက္ခာပြတ်လပ်မှုတွေကိုတော့ ဗိုလ်သက်ကြီးတို့အဖွဲ့က အလှူခံတာမျိုးတွေရှိသလို တဖက်တလမ်းကနေလည်း သူတို့အဖွဲ့ ရောက်တဲ့အရပ်မှာ စားပင်သီးပင်တွေစိုက်ကာ လည်ပတ်နေတယ်လို့ သိရပါတယ်။

ဝက်လက်မှာ ၃ ရက်အတွင်း တိုက်ပွဲ ၄ ကြိမ်ဖြစ်ခဲ့၊ စစ်ဗိုလ် ၁ ဦးအပါ ၇ ဦးသေဆုံးတဲ့သတင်းနှင့် တပတ်အတွင်း သတင်းများ (Podcast)

စားအုန်းဆီစျေးကို စစ်တပ်ကထိန်းချုပ်ပြီးနောက် စျေးကွက်အတွင်း ဆီပြတ်လပ်တဲ့သတင်း၊ ကလေးမြို့မှာ ရပ်ကွက် ၁၀ ခုကျော် ရေကြီးနစ်မြုပ်နေတဲ့သတင်း၊ မုံရွာထောင်မှ ရွှေ့ပြောင်းခံရတဲ့ နိုင်ကျဥ်း ၁၀၀ ကျော် အိုးဘိုထောင်အရောက်မှာ ရိုက်နှက်နှိပ်စက်ခံရတဲ့သတင်းနဲ့ အခြားသတင်းတွေကို နားဆင်ရမှာပါ။

စုပေါင်းရုံးမှာတပ်စွဲထားတဲ့ စစ်အုပ်စု အနီးကပ်တိုက်ခိုက်ခံရလို့ ၂ ဦးသေပြီး ၃ ဦးဒဏ်ရာရ (ရုပ်/သံ)

"သေဆုံး ဒဏ်ရာရတာကိုတော့ ခိုင်မာတဲ့ ဖရဲသီးပြောလို့ အတည်ပြုနိုင်ခဲ့တာ။ ဒဏ်ရာရတဲ့ ၃ ကောင်ကတော့ ရေစကြိုဆေးရုံကြီးမှာ ဆေးကုသနေရတယ်" လို့ Myingyan Black Tiger (MBT) ခေါင်းဆောင် ဗိုလ်မိုက်ခဲက ပြောပါတယ်။

"နေပြည်တော်ကနေ တပ်ပြေးဘဝနဲ့ နိဂုံးချုပ်ရတော့မယ့် မအလ" (မြင်မိ ကြားမိသမျှ အစီအစဉ်)

မြေလတ်အသံသတင်းဌာနမှာ အပတ်စဉ်တင်ဆက်နေတဲ့ ဆောင်းပါးရှင် သခင်နွေရဲ့ မြင်မိ ကြားမိသမျှ အစီအစဉ် ဒီတပတ်မှာတော့ "နေပြည်တော်ကနေ တပ်ပြေးဘဝနဲ့ နိဂုံးချုပ်ရတော့မယ့် မအလ" ခေါင်းစဉ်ကို နားဆင်နိုင်ကြပါပြီ။

ဝက်လက်မှာ ၃ရက်အတွင်း တိုက်ပွဲ ၄ကြိမ်ဖြစ်ခဲ့၊ စစ်ဗိုလ် ၁ ဦးအပါ ၇ ဦးသေဆုံး (ရုပ်/သံ)

"၇ ရက်နေ့မှာ ဖိုးဝင်းတပ်ကျေးရွာအနားမှာ ထိတွေ့မှုအကြီးဆုံးဖြစ်ခဲ့တာ။ သုံးပွင့်ဗိုလ်တဦးလည်း သေတယ်။ သုံးပွင့်ဗိုလ်ကို သယ်သွားပြီး တခြားစစ်ကြောင်းနဲ့သွားပေါင်းတယ်။ သေတဲ့စစ်သားတွေကို မြှုပ်ထားခဲ့တာတွေလည်းရှိတယ်။ ၈ ရက်နေ့ ရှိမ်းမကားရဲစခန်းအနားမှာ ထိတွေ့မှုထပ်ပြီးတော့ သူတို့တပ်ဆုတ်ပြီး သံခွန်တွေနဲ့ လာခေါ်သွားတယ်"

