သတင်း

ဝက်လက်မှာ ဆယ်ကျော်သက်အရွယ် ဗကသရဲဘော်တဦး သတ်ဖြတ်ခံရ

“ သူက ဦးကြီးတွေနဲ့ အိပ်တာ။ ဦးကြီးတွေက သားသားပြန်မလာဘူး၊ မင်းတို့ဆီများ အိပ်တာလားဆိုတော့ ငါတို့ဆီလည်း မအိပ်ဘူးဆိုပြီး သူသွားတတ်တဲ့နေရာတွေ (၂နေရာ)လိုက်ကြည့်တာ။ သင်္ချိုင်းကုန်းဘက်သွားကြည့်တော့ dead bodyတွေ့တော့တာပဲ”

စစ်အုပ်စုက အရပ်သားကားတွေအသုံးပြုလာလို့ အထက်မင်းလှနယ်က လမ်းပိုင်းအချို့မှာ ဒေသန္တရအမိန့်ချမှတ်

ပုသိမ် - မုံရွာလမ်း၊ သရက် - မင်းလှလမ်း၊ မင်းလှ - မလွန် - သစ်ရာကောက်လမ်း၊ မင်းလှ - မင်းဘူး-မကွေးလမ်း၊ မင်းလှ - စစ္စနို့ - ကန်တုတ်လမ်းပိုင်းမှာ ရှိနေသူတွေနဲ့ ဖြတ်သန်းသွားသူတွေအတွက် အမိန့်ထုတ်ပြန်တာဖြစ်ပါတယ်။

ရိက္ခာပို့ပြီးပြန်လာတဲ့စစ်အုပ်စုကို တိုက်ခိုက်ပြီး နယ်မြေရှင်းလင်းချိန် ကျည်နဲ့ခဲယမ်းတွေရရှိ

“ကျနော်တို့ဘက်က ပစ်ခတ်ရှင်းလင်းမှုကြောင့် ** ၂ ကောင်ကတော့ နေရာမှာတင် လဲကျသွားတာ ရဲဘော်တွေမျက်မြင်တွေ့ခဲ့ရတယ်။ သေဆုံးနိုင်မှုကတော့ အတည်မပြုနိုင်သေးပါဘူး”

ဂန့်ဂေါမြို့မရဲစခန်းက ရဲတပ်သားတဦးကို လက်နက်နဲ့ဖမ်းမိ

“သူက အရင် ချင်းပြည်နဲ့ ဂန့်ဂေါအစပ်က ဘုံဇုံရွာနယ်ခြားစောင့်စခန်းမှာ တာဝန်ထမ်းဆောင်နေတာ။ (ဘုံဇုံ)စခန်းက အသိမ်းခံလိုက်ရတဲ့အခါ အဲ့စခန်းကနေ ဂန့်ဂေါမြို့ကို လာခဲ့တာပေ့ါနော်။ စခန်းသိမ်းမှာ ထွက်ပြေးလွတ်မြောက်သွားတဲ့ သူတွေပါ။”

လေးအိမ်စုရွာကို စစ်တပ်ကဒရုန်းနဲ့ဗုံးကြဲလို့ ပြည်သူ ၂ ဦးသေဆုံး

"နေ့ခင်းထမင်းစားချိန်ဆိုတော့ အလုပ်ကပြန်လာကြပြီး နေအိမ်မှာနားနေကြချိန် ဗုံးတွေက ကျလာတာ။ အိမ်တွေကလည်း ဖက်အိမ်တွေဆိုတော့ လူတွေလည်းထိခိုက်ကုန်တာ"

စဉ့်ကူးမြို့ပေါ်ကို စစ်တပ်က လေယာဉ်နဲ့ဗုံးကြဲလို့ ၄ ဦးဒဏ်ရာ

"ဘုန်းကြီးကျောင်းထဲကို စစ်ရှောင်လာတဲ့သူတွေလို့ သိရပါတယ်။ သွေးထွက်လွန်နေတာ။ မန္တလေးဆေးရုံကြီး ကိုသွားဖို့ ကားလမ်းတွေအကုန်ပိတ်ထားတော့ ဒီအတိုင်းထားရတယ်"

