ရုပ်သံ

မင်းအောင်လှိုင် ဘာကိုးကွယ်သလဲ (ရုပ်သံဆောင်းပါး)

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ဟာ စစ်အုပ်ချုပ်ရေးသက်တမ်းကို ၄ ကြိမ်မြောက် သက်တမ်းတိုးပြီး နောက်တနေ့မှာပဲ ဦးဆောင်အလှူ့ဒါယကာဘွဲ့ခံယူကာ နေပြည်တော်မှာ မာရဝိဇယဆင်းတုတော်အနေကဇာတင်ပွဲကို မီးရှူးမီးပန်းတွေ ပစ်ဖောက်ပြီး တခမ်းတနား ကျင်းပခဲ့ပါတယ်။ ဒါပေမဲ့ မာရဝိဇယတည်ရာ နေပြည်တော်ကနေ အထက်ကို ကားနဲ့ ၃ နာရီကျော်သာသွားရတဲ့ စစ်ကိုင်းတိုင်း အညာဒေသရဲ့ လက်ရှိအနေအထားကို လေ့လာကြည့်ရင် စစ်ခေါင်းဆောင် မင်းအောင်လှိုင်ဟာ ဗုဒ္ဓဘာသာကို တကယ်ပဲ ကြည်ညိုကိုးကွယ်ရဲ့လားလို့ သံသယပွားစရာရှိလာပါတယ်။

မုံရွာက ဆပ်ကြေးကောက်နေတဲ့ စစ်အုပ်စု တိုက်ခိုက်ခံရ၊ ၄ ဦးသေပြီး သေနတ်ပါသိမ်းနိုင်ခဲ့ (ရုပ်/သံ)

"စစ်** ၅ ကောင်ရှိတဲ့အချိန်မှာ ကျနော်တို့က ကားနဲ့သူတို့ရဲ့ အနီးကပ်ကိုရပ်ပြီးတော့ ပစ်ခတ်ခဲ့တာပါ၊ ထိခိုက်သေဆုံးမှုကတော့ နေရာမှာပဲ ** ၄ ကောင်သေသွားပါတယ်၊ ၁ ကောင်ကတော့ လွတ်သွားတယ်၊ လွတ်သွားပြီး လမ်းဘေးကကျောက်ပုံဘက်မှာ ကာဗာယူပြီးပြန်ပစ်တာကြောင့် Gun ၁ လက်ပဲ ကောက်နိုင်ခဲ့တယ်"လို့ ခေါင်းဆောင် ဗိုလ်လင်းယုန်က ပြောပါတယ်။

ထောက်ပို့ရထားနဲ့ စစ်ကောင်စီတပ်စွဲတဲ့နေရာ တိုက်ခိုက်ခံရလို့ ဗိုလ်မှူးတဦးအပါ ၈ ဦးသေဆုံး (ရုပ်/သံ)

“ထောက်ပို့ရထားက စားနပ်ရိက္ခာရော လက်နက်တချို့ရော ပါတယ်လို့သိရတယ်၊ အလယ် ၃ တွဲ ပျက်ကျတယ်၊ ဒရုန်းနဲ့တိုက်ခိုက်တာမှာ စစ်ကြောင်းမှူး ဗိုလ်မှူးနဲ့ သူ့ဘတ်စမန်းတကောင် သေလို့ လူနာတင်ကားနဲ့ ဆွဲထုတ်သွားတယ်၊ ၃ ပွင့်ဗိုလ်ထပ်ကြီးတယ်၊ ညနေ ယာယီစခန်းကို ဝင်ပစ်ပြီး ပြန်ဆုတ်တာ ၆ ကောင်ကျတယ်။" လို့ ဒေါင်းဖြူစစ်ကြောင်းအဖွဲ့ဝင် ရဲဘော်တဦးက ပြောပါတယ်။

"အာဏာရှင်တို့ ပရိုမိုးရှင်းများ" (မြင်မိ ကြားမိသမျှ အစီအစဉ်)

မြေလတ်အသံသတင်းဌာနမှာ အပတ်စဉ်တင်ဆက်နေတဲ့ ဆောင်းပါးရှင် သခင်နွေရဲ့ "မြင်မိ ကြားမိသမျှ အစီအစဉ်" ဒီတပါတ်မှာတော့ "အာဏာရှင်တို့ ပရိုမိုးရှင်းများ" ခေါင်းစဉ်ကို နားဆင်နိုင်ကြပါပြီ။

