Nan Khan

တန့်ဆည်နယ်မှာ စာသင်ကျောင်းနဲ့ဆေးရုံကို စစ်တပ်က လေကြောင်းသုံးပစ်ခတ်

“လူအထိအခိုက်တော့မရှိဘူး။ စာသင်ကျောင်းထဲက ပေ ၁၅၀ အဆောင်တော့ စုတ်ပြတ်သွားတယ်။ ဆေးရုံကိုတော့ မထိလိုက်ဘူး။ ဆေးရုံအနီးက လယ်ကွင်းထဲကျသွားတယ်”

စစ်ကောင်စီ အသည်းအသန်ကာကွယ်နေရတဲ့ တန့်ဆည်မြို့သိမ်းတိုက်ပွဲ

တန့်ဆည်မြို့ကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ သိမ်းပိုက်နိုင်လိုက်မယ်ဆိုရင် အနောက်မြောက်တိုင်းစစ်ဌာနချုပ် (နမခ)အခြေစိုက်တဲ့ မုံရွာမြို့ကို ခြိမ်းခြောက်ထားနိုင်မယ့် အခြေအနေဖြစ်ပါတယ်။

စစ်အုပ်စုက လက်နက်ကြီးနဲ့ပစ်လို့ ၂ နှစ်အရွယ် ကလေးတဦးသေဆုံး

“နာရေးကတော့ ဒီမနက်မှာပဲ ပြုလုပ်လိုက်ပါပြီ။ သူတို့(စစ်ကောင်စီ)တွေ အရင်ရက်တွေတုန်းကလည်း လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပစ်ပစ်ထုတ်တာမျိုးတွေရှိလို့ ရွာသားတွေလည်း ရွာထဲမှာ မနေရဲလို့ ထွက်ပြေးတိမ်းရှောင်နေတာမျိုးတွေရှိတယ်”

အင်းတော်မှာ အမျိုးသမီးတဦး လက်နက်ကြီးထိမှန် သေဆုံး

“သူတို့(စကစ) အခုလို လက်နက်ကြီးတွေနဲ့ပစ်လို့ ထိခိုက်ဒဏ်ရာရတဲ့သူတွေလည်း များနေပြီ။ စစ်တပ်ကုန်းကနေ ပစ်လိုက် ရဲစခန်းကနေ ပစ်လိုက်နဲ့ ရွာထဲကအိမ်တွေဆို အမိုးတွေမှာ အပေါက်တွေ ချည်းပဲ”

မြောင်မြို့မရဲစခန်းကို Drone ဗုံးနဲ့တိုက်ခိုက်သလို သတိပေးစာတွေလည်း ကြဲချ (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ မြောင်မြို့မရဲစခန်းကို ကာကွယ်ရေးတပ်ဖွဲ့တွေက Drone ဗုံးနဲ့သွားရောက်ပစ်ခတ်ခဲ့သလို လက်ကမ်းစာစောင်တွေကိုလည်း ကြဲချခဲ့တယ်လို့ စစ်ကိုင်းခရိုင်အမှတ် ၄ တပ်ရင်း - MSPDF တပ်ဖွဲ့ဆီ က သိရပါတယ်။

တန့်ဆည်မြို့ပေါ်တိုက်ပွဲ ၁၀ နာရီကျော်ကြာပြင်းထန်နေပြီး စစ်တပ်က ၂ ကြိမ် လေကြောင်းပစ်ကူပေးထား

“ ရဲစခန်းကိုဝင်သိမ်းတဲ့အချိန် လေယာဉ်နဲ့လာပစ်တော့ သိမ်းလို့မရသေးပါဘူး။ အခုလည်း ကန့်ဘလူဘက်ကနေ ဟောင်ဝစ်ဇာတွေနဲ့ ပစ်ကူပေးနေတယ်။ ရေဦးဘက်ကနေလည်း စစ်ကူတွေလာဖို့ပြင်နေတယ်။ တိုက်ပွဲက ပြင်းထန်နေဆဲပါ”

မတ္တရာမြို့နယ်က စစ်တပ်စခန်းကုန်းတခုကို PDF က သိမ်းပိုက်

“အရှင်ဖမ်းမိထားတဲ့ ၄ ယောက်လုံးက စခန်းကုန်းကိုဝင် ရောက်စီးနင်းခဲ့တဲ့အချိန်မှာပဲ လက်ရ ဖမ်းဆီးခဲ့တာ။ ထွက်ပြေးလွတ်မြောက်သွားတဲ့ သူတွေလည်းရှိပါတယ်။ ကျနော်တို့ဘက်ကတော့ ထိခိုက်သေဆုံးတာတွေ မရှိပါဘူး။” လို့ MDY – PDF တပ်ဖွဲ့ရဲ့ ပြောရေးဆိုခွင့်ရှိသူ ကိုအော်စမွန်က ပြောပါတယ်။

လှတောရွာထဲ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်သားတွေကို PDF တွေက ဒရုန်းနဲ့ တိုက်ခိုက်

“ဒရုန်းနဲ့ချတာက သူတို့အထိုင်နေရာစခန်းနဲ့ စိုက်ပျိုးရေးရုံးပတ်ပတ်လည်ကို တချိန်တည်းမှာပဲချခဲ့တာ။ သူတို့ ဘက်က ထိခိုက်မှုတွေရှိလို့ ကျနော်တို့ကို လက်နက်ငယ်တွေနဲ့ ပြန်ပစ်ခဲ့တာ”