မုံရွာမြို့ပေါ်မှာ မီးလောင်မှုဖြစ်ပြီး လူနေအိမ် ၁၅ လုံးပြာကျ

"ဘာကြောင့်လောင်တယ်ဆိုတာ မသိပါ။ မီးကတအားပြင်းတော့ အချိန်တော်တော်ကြာ ငြှိမ်းလိုက်ရတယ်။ အိမ်တွေကပြာကျသွားတော့ ဆုံးရှုံးမှုကတော့ များတာပေါ့"

ကလေးမှာ စစ်တပ်က ဒရုန်းနဲ့ဗုံးကြဲလို့ အသက် ၈၅ နှစ်အရွယ် အဘွားအို ၁ ဦးဒဏ်ရာရ

"တိုက်ပွဲဖြစ်တာလည်း မရှိပါဘူး။ အိမ်မှာနေတဲ့အဘွားတဦး ခြေနဲ့လက်တွေမှာ ဒဏ်ရာရခဲ့တယ်။ ဆေးကုသပေးနေပါတယ်"

စစ်ကောင်စီနဲ့ ပျူစောထီးတွေ လူချိန်းနေချိန် လက်နက်ကြီးနဲ့ ပစ်ခံရလို့ ၂ ဦးထိမှန်ဒဏ်ရာရ (ရုပ်/သံ)

ပြီးခဲ့တဲ့ ဇူလိုင်လ ၇ ရက်က နားဋောင်းကျရွာက ပျူစောထီးတွေနဲ့ တန့်ဆည်မြို့ပေါ်ကနေ လာတဲ့ စစ်ကောင်စီတပ်သားတွေဟာ အောင်သုခဘုန်းကြီး ကျောင်းဝန်းအတွင်းမှာ လူအချိန်းအပြောင်းလုပ်နေစဉ် ကာကွယ်ရေးတပ်ဖွဲ့က ၆၀ မမ လက်နက်ကြီး ၃ လုံး နဲ့ ပစ်ခတ်ခဲ့လို့ ထိခိုက်ဒဏ်ရာရသွားကြတာလို့ Civil Armed Force တပ်ဖွဲ့ ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။

ငှက်ဖျားဆေးနဲ့ ပညာရေးပစ္စည်းတွေ လိုအပ်နေတဲ့ ကိုယ်ထူကိုယ်ထ စစ်ရှောင်စာသင်ကျောင်း (ရုပ်/သံ)

စစ်ကောင်စီစစ်ကြောင်းကို တိမ်းရှောင်နေရတဲ့အတွက် အဲ့ဒီကျောင်းလေးကို ပြီးခဲ့တဲ့ ဧပြီလ နောက်ဆုံးပတ်ကမှ ဖွင့်နိုင်ခဲ့တာဖြစ်ပြီး KG ကနေ Grade 7ထိ သင်ကြားပေးနေကာ ကျောင်းသား ၅၀ ဝန်းကျင်ကို ဆရာမ ၃ယောက်နဲ့ သင်ကြားပေးနေတာဖြစ်တယ်လို့ကျောင်းတည်ထောင်သူတဦးက ပြောပါတယ်။

သံချပ်ကာယာဉ်တစီးကို မတ္တရာနယ်မှာ ပထမဆုံးအကြိမ် ဖျက်ဆီးနိုင်၊ သံချပ်ကာနဲ့အင်အားပြမှု စစ်တပ်က ထပ်မလုပ်တော့(ရုပ်/သံ)

