ရုပ်သံ

မြို့ပေါ်စခန်းသိမ်းတိုက်ပွဲတွေဖော်ဆောင်မယ့် လင်းယုန်အထူးစစ်ကြောင်း( ရုပ်/သံ)

၂၀၂၁ ခုနှစ် ၁၀ လပိုင်းကတည်းက MDF Special force - လင်းယုန်စစ်ကြောင်းကို စတင်တည်ထောင်ခဲ့ပေမယ့် စစ်ရေးတဖက် သင်တန်းတဖက်နဲ့ တဆင့်ခြင်း တည်ဆောက်ခဲ့ရတဲ့အတွက် ၂၀၂၃ ခုနှစ်မှ စစ်ကြောင်းတခုအနေနဲ့ ရုပ်လုံးပုံပေါ်လာတာဖြစ်တယ်လို့ ဆိုပါတယ်။

စစ်ရေယာဉ် ၁၁ စီး တိုက်ခိုက်ခံရပြီး ထိခိုက်သေဆုံးမှုတွေရှိ (ရုပ်/သံ)

“တိုက်ပွဲချိန်က ၁ နာရီလောက်ကြာတယ်၊ သူတို့ဘက်က သင်္ဘောပျက်တော့ ကျနော်တို့တနေရာထဲကို ဖပစ်တာ ကတုတ်ကျင်းထဲကနေ ပြန်လည်ဆုတ်ခဲ့ရတယ်" လို့ Myanmar's Royal Dragon Army -MRDA တပ်ခွဲမှူး ဗိုလ်စေတန်က ပြောပါတယ်။

မိုင်းမတော်တဆဖြစ်လို့ ကျဆုံးခဲ့တဲ့ ဒုတပ်စိတ်မှူးရဲ့ နာရေး (ရုပ်/သံ)

ဒုတပ်စိတ်မှူး သက်ပိုင်းစိုးဟာ ရဲဘော် ၅ ဦးနဲ့အတူ စစ်ကောင်စီတပ်သွားလာမယ့် လမ်းကြောင်းမှာ မိုင်းထောင်နေချိန်မှာ မိုးရွာခဲ့တာကြောင့် မိုင်းနဲ့ ဘတ္ထရီတွဲတဲ့အချိန် ဝါယာရှော့ဖြစ်ကာ ပေါက်ကွဲသွားတာလို့ ကျောက်လုံးကြီး KLG တပ်မဟာ ပြန်ကြားရေး တာဝန်ခံ ATက ပြောပါတယ်။

ဂျူတီချိန်းဖို့လာတဲ့ စစ်ကားပစ်ခတ်ခံရပြီး ဗိုလ်ကြီးအဆင့်အပါ ၃ ဦးသေဆုံး (ရုပ်/သံ)

"ကိုင်းတောမနဲ့ မြိုင်စက်မှု ၂ အကြားမှာ မနေ့ကသွားပစ်တာ။ ဗိုလ်ကြီး ၁ ကောင်နဲ့ ၂ ကောင်သေတယ်။ ၅ ကောင်ဒဏ်ရာရတယ်။ ကျနော်တို့လည်း ဖရဲသီးသတင်းပေးလို့ သိရတာ။ ပစ်ခတ်ခံရပြီး စက်မှု ၂ ထဲကို ပြန်ဝင်သွားတယ်"

ချင်းတွင်းမြစ်မှာ စစ်ရေယာဉ်တွေ တရက်တည်း ၂ ကြိမ် တိုက်ခိုက်ခံရလို့ ၄ ဦးသေဆုံးပြီး PDF ၂ ဦးဒဏ်ရာရ (ရုပ်/သံ)

“သူတို့က လမ်းကြောတလျှောက်လုံးကို လက်နက်ကြီးတွေနဲ့ ပစ်နေတာ။ ကျနော်တို့ကတော့ ကျနော်တို့ပွိုင့် ရောက်တဲ့အခါမှ သူတို့ကိုပစ်တာ။ သူတို့ RPG နဲ့ပစ်လိုက်တော့ အစလေးတွေ ကျနော်တို့ရဲဘော်တဦးနဲ့ အခြားအဖွဲ့က ရဲဘော်တဦးကို ထိသွားတယ်”