ရန်ကြီးအောင်စခန်းသိမ်းတိုက်ပွဲကနေ ထွက်ပြေးနေတဲ့ စခန်းတာဝန်ခံ  ဗိုလ်မှူးအပါအဝင် စစ်သား ၉ ဦး ထပ်မံဖမ်းမိ

“ သူတို့တွေက လက်နက်တွေကို ဖွက်ထားတယ်။ ကျနော်တို့ စစ်ဆေးမေးမြန်းတဲ့အခါမှ သေနတ်ရှိတဲ့နေရာတွေကို လိုက်ပြတာ။ ဖမ်းမိတဲ့သူတွေကို တနေရာတည်းမှာမိတာမျိုး မဟုတ်ဘူး။ တယောက်မိပြီးမှ နောက်တနေရာမှာ နောက်ထပ်တယောက်ကို ထပ်မိတာ”

ရွှေဘိုခရိုင် အမှတ် ၁၄ တပ်ရင်းဆီ ရဲတပ်သားတဦး အလင်းဝင်လာ

“ကျနော်တို့ဆီ လက်နက်နဲ့ အလင်းဝင်လာတာဆိုရင် သူတယောက်တည်းဘဲ ရှိပါသေးတယ်။ သူ့အတွက် ဆုကြေးငွေတွေကိုလည်း ပေးဆောင်သွားဖို့ရှိပါတယ်။ ကျနော်တို့ မကြာခင်ထုတ်ပြန်သွားမှာပါ ”

ကလေးမြို့က စခန်းသိမ်းတိုက်ပွဲမှာ စစ်သား ၁၅ ဦးသေကာ တပ်ကြပ်တဦးအပါ ၂ဦးအရှင်ဖမ်းမိ

“သူတို့ဘက် ကျည်မရှိတော့လို့ လေယာဉ်နဲ့လာချပေးတာကို သူတို့စခန်းနားမှာကျတဲ့ သေတ္တာ ၂ လုံးပဲ ရသွားတယ်။ ကျနော်တို့နားကျတာကိုတော့ သူတို့လာကောက်မရဲတော့ ကျနော်တို့ပဲ ရသွားတယ်။ အခု အဲဒီကရတဲ့ ပစ္စည်းတွေနဲ့ သူတို့ကိုသွားတိုက်တာ။”

တန့်ဆည်မြို့မှာ စစ်တပ်သောင်းကျန်း၊ နေအိမ်တွေ မီးရှို့ပြီး ဈေးဆိုင်က ပစ္စည်းတွေကို အဓမ္မယူငင်

“ဒီနေ့မနက် **တွေက ဆဲဆို၊ သေနတ်တွေဖောက်ပြီး သောင်းကျန်းနေတာ၊ မြို့ပေါ်က ဘယ်သူမှအပြင် မထွက်ရဲကြဘူး။ စျေးတွေလည်း မဖွင့်ရဲကြဘူး”

တန့်ဆည်မြို့မှာ စစ်ကောင်စီတပ်စွဲထားတဲ့နေရာ ၄ ခုကို PDF ပူးပေါင်းတပ်ဖွဲ့ ဝင်ရောက်တိုက်ခိုက်

“အပြန်အလှန်ပစ်ခတ်ချိန် သူတို့ဘက်က ဒဏ်ရာရတဲ့သူတွေ အော်ပြီးပြေးတဲ့သူတွေကို မျက်မြင် တွေ့ခဲ့တယ်။ ကျနော်တို့ ပူးပေါင်းတပ်ဖွဲ့ဘက်ကတော့ တယောက်ကျသွားတယ်။ လောလောဆယ် စစ်ရေးအခြေအနေက တင်းမာနေဆဲမို့ သိမ်းဆည်းရမိတာတွေကိုတော့ တိတိကျကျပြောလို့ မရသေးဘူး”

ဝက်လက်နယ်က ရဲစခန်းတိုက်ပွဲမှာ ရဲ ၇ ဦးသေပြီး ရဲစခန်းကိုပါမီးရှို့နိုင်ခဲ့

အင်အား ၃၀ ဝန်းကျင်ရှိတဲ့ ရွှေပန်းကုံးနယ်မြေရဲစခန်းကို တိုက်ခိုက်မှုအတွင်း အပြန်အလှန် ပစ်ခတ်မှု ၁ နာရီကျော်ကြာမြင့်ခဲ့သလို ရဲတပ်သား ၇ ဦးသေဆုံးကာ ၁ ဦး အရှင်ဖမ်းဆီးရမိခဲ့ပြီး သေနတ် ၁၂ လက် သိမ်းဆည်းရရှိခဲ့တယ်လို့ မြေပြင်ကာကွယ်ရေးတပ်ဖွဲ့ဝင်တဦးက ပြောပါတယ်။

ဘုတလင်မြို့ပြည်သူ့ဆေးရုံက ၀န်ထမ်းတွေ CDM လုပ်သွားလို့ စစ်ကောင်စီက ဆေးရုံကို ချိပ်ပိတ်လိုက်ရ

"ဆေးရုံက၀န်ထမ်းတွေမလာတော့ လူနာတွေလည်း ဆင်းသွားပြီ။ စစ်တပ်ကလည်း လာချိပ်ပိတ်သွားတယ်။ မီးသတ်ရုံးကတော့ ပိတ်ထားတာကြာပြီ။ ရုံးတွေ ပိတ်ကုန်တာများတယ်"

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10