မတ္တရာမြို့နယ်က စစ်ကောင်စီတပ်စခန်းတွေသိမ်းပိုက်ခံနေရလို့ မတ္တရာနယ်ထဲကို သံချပ်ကာယာဉ် ၂စီးနဲ့ စစ်အင်အားပြ စစ်ကြောင်းထိုးဖို့ကြိုးစားခဲ့ပေမယ့် သံချပ်ကာကားတစီးဖျက်ဆီးခံရပြီးတဲ့နောက် ကျန်တစီးကပါ အင်အားပြတာတွေ မလုပ်တော့ဘူးလို့သိရပါတယ်။

ပြင်ဦးလွင်နဲ့ မတ္တရာမြို့နယ်အစပ်က အုတ်ဖိုရွာသစ်ကို လေကြောင်းက တိုက်ခိုက်လို့ ကလေး ၁ ဦးသေ

"ကနဦးအနေနဲ့ ကလေးငယ်တဦးသေဆုံးပြီး ဒဏ်ရာပြင်းထန်သူတွေရှိတယ်လို့ပဲသိရပါသေးတယ်။ အကုန် ဆေးကုဖို့ ခေါ်သွားပါပြီ။ တိုက်ပွဲမရှိဘဲ လေကြောင်းတိုက်ခိုက်မှုလုပ်သွားတာပါ"

မင်းလှမှာ စိတ်မကျန်းမာသူတဦးကို စစ်တပ်က ရိုက်နှက်ရာက မျက်လုံးထွက်သေဆုံး

သေဆုံးသူဟာ မင်းလှမြို့နယ် ရှားကုန်းရွာနေ အသက် ၅၅ နှစ်အရွယ် ကိုပြားဖြစ်ပြီး မင်းလှမြို့ မြောက်ဘက်တန်းလမ်းမှာရှိနေချိန် ပျူစောထီးခေါင်းဆောင် ဗိုလ်ကြီးလှခိုင် ဦးဆောင်တဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ ရဲတွေက ဇူလိုင် ၇ ရက် ည ၁၀ နာရီလောက်က ရိုက်ခဲ့တာဖြစ်ပြီး နောက်တရက် ဇူလိုင် ၈ ရက် မနက်အစောပိုင်းမှာ မင်းလှဆေးရုံမှာပဲ သေဆုံးတာလို့ ဆိုပါတယ်။

စစ်ကိုင်းရေကြီးမှု နေအိမ်တွေမြုပ်တဲ့အထိ ရေတိုးလာနေပြီး ရေဘေးသင့်သူ ထောင်ချီအထိ မြင့်တက်လာ

ယမန်နေ့က စစ်ကိုင်းမြို့ မြေအနိမ့်ပိုင်းနေရာ မြို့ပေါ်ရပ်ကွက်နဲ့ကျေးရွာ ၂၀ ခန့်ကို ရေဝင်ရောက်နေတာကနေ ဒီကနေ့မှာ စိုးရိမ်ရေမှတ်အထက် ၁ ပေနီးပါးမြင့်တက်လာတာကြောင့် ရေကြီး၊ ရေလျှံမှုဖြစ်တဲ့ရပ်ကွက်တွေနဲ့ ကျေးရွာတွေတိုးလာသလို အနိမ့်ပိုင်းနေရာတွေမှာ နေအိမ်တွေပါနစ်မြုပ်လာတာ လို့ ဆိုပါတယ်။

သံတောင်ကထွက်လာတဲ့ စစ်ယာဉ်တန်းကို KNU နဲ့ ပူးပေါင်းတပ်ဖွဲ့ ကြားဖြတ်တိုက်ခိုက်

ဇူလိုင် ၈ ရက် မနက်ပိုင်းမှာ တောင်ငူ-သံတောင်လမ်း ၆ မိုင် နဲ့ ၅ မိုင်ကြား ဒေသအခေါ် သစ်ပုံအရောက်မှာ ကြားဖြတ်တိုက်ခိုက်ခဲ့ကြတာဖြစ်ပြီး တိုက်ပွဲချိန် မိနစ် ၃၀ ခန့်ကြာမြင့်ခဲ့တယ်လို့ သိရပါတယ်။

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10