ပဲခူးတိုင်းနဲ့ မွန်ပြည်နယ်ကြားမှာ KNU-KNLAအပါ မဟာမိတ်အဖွဲ့တွေ နယ်မြေရှင်းလင်းရေးလုပ် (ရုပ်/သံ)

"နယ်မြေစိုးမိုးရေး စစ်ဆေးရေးတွေကို ကျနော်တို့ မွန်ပြည်နယ်နဲ့ ပဲခူးတိုင်းကြားပေါ့၊ ဝေါနဲ့ သိမ်ဇရပ်မှာ လုပ်တာ၊ ပြည်သူတွေလည်း လိုက်နာကြပါတယ်။ ကျနော်တို့ စစ်ဆေးရေးကို မနက်ကနေ နေ့ခင်း ၃ နာရီလောက်အထိ လုပ်ခဲ့တယ်"

စစ်တပ် စစ်ဆေးရေးဂိတ် တိုက်ခိုက်ခံရပြီး ၂ ပွင့်ဗိုလ်အပါ စစ်သား ၃ ဦးသေဆုံး (ရုပ်/သံ)

"ဂိတ် အနီးအနားမှာ ကင်းပုန်းဝတ်တဲ့ပုံစံမျိုး စောင့်နေတဲ့ ** ၂ ကောင်ကို ကျနော်တို့ လက်ဦးမှုယူပြီး မီတာ ၅၀ အကွာကနေ ပစ်သတ်နိုင်ခဲ့တယ်။ ဘန်ကာနားမှာထိုင်နေတဲ့ ၂ ပွင့်ဗိုလ်လည်းမှန်တယ်။ မှန်ပြီးပြီးချင်း ပခုက္ကူသပြေညိုဆေးရုံမှာ တက်ရောက်ကုသတယ်၊ ညက သေသွားတယ်။ ကျနော်တို့ သတ်ချင်နေတဲ့ ပျူကောင် ခြေထောက်မှန်တယ်၊ အဲ့ဒီကောင်ကတော့ မသေဘူး၊ ဆေးကုနေတယ်၊"

အရှေ့ဘုန်းကံရွာတိုက်ပွဲမှာ စစ်အုပ်စုဘက်ဒဏ်ရာရသူ ၃ဦးထဲက ၂ဦးသေဆုံး (ရုပ်/သံ)

အဲ့ဒီတိုက်ပွဲမှာ စစ်ကောင်စီဘက်က ၃ ဦးဒဏ်ရာပြင်းထန်ပြီး ၂ ဦး မစိုးရိမ်ရ ဒဏ်ရာရကာ ဒဏ်ရာပြင်းထန်သူ ၃ ဦးထဲက ၂ ဦးဟာ သြဂုတ် ၁၇ရက် ညပိုင်းမှာ သေဆုံးခဲ့တယ်လို့ Southen YSO PDF တာဝန်ခံ ဗိုလ်အောင်မောင်းကပြောပါတယ်။

စစ်ကိုင်းမှာ တပ်မ ၃၃ စစ်ကြောင်း လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခံရ (ရုပ်/သံ)

"အဲ့ဒီစစ်ကောင်စီစစ်‌ကြောင်းဟာ ပဒူရွာမှာ အထိုင်ချနေတာ။ အင်အားကတော့ ၇၀ လောက်ပါတယ်။ စစ်သားတွေကတော့ တပ်မ ၃၃ ကပါ။ လက်လုပ်အဖူး ၁၂ လုံးလောက်ပစ်ခဲ့တယ်။ ထိခိုက်သေဆုံးမှုကို စုံစမ်းနေတုန်း"

ငါန်းမြှားရဲစခန်း ဒရုန်းနဲ့တိုက်ခိုက်ခံရလို့ ၁ ဦးသေ ၃ ဦးဒဏ်ရာရ (ရုပ်/သံ)

