သတင်း

မုံရွာ နမခကိုလာတဲ့ စစ်ကောင်စီ ကား ၂ စီးကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့က မိုင်းဆွဲပစ်ခတ်

“သေတာက ၇ ကောင်သေတယ်။ ၁၅ ကောင်လောက်က အပြင်းအထန်ဒဏ်ရာရပြီး ဆေးကုနေရတယ်”

Fixed Wing Drone တွေနဲ့တိုက်ခိုက်ဖို့ ပြင်ဆင်နေတဲ့ THU RAIN TR အဖွဲ့ (ရုပ်/သံ)

တပ်ဖွဲ့မှာလိုအပ်နေတဲ့ Fixed Wing Drone တွေကို ဝယ်ယူနိုင်ဖို့ "ရုန်းထပျံတက် ဖီးနစ်ငှက်များ" ကမ်ပိန်းကို THU RAIN TR အဖွဲ့က ပြုလုပ်နေပြီး လုံလောက်မှုမရှိသေးဘူးလို့ သိရပါတယ်။

တောင်ငူမှာ အမျိုးသား ၁ ဦး စစ်မှုထမ်းဖို့ မဲပေါက်ပြီးနောက် အဆုံးစီရင် (ရုပ်/သံ)

"သိရတာက စစ်မှုထမ်းမဲပေါက်တယ်ဆိုပြီး လာပြောပြီးကတည်းက စိတ်ညစ်တယ် စစ်မှုမထမ်းချင်ဘူးပြောပြီး ထွက်သွားတယ်တဲ့။ ညပိုင်းအိမ်ပြန်လာတော့မူးနေပြီး ကြိုးဆွဲချသွားတာလို့ သိရတယ်"

လင်းဇင်းရဲစခန်းကို PDF ဝင်တိုက်၊ ကျည်မလောက်လို့ စခန်းမသိမ်းနိုင်ဘဲ ပြန်ဆုတ်ခဲ့ရ

“ကျနော်တို့လည်း လက်နက်ကြီး၊ လက်နက်ငယ်နဲ့ ပစ်တယ်။ ထိခိုက်သေဆုံးမှုရှိတယ်လို့ သိရတယ်။ အခုထိတော့ စုံစမ်းလို့မရသေးဘူး။ ပထမတော့ စခန်းသိမ်းဖို့သွားတာ စခန်းသိမ်းဖို့ လုံလောက်တဲ့ ကျည်မရှိတာကြောင့် နောက်ပြန်ဆုတ်ခဲ့ရတယ်။”

ဒုတပ်ကြပ်အဆင့် ရဲမေ ၁ ဦး YPDF ဆီအလင်းဝင်

"(အလင်းဝင်ရဲမေက) ယောဒေသခံတယောက်ပါ။ သူ့ရဲ့မိဘတွေက အကူအညီတောင်းလာလို့ ကယ်ထုတ်ခဲ့ရတယ်။ ရဲမေမှာ လက်နက်ခဲယမ်းပစ္စည်း ပါမလာပါဘူး"

ကလေးမြို့ပေါ်မှာ နေအိမ်မီးလောင်မှုဖြစ်ပြီး မိခင်နဲ့ကလေးငယ် မီးထဲပါသေဆုံး

“ဝါယာရှော့ဖြစ်ပြီး လောင်တာလို့သိရတယ်။ ဖခင်ဖြစ်သူပဲ လွတ်တယ်။ ဇနီးနဲ့သားကို ခုန်ချခဲ့ဖို့ ခေါ်တယ် ပြောတယ်။ သားအမိတွေက မခုန်ရဲကြတာထင်တယ်။ အိမ်ကထရံကာဆိုတော့ လောင်တာတအား မြန်တယ်။ ကယ်ချိန်မရလိုက်တာနေမှာ။ သားအမိတွေအလောင်းက ဖက်လျက်သားပုံစံလေး”

မန္တလေးမှာ မိသားစုဝင် ၃ ဦး တပြိုင်တည်းအသတ်ခံရ

"အမေနဲ့သားက အိပ်ခန်းအတွင်းမှာ အသတ်ခံထားရတယ်။ အဖေဖြစ်သူက ရေချိုးခန်းထဲမှာ အသတ်ခံထားရတယ်။ သူတို့မိသားစုက ၅ ဦးမှာ သမီး ၂ ယောက်က ပြည်ပမှာအလုပ်လုပ်နေတာ"

နေရပ်မပြန်နိုင်သေးတဲ့ စစ်ရှောင်တွေအတွက် သိန်း ၁၀၀ ကျော်ဖိုး ထောက်ပံ့

စစ်ရှောင်စခန်းတွေကို ဆန်၊ ဆီ၊ ကုန်ခြောက်တွေနဲ့၊ ဟင်းသီးဟင်းရွက်မျိုးစုံတို့ကို ထောက်ပံ့ပေးခဲ့ပြီး သောက်သုံးရေရရှိဖို့နဲ့ လျှပ်စစ်မီးယာယီရရှိဖို့အတွက်ပါ စုစုပေါင်း ကာလတန်ဖိုးကျပ်သိန်း ၁၀၀ ဝန်းကျင်ခန့် ကူညီပေးခဲ့တယ်လို့ ခရိုင်ပကဖ တာဝန်ရှိသူတဦးက ပြောပါတယ်။