ရာထူးကဖယ်ရှားခံရတဲ့ နယ်လုံဝန်ကြီး ဗိုလ်မှူးကြီး ၅ ဦး ထိန်းသိမ်းစစ်ဆေးခံနေရ (ရုပ်/သံ)

စစ်ဆေးခံနေရသူတွေဟာ ကချင်ပြည်နယ် နယ်လုံဝန်ကြီးဟောင်း ဗိုလ်မှူးကြီး အောင်ကြည်လင်း၊ မန္တလေးတိုင်း နယ်လုံဝန်ကြီးဟောင်း ဗိုလ်မှူးကြီး ကျော်ကျော်မင်း၊ ကယားပြည်နယ် နယ်လုံဝန်ကြီးဟောင်း ဗိုလ်မှူးကြီး မြင့်ဝေ၊ ကရင်ပြည်နယ် နယ်လုံဝန်ကြီးဟောင်း ဗိုလ်မှူးကြီး မျိုးမင်းနောင်နဲ့ ချင်းပြည်နယ် နယ်လုံဝန်ကြီးဟောင်း ဗိုလ်မှူးကြီး ဟန်ဝင်းအောင် တို့ဖြစ်ပြီး သူတို့ကို စက်တင်ဘာလ ၁ ရက်နေ့ ရက်စွဲနဲ့ ရာထူးကဖယ်ရှားကြောင်းထုတ်ပြန်ပြီးတဲ့နောက် ခေါ်ယူစစ်ဆေးနေတာလို့ ဆိုပါတယ်။

သစ်ချဆိပ်စခန်းသိမ်းတိုက်ပွဲ စစ်ကောင်စီဘက်က ၁၅ ဦးသေ၊ ကွန်မန်ဒိုစိန်ပြောင်း ၂ လက်အပါ လက်နက်အများအပြားရတဲ့သတင်းနှင့် တပတ်အတွင်း သတင်းများ(Podcast)

မင်းကင်းမြို့ ကံရွာက ပျူစောထီး‌တွေတိုက်ခိုက်ခံရပြီး ၇ ဦးထက်မနည်းသေဆုံး၊ လက်နက်ခဲယမ်းများသိမ်းဆည်းနိုင်ခဲ့တဲ့သတင်း၊ သာယာဝတီထောင်မှာ ဆေးဝါးသွင်းခွင့်အပါအဝင် ထောင်ဝင်စာပို့ခွင့်တွေကို ကန့်သတ်ချုပ်ချယ်လာတဲ့သတင်း၊ ဗန်းမော်မြို့က ပြန်လာတဲ့စစ်ကောင်စီသင်္ဘောက Non CDM တွေကို ခေါ်လာတဲ့သတင်းနဲ့ အခြားသတင်းတွေကို နားဆင်ရမှာပါ။

စလင်းချောင်းရေလျှံလို့ ရွာ ၅ ရွာထက်မနည်း ဘေးလွတ်ရာ ပြောင်းရွှေ့ရ(ရုပ်/သံ)

“မနေ့နဲ့ ဒီနေ့ မိုးတအားများတာရော အထက်က ချောင်းရေကျတာရော ပေါင်းပြီးရေလျှံတာ။ အရင် မိုခါ (မုန်တိုင်း)တုန်းက ရေအဆင့်ရှိတယ်၊ ညကတည်းက ရေ တက်တာဆိုတော့ တချို့ဆို ရွေ့ချိန်ကိုမရလောက်ဘူး၊ ည ၁၀နာရီဆိုတော့ လူအိပ်ချိန်ဖြစ်နေပြီလေ၊ ဒီမနက် ထမင်းပို့ဖို့သွားတာ ရေကပေါင် အရင်းလောက်ရှိတော့ သွားမရဘူးဖြစ်နေတာ။ ရေစီးကလည်း နည်းနည်းသန်တယ်”