မြင်းခြံမြို့နယ်၊ အလယ်သောင်ကျေးရွာမှာ စစ်ကောင်စီအင်အား ၁၀၀ ကျော်လောက်က ပြည်သူတွေကို ဖမ်းဆီးနှိပ်စက်နေတဲ့ သတင်းအရ စစ်ကောင်စီတပ်တွေ အာရုံပြောင်းစေဖို့ ငါန်းမြှားရဲစခန်းကို ဒရုန်းနဲ့ ဗုံးချတိုက်ခိုက်ခဲ့တာလို့ Myingyan District Drone Strike တာဝန်ခံက ပြောပါတယ်။

တပတ်အတွင်း မြေလတ်သတင်း

- မြိုင်နယ်၊ သရက်ကွရွာက စစ်အုပ်စု တိုက်ခိုက်ခံရလို့ ၃ ဦးသေဆုံး - ကန့်ဘလူနယ်က ပျူစောထီးစခန်းသိမ်းတိုက်ပွဲမှာ ပျူစောထီး ၅ ဦးကို အရှင်ဖမ်းမိခဲ့၊ PDF တဦးသေဆုံး - ဘုတလင်တိုက်ပွဲမှာ စစ်ကောင်စီဘက်က ၁၅ ဦးသေဆုံးပြီး ကာကွယ်ရေးရဲဘော် ၁ ဦးလည်း သေဆုံး - ငါးပတ်ချောင်းရွာကို ဒုတိယအကြိမ် စစ်ကြောင်းထိုးမီးရှို့လို့ အိမ်ခြေ ၇၀ မီးလောင်ပြာကျ - မြိုင်က PDF တဦး လက်နက်နဲ့အတူ စစ်ကောင်စီထံ ပူးပေါင်းသွားလို့ PDF စခန်းတွေကို သတိပေးစာထုတ် - အရာတော်က ဓားစာခံအဖြစ် ဖမ်းဆီးခံထားရသူတချို့ ပြန်မလွတ်သေး - သဲကုန်းမှာ စစ်ကောင်စီတပ်က လူငယ် ၁၀ ဦးကို ဆက်တိုက်ဖမ်းဆီးသွားလို့ မြို့ခံလူငယ်တွေ တိမ်းရှောင်နေရ - ရိက္ခာကားတွေကို ကင်းစောင့်မယ့် စစ်အုပ်စုမိုင်းဆွဲခံရလို့ ၄ ဦးသေ ၁၀ ဦးကျော်ဒဏ်ရာရ - စစ်ကိုင်းနဲ့မန္တလေးတိုင်းမှာ ဇူလိုင်လအတွင်း တရားမဝင်သစ် ၅၇၅ တန် ဖမ်းမိခဲ့ကြောင်း NUG ထုတ်ပြန် - ပဲခူးမြစ်ရေ ပြန်ကျလို့ ကယ်ဆယ်ရေးစခန်းအားလုံးပိတ်သိမ်း၊ ရေဘေးသင့်ပြည်သူတွေ နေအိမ်ပြန် - မြင်းမူနဲ့ ချောင်းဦးမှာ စစ်အုပ်စုတိုက်ခိုက်ခံရပြီး စစ်သား ၅ ဦးသေဆုံး

ရေစကြိုနယ်မှာ ခလရ ၂၅၇ စစ်ကြောင်း ၂ ကြိမ်ကြားဖြတ်တိုက်ခိုက်ခံရ (ရုပ်/သံ)

"တိုက်ခိုက်တာက နာရီဝက်လောက်ကြာတယ်။ သေဆုံးတာကတော့ ၇ ကောင်သေတယ်။ ခလရ ၂၅၇ တပ်က စစ်သားတွေပါ။ တိုက်ခိုက်ပြီးနောက် ခလရ ၂၅၇ တပ်ထဲကနေ ကား ၂ စီးထွက်လာတယ်။ တစီးကတော့ အထောက်ကားဖြစ်ပြီး တစီးကတော့ ဖောကားနဲ့ လူအင်အားချိန်းတယ်။ ဒဏ်ရာရတာဟာတွေ သေတဲ့ဟာတွေ အဲ့ဒီကားနဲ့တင်ပြီး ပြန်ဆုတ်သွားတယ်"

ပခုက္ကူ တပ်မ ၁၀၁ ကိုသွားမယ့် စစ်အုပ်စု တိုက်ခိုက်ခံရလို့ စစ်သား ၃ ဦးသေဆုံးပြီး ၁ ဦးဒဏ်ရာရ (ရုပ်/သံ)