ထီးချိုင့်နဲ့ အင်းတော်အစပ်မှာ ၁၂ ဘီးကားမှောက်လို့ ယာဉ်နောက်လိုက်သေဆုံး

“သူက ခုန်ချတဲ့အခါ မလွတ်ဘဲ ကားအောက်မှာ ပိသွားတာ၊ သူ့ကိုက ဂျိုင့်တွေနဲ့ ဆွဲထုတ်ရတာ၊ သွားခေါ်ထုတ်တုန်းက အသက်ရှိသေးတယ်၊ လမ်းခုလတ်မှာတင် ဆုံးသွားတာ။”

ကြို့ပင်ကောက်မှာ တိုက်ပွဲဖြစ်ပြီး နှစ်ဘက်ထိခိုက်မှုရှိ

“ကျနော်တို့က အရင်ဆုံးစပစ်နေတုန်းမှာ လက်လုပ် ၆၀ မမ ပြောင်းကွဲသွားလို့ ကိုယ့်ရဲဘော်တဦးရဲ့ လက်မှာ ဒဏ်ရာရသွားတာ။ စစ်တပ်ဘက်ကလည်း လက်နက်ကြီးတွေနဲ့ ပြန်ပစ်လို့ ကျနော်တို့လည်း နောက်ပြန်ဆုတ်လာခဲ့တာ။ နှစ်ဘက်ပစ်ခတ်မှုကတော့ ၅ မိနစ်လောက်ပဲကြာတယ်”

တာဝန်ထမ်းဆောင်ရင်း ရုတ်တရက်သေဆုံးတဲ့ PDF ရဲဘော်ကို သင်္ဂြိုဟ်ပြီးစီး (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်ထဲမှာ ရုတ်တရက်လဲကျသေဆုံးတဲ့ ရဲဘော်တဦးကို သင်္ဂြိုဟ်ပြီးစီးခဲ့ပြီလို့ အမှတ် ၁ စစ်ဒေသ၊ ယင်းမာပင်ခရိုင် အမှတ် ၁၁ တပ်ရင်း၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်က တပ်ရေးအရာရှိ ရဲဘော် ဥက္ကာက ပြောပါတယ်။

တာဝန်တွေကြားက ဥပုသ်စောင့်နိုင်ခဲ့တဲ့ ABSDF ရဲဘော် မိုဟာမက်( ရုပ်/သံ)

“တာဝန်ကိုလည်း ကျေပွန်စွာ ထမ်းဆောင်ချင်တယ်၊ ဥပုသ်ကိုလည်း မပျက်မကွက်ဘဲနဲ့ စောင့်ချင်တယ်၊ အဲ့အတွက် အခက်ခဲတော်တော်ကြုံရတယ်၊ တပ်သားတယောက်ဖြစ်လာတဲ့အပေါ်မှာ တာဝန်တွေ အများကြီး ပိလာတယ်၊ တနေ့လုံး မအားတာတွေ၊ နေ့ရော ညရော မအားတာတွေ ရှိတယ်၊ အဲ့အတွက် ဥပုသ်လကို အပြည့်အဝ မယူနိုင်ဘူးပေါ့ဗျာ၊ အဲ့အတွက်လည်း အများကြီး စိတ်မကောင်းဖြစ်ရတယ်။”

ကန့်ဘလူတိုက်နယ် ပကဖ ထုတ်လုပ်ရေးစခန်း မီးလောင်ကာ သိန်း ၁,၀၀၀ ကျော်ဖိုးဆုံးရှုံး (ရုပ်/သံ)

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ် တောင်ပိုင်းအခြေစိုက် ကန့်ဘလူတိုက်နယ် ပကဖထုတ်လုပ်ရေးစခန်း မီးလောင်ကာ သိန်း ၁,၀၀၀ ကျော်ဖိုးဆုံးရှုံးသွားတယ်လို့ စခန်းတာဝန်ခံထံက သိရပါတယ်။

သမီးဖြစ်သူကို ထောင်ဝင်စာသွားပို့တဲ့မိခင် ထောင်ရှေ့မှာကွယ်လွန်

“နိုင်ငံရေးအကျဉ်းသား၊ အကျဉ်းသူတွေကို ထောင်ပြောင်းပို့တာတွေ မလုပ်ဆောင်သင့်ဘူး။ သူ့မြို့နယ်နဲ့ သူသာ ထားမယ်ဆိုရင် မိသားစုတွေအတွက်လည်း အဆင်ပြေသလို အဘွားဒေါ်ကြည်ညွန့်လိုဖြစ်စဉ်မျိုးတွေ ဖြစ်လာစရာမရှိဘူး“

အမှိုက်တွေမီးရှို့ရာက PDF အဆောင်တခုမီးလောင်ပြီး ကျပ်သိန်း ၃၀ ဆုံးရှုံး

"အဆောင်ပတ်လည်မှာ သစ်ရွက်ခြောက်တွေကို မီးရှို့တာကနေ လောင်တာဗျ။ မီးလောင်ချိန်မှာ ရဲဘော်တွေက တခြားရောက်နေကြတယ်။ တနာရီလောက်ကြာမယ်။ လူမရှိတာရယ် ရေမရှိတာရယ်ကြောင့် မီးမနိုင်လိုက်တော့တာပါ။"

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10