ရှေ့တန်းနဲ့ အနီးဆုံးနေရာက ဆေးတပ်သား မဖြိုးဖြိုး (အမျိုးသမီးကဏ္ဍ)

မဖြိုးဖြိုးဟာ သူနာပြုအလုပ်ကိုစွန့်လွှတ်ပြီး CDM လုပ်ကာ ပုလဲနယ်ထဲမှာ ၂ နှစ်နီးပါး နေထိုင်ခဲ့ရင်း ယင်းမာပင်ခရိုင်၊ အမှတ်၁၂ တပ်ရင်းထဲကို ရောက်ရှိခဲ့တာဖြစ်ပါတယ်။ တော်လှန်ရေးမှာ တတ်နိုင်တဲ့ဘက်က ပါဝင်ဖို့ဆုံးဖြတ်ခဲ့ပေမယ့် မိဘတွေကခွင့်မပြုခဲ့လို့ အိမ်ကနေခိုးထွက်လာခဲ့ရတဲ့ မဖြိုးဖြိုးကို မြေလတ်အသံက ဆက်သွယ်မေးမြန်းထားပါတယ်။

ချင်းတွင်းမြစ်ထဲမှာ စစ်ကောင်စီ မော်တော်ရေယာဉ် ၁၁ စီး တိုက်ခိုက်ခံရ (ရုပ်/သံ)

"ရိက္ခာတွေ၊ လက်နက်ခဲယမ်းတွေ၊ လေယာဉ်ဆီတွေ သယ်လာတဲ့ အမြန်ယာဉ် ၁၁ စီးကိုဆားလင်းကြီးမြို့နယ် ချင်းတွင်းမြစ်ကြောင်းတနေမှာ အနီးကပ်တိုက်ခိုက်ခဲ့တာ။ ထိခိုက်ပျက်စီးမှုတော့ရှိတယ်။ အမြန်ရေယာဉ်တွေကို တစီးနဲ့တစီး တွဲခေါ်သွားရတာမြင်ရတယ်။"

၃ ထပ်တိုက်ပေါ် တပ်စွဲနေတဲ့ စစ်အုပ်စု တိုက်ခိုက်ခံရပြီး ၅ ဦးသေဆုံး (ရုပ်/သံ)

"ထိခိုက်သေဆုံးတာတော့ ၅ ကောင်သေပါတယ်။ တကယ်မြေပြင်မှာ ပြည်သူဆီက ပြန်ကြားရတာနဲ့ scout(ကင်းထောက်)တွေဆီက ပြန်ကြားရတာကတော့ ၈ ကောင်သေတယ်။ သူပစ်ကိုယ်ပစ် ပစ်ခတ်ခဲ့တာ၊ ကျ‌နော်တို့က ပြောက်ကျားစနစ်နဲ့ အနီးကပ်ပစ်ခတ်ခဲ့တာ။ ကျ‌နော်တို့ဘက်က ပစ်တာဦးတယ်။ လမ်းပေါ်မှာကင်းယူနေတဲ့ ** ၅ ကောင်တော့ အတိအကျသေတယ်"

မြိုင်မြို့ပေါ်က ရဲစခန်းနဲ့ ထွေအုပ်ရုံးအပါအဝင် ၄ နေရာ တိုက်ခိုက်ခံရ (ရုပ်/သံ)

"ကျနော်တို့ ကာကွယ်ရေးတပ်တွေအနေနဲ့ ကိုယ့်မြို့ကို ပြန်လာနေပြီ။ မြို့အနီးတဝိုက်တွေမှာလည်း အကုန်လုံးရောက်နေပြီ။ မြို့ကိုလည်း ခဏလေးအတွင်းမှာ ပြန်လာလို့ရနေပြီဆိုတဲ့အကြောင်း စစ်ကောင်စီသိစေချင်တာ။"

"ဆီတိုး ဆန်တိုး ဘိုကြင်စိုး ခေတ်" (မြင်မိ ကြားမိသမျှ အစီအစဉ်)