"မနက်ပိုင်း ၈ နာရီ ၄၀ မိနစ်လောက်မှာ အုန်းတောရွာကို ဝင်တယ်၊ နေ့လယ် ၁၀ နာရီလောက်မှာ အုန်းတောရွာအပြင်ဘက်ထွက်လာတဲ့အချိန် ကျနော်တို့က အသင့်စောင့်ပြီး ဝိုင်းပစ်ကြတယ်၊ စစ်ကောင်စီဘက်က စစ်** ၃ ကောင်လဲကျသွားတယ်၊ နေ့လယ် ၁၁ နာရီ ၄၀ မိနစ်မှာ နောက်ထပ်တပွဲဖြစ်တယ်၊ ၅ မိနစ်လောက်ပဲ ကြာတယ်၊ ၁ ကောင်တော့လဲကျသွားတယ်၊ ၃ ကောင်သေပြီး ပေါက်ဆေးရုံမှာ ၁ ကောင်ကုသနေတယ်" လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ - မြိုင်မြို့နယ် ပကဖ တာဝန်ခံ ဗိုလ်လက်ယာက ပြောပါတယ်။

မြင်းမူနဲ့ ချောင်းဦးမှာ စစ်အုပ်စုတိုက်ခိုက်ခံရပြီး စစ်သား ၅ ဦးသေဆုံး (ရုပ်/သံ)

မြင်းမူမြို့နယ်, ဝမ်းပြည့်ကျေးရွာနဲ့ အလကပ္ပကျေးရွာကြားရှိ ရေဦးဆီဆိုင်ဟောင်းနားမှာ ခရီးသွားပြည်သူတွေဆီက ပိုက်ဆံကောက်နေတဲ့စစ်သားတွေကို သြဂုတ်လ ၁၅ ရက်မနက် ၁၁ နာရီလောက်မှာ ဒရုန်းနဲ့ ဗုံးသီး ၃ လုံးချ တိုက်ခိုက်ခဲ့ပြီး ထိခိုက်သေဆုံးမှုတော့ မသိရဘူးလို့ ဆိုပါတယ်။

ရိက္ခာကားတွေကို ကင်းစောင့်မယ့် စစ်အုပ်စုမိုင်းဆွဲခံရလို့ ၄ ဦးသေ ၁၀ ဦးကျော်ဒဏ်ရာရ(ရုပ်/သံ)

"ကင်းပုန်းဝတ်နေတာကို ကျနော်တို့မိုင်းဆွဲလိုက်တာ ၂ ယောက်ကတော့ မိုင်းဆွဲလိုက်တဲ့နေရာမှာ ပျောက်သွားတယ်။ ကျန်တဲ့ ၂ ယောက်က ကတ္တရာလမ်းပေါ်မှာ အူတွေထွက်ပြီး ပတ်လက်လှန်ပြီးလဲနေတယ်။ ၁၃ ယောက်လောက်လည်း မိုင်းထိပြီးလဲတယ်။ဘုန်းကြီးကား ၁ စီးနဲ့ ပခုက္ကူကနာရေးကား ၂ စီးနဲ့ အဲ့ဒီအကောင်တွေကို ပခုက္ကူဘက်ကို ပြန်ခေါ်သွားတယ်" လို့ မြိုင်မြို့နယ် ပကဖ တာဝန်ခံ ဗိုလ်လက်ယာက ပြောပါတယ်။

“ဆေးဖက်ဝင် ထနောင်းပင်”

ဆီးချို၊ သွေးတိုးထိန်းညှိပေးနိုင်ဖို့ ထနောင်းရွက်ကို ဘယ်လိုစားသုံးလို့ရမလဲ။ ကာလသားရောဂါအနာတွေအတွက် ထနောင်းရွက်ကို ဘယ်လိုအသုံးပြုကုသလို့ရမလဲ။ ထနောင်းခေါက်ပြုတ်ရည်ဟာ ဘယ်လိုရောဂါတွေသက်သာပျောက်ကင်းအောင် ကုသလို့ရသလဲ ဆိုတာတွေကို နားဆင်ရမှာပါ။

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10