အောက်ခြေစစ်သားတွေ လက်နက်ချဖို့ PDF တွေတိုက်တွန်း
အောက်ခြေစစ်သားတွေ လက်နက်ချဖို့ PDF တွေတိုက်တွန်း
အောက်ခြေစစ်သားတွေ လက်နက်ချဖို့ PDF တွေတိုက်တွန်း
မြေလတ်အသံသတင်းဌာနမှာ အပတ်စဉ်တင်ဆက်နေတဲ့ ဆောင်းပါးရှင် သခင်နွေရဲ့ မြင်မိ ကြားမိသမျှ အစီအစဉ် ဒီတပတ်မှာ "ပရိတ်ကြီး နဲ့ အဖြူရောင်အနုပညာရှင်တွေလည်း မကယ်နိုင်တော့ဘူး" ခေါင်းစဉ်ကို နားဆင်နိုင်ကြပါပြီ။
ဒေသတွင်းလှုပ်ရှားမှုတွေ လုပ်ဆောင်ရာမှာ စစ်ကိုင်းတိုင်း၊ မုံရွာမြို့အဝင်မုခ်ဦးမှာ ကြွေးကြော်သံတွေနဲ့ ဆန္ဒပြတာ၊ မြောင်မြို့နယ်မှာ သပြေပန်းနဲ့ ကြိုဆိုထောက်ခံတာ၊ ပုလဲမြို့နယ်မှာလည်း သပြေပန်းနဲ့ တခဲနက်ထောက်ခံကြတာ၊ ပဲခူးတိုင်းအနောက်ခြမ်း၊ ပေါင်းတည်မြို့နယ် ရွာတရွာက စေတီမှာ အသံတိတ်ဆန္ဒပြလှည့်လည်တာတွေအပြင် မကွေးတိုင်း၊ ရေစကြိုမြို့နယ်တို့မှာလည်း လှုပ်ရှားမှုတွေကို ပြုလုပ်ခဲ့ကြတယ်လို့ သိရပါတယ်။
ယမန်နေ့ နိုဝင်ဘာ ၁၀ ရက်နံနက် ၄ နာရီခွဲခန့်မှာ ရေစကြိုမြို့နယ်၊ နံ့သာဟေဝန်ပန်းခြံထဲမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်သားတွေကို ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေကအနီးကပ်သွားရောက်ပစ်ခတ်ခဲ့ရာမှာ အပြန်အလှန်ပစ်ခတ်တိုက်ခိုက်မှု ၄ နာရီကြာမြင့်ခဲ့တယ်လို့ သိရပါတယ်။
စစ်ကိုင်းတိုင်း၊ ကောလင်းမြို့ကို စစ်ကောင်စီတပ်က လေကြောင်းပစ်ခတ်မှု၊ မြေပြင်တပ်တွေနဲ့ ထိုးစစ်ဆင်တိုက်ခိုက်မှုတွေ လုပ်ဆောင်လာပေမယ့် တော်လှန်ရေးအင်အားစုတွေဘက်က မြို့ကို ဆက်လက်ထိန်းချုပ်ထားတယ်လို့ ဒေသခံတွေထံက သိရပါတယ်။
အညာတခွင်မှာဖြစ်ပွားနေတဲ့ တိုက်ပွဲဟာ မင်းအောင်လှိုင်ဦးဆောင်နေတဲ့ နှစ် ၇၀ ကျော်သက်တမ်းရှိ စစ်ကောင်စီတပ်နဲ့ လက်လုပ်သေနတ်ဆွဲကိုင်ပြီး လက်နက်ကိုင်တော်လှန်ရေးကိုစခဲ့တဲ့ စစ်ရေးအတွေ့အကြုံ ၂ နှစ်ဝန်းကျင်သာရှိသေးတဲ့ အညာသားတွေရဲ့ တိုက်ပွဲဖြစ်ပါတယ်။
စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ ညောင်ကိုင်းရွာမှာနေတဲ့ ပျူစောထီးတွေရှိတဲ့ နေရာကို လက်လုပ် လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ Rain Sky Brothers LPDF-Depeyin အဖွဲ့ဆီက သိရပါတယ်။
"ကျနော်တို့ သူတို့အလံတောင်ဖြုတ်ချနေပြီ၊ ငြိမ်းဇာနည်စခန်းက ၂ ထပ်တိုက်ပါ၊ ပထမထပ်ကကောင်တွေက သူတို့မနိုင်လို့ ပြန်ပြေးကုန်ပြီ၊ သူတို့ထဲက ၂ ယောက်အဲဒီနားမှာတင် ပွဲချင်းပြီးသေသွားတယ်၊ ၁ ယောက်ကခေါင်းမှန်ပြီး နောက် ၁ ယောက်က ရင်ဘတ်ဖောက်မှန်သွားတယ်၊ အတွင်းထဲကို ၄၀ မမ၂ လုံးထပ်ပစ်တယ်၊ ကျနော်တို့ဘက်က စခန်းကိုသိမ်းဖို့ အောက်ထပ်ကိုရောက်နေပြီ၊ သူတို့ဘက်က စစ်ကူလာတာကြောင့် ပြန်ဆုတ်ခွာခဲ့ရတယ်"