မြေလတ်အသံသတင်းဌာနမှာ အပတ်စဉ်တင်ဆက်နေတဲ့ ဆောင်းပါးရှင် သခင်နွေရဲ့ မြင်မိ ကြားမိသမျှ အစီအစဉ် ဒီတပတ်မှာတော့ "ဆီတိုး ဆန်တိုး ဘိုကြင်စိုး ခေတ်" ခေါင်းစဉ်ကို နားဆင်နိုင်ကြပါပြီ။

တပတ်အတွင်း မြေလတ်သတင်း

- မကွေး ခမရ ၃၀၁ နဲ့ ၃၁၇ တပ်ရင်းမှူးတွေ အမိန့်ဖီဆန်မှု၊ တာဝန်ရှိမှုတွေနဲ့ နှစ်ရှည်ထောင်ဒဏ်တွေ ချမှတ်ခံရ - ၀က်လက်မှာ အမျိုးသမီး ၁ ဦးအပါ ၄ဦးကို စစ်တပ်ကသတ်ခဲ့၊ အမျိုးသမီးရုပ်အလောင်းက အဓမ္မပြုကျင့်ခံရတဲ့ပုံစံဖြစ်နေဟုဆို - လှတောနယ်မြေရဲစခန်းကို PDF ၇ ဖွဲ့က သွားရောက်တိုက်ခိုက် - ပဲခူးတိုင်းအနောက်ခြမ်းမှာ အုပ်ချုပ်ရေးမှူးရာထူးမှနုတ်ထွက်သူ ၁၅၀ ရှိလာ အစားထိုးခန့်ဖို့ မရှိလို့ ဆက်လုပ်နေရ - ချင်းတွင်းမြစ်အတွင်း စစ်ကောင်စီရေယာဉ် ၃ စီး တိုက်ခိုက်ခံရ - အညာဒေသက ကျောင်းသားလက်ရုံးတပ် အထူးတိုက်ခိုက်ရေးသင်တန်းဆင်းပွဲ ကို AA တာဝန်ရှိသူတွေ တက်ရောက် - နိုင်ကျဉ်းတချို့နဲ့ အဖမ်းခံရသူတွေကို စစ်ကြောင်းထိုးရာမှာ စစ်ကောင်စီက အသုံးပြု - ကိုင်းတောမရဲစခန်း တိုက်ပွဲမှာ တပ်မ ၁၀၁ က စစ်သား ၂ ဦးနဲ့ PDF ရဲဘော် ၁ ဦး သေဆုံး - ထီးချိုင့်မြို့နယ်ထဲက ဖမ်းဆီးခံခဲ့ရတဲ့ ပြည်သူ ၅ ဦး ပျောက်ဆုံးနေ - ကလေးမှာ စကစနဲ့ပူးပေါင်းပြီး သေနတ်ကိုင်တဲ့ ဘုန်းကြီးကို PDF ကဖမ်းဆီးကာ ခံဝန်နဲ့ပြန်လွှတ်ပေး - စစ်ဘေးရှောင် ၈၀  ကျော်ကို ကနီမြို့သပိတ်အင်အားစုတွေက အခမဲ့ ဆေးဝါးကုသမှုပေး

စစ်တပ်ထုတ်ကုန် ဝင်ငွေလျှော့ချရေး ကမ်ပိန်း

ဘဏ္ဍာရေးနဲ့ စီးပွားရေးတိုက်ပွဲအဖြစ် ဩဂုတ်လကနေ စပြီး ၂ လအတွင်း စစ်တပ်ပိုင် ဘီယာ ၆ မျိုးနဲ့ ဆေးလိပ် ၂ မျိုးရဲ့ ဝင်ငွေ ၇၀ ရာခိုင်နှုန်းကို ပိတ်ဆို့ဖို့လုပ်ဆောင်သွားမှာဖြစ်ပြီး ပြည်သူတွေအနေနဲ့လည်း ပါဝင်ပေးကြဖို့ သပိတ်အင်အားစုတွေက တောင်းဆိုထားပါတယ်။

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10