စစ်တပ်စစ်ဆေးရေးဂိတ် RC Plane လေယာဥ်ငယ်နဲ့ ဗုံးသီးချတိုက်ခိုက်ခံရ (ရုပ်/သံ)

"အဲ့ဒီစစ်ဆေးရေးဂိတ်မှာ တပ်စွဲထားတာကြာပြီ။ RC Plane လေယာဥ်ငယ်နဲ့ ဗုံးသီးချတိုက်ခိုက်ခဲ့တာ။ ဗုံးသီး ၆ လုံးလောက်ကြဲချနိုင်ခဲ့တယ်။ အဲ့ဒီစစ်ဆေးရေးဂိတ်ရဲ့ ဘန်ကာဘေးကျတယ်။ ဘန်ကာရှေ့တွေလည်းကျတယ်။ ထိခိုက်သေဆုံးမှုကိုတော့ စုံစမ်းလို့မရသေးဘူး"

စခန်းသိမ်းတိုက်ပွဲတွေအတွက် အသေခံတပ်သား ၂၂ ဦး ရွေးချယ်နိုင်ခဲ့ (ရုပ်/သံ)

ဒီသင်တန်းဟာ အရင်သင်တန်းတွေနဲ့ မတူဘဲ လိုအပ်လာရင် ဖောက်ခွဲရေးပိုင်းမှာ အသက်သေစေနိုင်တဲ့အထိ ဖြစ်လာနိုင်သလို အသေခံ အထူးကွန်မန်ဒိုရဲဘော် ၂၂ ယောက်ဟာလည်း ဒီအတွက် အဆင်သင့်ဖြစ်နေပြီး မြို့သိမ်းတိုက်ပွဲတွေကို အရှိန်မြှင့်ဖော်ဆောင်ဖို့နဲ့ ကနဦးမှာ သူတို့အတွက် အနီးဆုံးရန်သူတွေ ဖြစ်ကြတဲ့ ပျူစောထီးတွေကို တိုက်ခိုက်ဖို့ ဦးတည်ထားတာဖြစ်ပါတယ်။

ရေနံလုပ်ကွက်မှာ တပ်စွဲထားတဲ့ စစ်အုပ်စု တိုက်ခိုက်ခံရလို့ ၂ ဦးသေ(ရုပ်/သံ)

“အထဲထိဝင်ဖို့ ကြိုးစားနေတဲ့အချိန်မှာပဲ သူတို့ဘက်က ဗိုလ်လို့ယူဆရတဲ့သူက ရေချိုးဆင်းလာတယ်။ အဲ့မှာရန်သူက ကျတော်တို့ ရဲဘော်တွေကို သူတို့ရဲဘော်ထင်ပြီး ဘာလုပ်နေကြတာလဲ လှမ်းမေးတဲ့အချိန်မှာ စပစ်တာပေါ့။ မလှမ်းမကမ်းမှာရှိတဲ့ စကစ နောက်တယောက်က ရန်သူ ရန်သူဆိုပြီးအော်တယ်။ အဲ့ရဲဘော်လည်း ရှင်းနိုင်တယ်၊ လက်နက်နဲ့ ချောက်ထဲပြုတ်ကျသွားတယ်။ လက်နက်တော့ မကောက်နိုင်ခဲ့ဘူး။”