- ရှမ်းမြောက်တိုက်ပွဲတွေအတွက် ကာ/လုံခေါ်၊ စစ်ကိုင်းမှာ ပွဲလန့်တုန်းဖျာခင်းတယ်လို့ စစ်ခေါင်းဆောင် ပြော - မင်းရွာရဲစခန်းကို PDF တွေ ဘယ်လိုသိမ်းနိုင်ခဲ့တာလဲ - စစ်ရေးမှာ အရေးနိမ့်နေချိန် တပ်မိသားစုဝင်အမျိုးသမီးတွေကို ယတြာချေပြီး ပရိတ်ရွတ်ဖို့ ညွှန်ကြား - ကောလင်းမြို့သိမ်းတိုက်ပွဲပြင်းထန်နေဆဲ၊ လေယာဉ်သုံးတိုက်ခိုက်မှုမှာ သေဆုံးသူတွေရှိ - ပဲခူးမြို့မှာ စစ်ကောင်စီက တင့်ကားတွေပါဝင်တဲ့ယာဉ်တန်းနဲ့ အင်အားပြကင်းလှည့် - ပန်းတောင်း ခလရ ၉၂ တပ်က ရှမ်းမြောက်ကို ပို့ခံရမယ့် အရာရှိ၊စစ်သည်တချို့ ထွက်ပြေးနေ - ကြားဖြတ်တိုက်ခိုက်ခံရပြီးနောက် သခင်ဒေါင်းညို ထောက်ပို့ ၅ ဦးပျောက်ဆုံးနေ - စစ်အုပ်စုက ၁၄ ဦးသေကာ PDF ၆ ဦး သေဆုံးခဲ့တဲ့ ချောင်းဦးက စခန်းသိမ်းတိုက်ပွဲ - စစ်ကိုင်းတိုင်းက မြို့တွေမှာ စစ်ကောင်စီတပ်ဖွဲ့တွေ ညဘက် နေရာပြောင်းရွှေ့အိပ်တာတွေ ပြုလုပ်လာ - ပေါက်နယ်က NUG လက်အောက်ခံ စာသင်ကျောင်းမှာ ပုံနှိပ်နဲ့ ဗလာစာအုပ်တွေလိုအပ်နေ - ဆည်ရေပေးစနစ်တွေကို ပအဖနဲ့ဒေသခံတွေပြင်ဆင်ပြီး လယ်ရေစတင်ပေးဝေ
စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်၊ လက်တီးကျေးရွာတောင်ပိုင်းမှာ တိုက်ပွဲဖြစ်ပွားပြီး စနိုက်ပါနဲ့ ပစ်ခတ်ခံရတဲ့အတွက် စစ်ကောင်စီတပ်ဖွဲ့ဝင် ၆ ဦးသေဆုံးပြီး ၃ ဦးဒဏ်ရာရသွားခဲ့တယ်လို့ ဗမာအမျိုးသားတော်လှန်ရေးတပ်မတော်-BNRA အဖွဲ့ဆီက သိရပါတယ်။
စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်အနောက်ခြမ်း၊ သီလုံးကျေးရွာမှာ ကျင်းပနေတဲ့ စစ်ကောင်စီတပ်သား တဦးရဲ့ မင်္ဂလာပွဲကို ဒေသကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေက နိုဝင်ဘာ ၈ ရက် မနက်ပိုင်းမှာ ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဗိုလ်မိကျောင်းတပ်ဖွဲ့ဆီက သိရပါတယ်။
မကွေးတိုင်း၊ ချောက်မြို့နယ်အခြေုပြု Chauk Guerrilla Force(C.G.F) ရဲ့ တနှစ်ပြည့်အခမ်းအနားတွေကို လွတ်မြောက်နယ်မြေတနေရာမှာ ကျင်းပပြုလုပ်ခဲ့ပြီး NUG ပညာရေးကျောင်းမှာ မုန့်ဟင်းခါးဒါန ကျွေးမွေးခဲ့တယ်လို့ သိရပါတယ်။
မြောက်ယမားဆည်ရေလွှတ်မြောင်းတွေဟာ မိုခါမုန်တိုင်းကြောင့် ပျက်စီးခဲ့ရသလို တောင်ယမားဆည် ရေထိန်းတံခါးမှာလည်း သြဂုတ်လနှောင်းပိုင်းက ပြတ်ကျခဲ့လို့ အောက်တိုဘာလဆန်းပိုင်းကတည်းက ပြန်လည်ပြင်ဆင်နေခဲ့တာလို့ ဆိုပါတယ်။
လိပ်ခေါင်းသွေးယိုခြင်းသက်သာစေဖို့ လက်ပံပွင့်ပြုတ်ရေနဲ့ ဘယ်လိုကုသနိုင်သလဲ။ သရက်ရွက်ကြီးခြင်းရောဂါသက်သာပျောက်ကင်းစေဖို့ လက်ပံပင်ရဲ့ဘယ်အစိတ်အပိုင်းနဲ့ ကုသလို့ရသလဲ။ ကျောက်တည်ခြင်းနဲ့ ဆီးလမ်းကြောင်းရောဂါအတွက် လက်ပံသီးကို ဘယ်လိုအသုံးပြုကုသနိုင်သလဲဆိုတာတွေကို နားဆင်ရမှာပါ။
အညာမှာ မုန်တိုင်းထန်ဖို့ Myingyan Black Tiger ကို မောင်းပြန်ရိုင်ဖယ် ၅ လက်၊ ကျည်ဆန် ၅၀၀၀ ထောက်ကူစို့ ဆိုတဲ့ ကမ်ပိန်းကို အောက်တိုဘာ ၂၂ ရက်ကစတင်ပြုလုပ်ခဲ့ရာ လက်ရှိမှာတော့ ကျည် ၁၀၀၀ ရရှိထားပြီး ၁၀ ရာခိုင်နှုန်းသာ အောင်မြင်သေးပေမယ့် ထိထိရောက်ရောက်အသုံးပြုနိုင်ဖို့ ပြင်ဆင်နေတယ်လို့ MBT တာဝန်ခံ ဗိုလ်မိုက်ခဲက မြေလတ်အသံကို ပြောပါတယ်။