တပတ်အတွင်း မြေလတ်သတင်း

- စစ်ကြောင်းထိုးနေလို့ မန္တလေး - ရွှေဘိုကားလမ်းကို ယာယီပိတ်သိမ်းကြောင်း ကာကွယ်ရေးအဖွဲ့တွေ ထုတ်ပြန် - သစ်ခိုးထုတ်စစ်သားတွေကို လုံခြုံရေးပေးတဲ့စစ်ကြောင်း တိုက်ခိုက်ခံရလို့ ၉ ဦးသေဆုံးပြီး လက်နက်၊ ခဲယမ်းတွေ သိမ်းဆည်းနိုင်ခဲ့ - မြိုင်မြို့ပေါ်က ရဲစခန်းနဲ့ ထွေအုပ်ရုံးအပါအဝင် ၄ နေရာ တိုက်ခိုက်ခံရ - စစ်ကောင်စီတပ်စွဲထားတဲ့ မြို့နယ်လျှပ်စစ်ရုံး စီးနင်းခံရလို့ ၂ ဦးသေ၊ သေနတ် ၁ လက်ရ - မြောင်နဲ့ ရေစကြို ရေလယ်ကျွန်းဒေသ ဒေသခံကာကွယ်ရေးအဖွဲ့များ မဟာမိတ်အင်အားစုကို ဖွဲ့စည်း - စလင်းချောင်းရေလျှံလို့ ရွာ ၅ ရွာထက်မနည်း ဘေးလွတ်ရာ ပြောင်းရွှေ့ရ - လူသွားလမ်းမှာထောင်ထားတဲ့ စစ်တပ်နင်းမိုင်းတွေကြောင့် ပြည်သူတွေထိခိုက်မှုရှိလာလို့ PDF က မိုင်းရှင်းပေး - ကျေးရွာ ၇ ရွာကို လှည့်လည်ပြီး လူထုနိုင်ငံရေး ဆွေးနွေးပွဲပြုလုပ် - စစ်ရိက္ခာကား ၁၂ စီး ၂ ရက်ဆက် တိုက်ခိုက်ခံရလို့ ၁၂ ဦးခန့် ထိခိုက်ဒဏ်ရာရ - စားဝတ်နေရေးခက်ခဲလာတဲ့အတွက် တိုက်ပွဲငြိမ်ချိန် လမ်းပြန်ဖွင့်ပေးဖို့ တမူးပြည်သူတွေ မျှော်လင့်နေ - မြိုင်နယ်က ဓားစားခံအဖြစ်ဖမ်းဆီးခံရတဲ့ ပြည်သူတွေ နေအိမ်ပြန်မရောက်ကြသေး

ကလေးမြို့မှာ ရပ်ကွက် ၁၀ ခုကျော် ရေကြီးနစ်မြုပ်နေ( ရုပ်/သံ)

စက်တင်ဘာ ၈ ရက် ဒီကနေ့ မနက် ၃ နာရီဝန်းကျင်လောက်ကတည်းက ရေစတက်လာတာဖြစ်ပြီး မြို့တွင်းရေမြောင်းတွေ အမှိုက်ပိတ်ဆို့တာ၊ ‌မိုးများတာတွေကြောင့် ရေက ဆက်တိုက်တက်နေကာ တောင်ဇလပ်၊ တောင်ဖီလာနဲ့ အောင်မင်္ဂလာ ရပ်ကွက် ၃ ခုကတော့ ရေနစ်မြုပ်မှု အဆိုးဆုံးဖြစ်တယ်လို့ ဆိုပါတယ်။

“ငှက်ဖျားရောဂါနှင့် လက်တကမ်းဆေးပညာ”

ငှက်ဖျားရောဂါ ဘာကြောင့်ဖြစ်ရတာလဲ။ ငှက်ဖျားရောဂါဖြစ်ပွါးလာရင် အနီးအနားက ဆေးဖက်ဝင်အသီးအရွက်တွေနဲ့ ဘယ်လိုကုသပေးနိုင်မလဲ။ ငှက်ဖျားရောဂါကိုမကုသပဲ ပေါ့ဆရင် နောက်ဆက်တွဲဘယ်လိုဆိုးကျိုးတွေရင်ဆိုင်ရနိုင်သလဲဆိုတာတွေကို နားဆင်ရမှာပါ။

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10