သတင်း

အစုလိုက်အပြုံလိုက်လူသတ်မှုတွေကျူးလွန်ခဲ့တဲ့ အင်ကြင်းမြိုင်တပ်ကို PDF တွေ သိမ်းပိုက်

မတ္တရာမြို့နယ်အရှေ့ခြမ်းမှာ လူအစုလိုက်အပြုံလိုက်သတ်ဖြတ်မှုတွေ ကျူးလွန်ခဲ့တဲ့ အင်ကြင်းမြိုင်လေကြောင်းရန်ကာကွယ်ရေးတပ်ကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက သိမ်းယူထားတယ်လို့ သိရပါတယ်။

ဝင်းနိမ္မိတာရုံဆရာတော်ပစ်ခတ်ခံရမှုနဲ့ နောက်ဆက်တွဲလိမ်လည်မှုတွေကို နိုင်ငံတကာငြိမ်းချမ်းရေးသံဃကွန်ရက်က ပြင်းထန်စွာရှုတ်ချ

"သူတို့ဟာ တရားမျှတမှု မရှိဘူးပေါ့နော်၊ သူတို့ဟာ တာဝန်ယူမှုတာဝန်ခံမှု မရှိဘူးပေါ့နော်၊ အဲဒါကြောင့်မို့ သူတို့ကိုလည်း လူ့ဂုဏ်သိက္ခာရှိပြီး တာဝန်ယူမှု၊ တာဝန်ခံမှုမရှိတဲ့အတွက် သိက္ခာမဲ့တဲ့အဖွဲ့အစည်းတွေအဖြစ် ဦးဇင်းတို့ ရှုတ်ချချင်တဲ့အတွက်အခုလိုမျိုးထုတ်ပြန်ရခြင်းဖြစ်တယ်။"

ဂန့်ဂေါနယ်က စစ်ရှောင်နဲ့ PDF ရဲဘော်တွေအတွက် ဆေးဝါးရရှိဖို့ခက်ခဲနေ

"ဆေးတွေ လိုတဲ့အချိန်မှာ လိုသလို မရပါဘူး။ မိုးရွာတော့ လမ်းတွေကလည်းမကောင်း၊ ဂိတ်တွေက စစ်တာနဲ့ ခရီးမတွင်ဘူးပေါ့။ ရှိတဲ့ဆေးဝါးနဲ့ပဲ အဆင်ပြေအောင် ကုပေးနေရတယ်"

မြင်းခြံမှာ ထိတွေ့တိုက်ပွဲ ၁၂ ကြိမ်ဖြစ်ပွားပြီး စစ်ကောင်စီတပ်သား ၄၀ ကျော်သေဆုံး၊ ဗိုလ်မှူးအဆင့် အပါ ၅ ဦးအရှင်ဖမ်းမိ (ရုပ်/သံ)

ဇွန် ၂ ရက်နေ့ကနေ ၂၅ ရက်နေ့အထိ ထိတွေ့တိုက်ပွဲ ၁၂ ကြိမ်ကျော်ထိတိုက်ခိုက်ခဲ့ရမှာ ကြားဖြတ်တိုက်ခိုက်တာတွေအပြင် ဝေဟင်ကပါ ဒရုန်းဗုံးကြဲတာတွေ ပြုလုပ်ခဲ့တာဖြစ်ပြီး စစ်ကောင်စီဘက်က ဗိုလ်မှူးအဆင့် ၁ ဦးအပါ တပ်သား ၄၀ ထက်မနည်းသေဆုံးခဲ့တယ်လို့ သိရပါတယ်။

စစ်ကောင်စီစစ်ကြောင်းက ဖမ်းဆီးခဲ့တဲ့ ဒေသခံ ၅ ဦး ၈ လအကြာမှာ ထွက်ပြေးလွတ်မြောက်လာ

“ကျနော်တို့ဆီရောက်လာတော့ ကျန်းမာရေးစောင့်ရှောက်မှုတွေ ပြန်လုပ်ပေးတာတွေ ရှိတယ်။ လွတ်လာတဲ့လူတွေကလည်း အာဟာရပိုင်း နည်းနည်းချို့တဲ့ တဲ့ ပုံစံလေးတွေဖြစ်နေတယ်။ သူတို့ စားရသောက်ရတဲ့ဟာလေးတွေ ပြောပြတယ်။ အာဟာရ မပြည့်ဝဘူး၊ မသေရုံလေးပဲ စားခဲ့ရတယ်လို့ ပြောတယ်။ အဲ့အတွက် ကျနော်တို့ ကျန်းမာရေးစောင့်ရှောက်မှုတွေ ပေးခဲ့တယ်”

အရှိန်ပြင်းမောင်းလာတဲ့ ကားပေါ်က ကျောင်းဆရာမ ၁ ဦး ပြုတ်ကျသေဆုံး

"ကားပေါ်မှာ ဆရာမနဲ့ နောက်လူငယ်တယောက်ပဲပါတာ။ အရှိန်မောင်းလာပြီး ရုတ်တရက် ချိုးကွေ့လိုက်တော့ ကားအနောက်ဘက်နားထိုင်စီးလာတဲ့ ဆရာမကလည်း ပြုတ်ကျသွားတာ"

အိုးဘိုထောင်မှာ အသက် ၂၃ နှစ်အရွယ် နိုင်ကျဉ်းတဦး ရိုက်နှက်ခံရပြီး သေဆုံး

“ကိုထက်ရန်နိုင် မသေဆုံးခင်မှာလည်း သူ့ကို ဝိုင်းဝန်းရိုက်နှက်တဲ့ဒဏ်ကနေ မခံနိုင်တဲ့အဆုံးမှာ အော်ဟစ် အကူညီတောင်းခံခဲ့ပါတယ်။ ပညာတတ်ပါတယ်ဆိုတဲ့ ဆေးထိုးအပ်ကိုင်တဲ့သူတွေကပါ လူသတ်မှုတွေ ကျူးလွန်လာတာ တွေ့ရပါတယ်။ ထောင်အာဏာပိုင်တွေရဲ့ အကြိုက်ကိုလိုက်ပြီးတော့ ဆေးမှတ်တမ်းမှာ နှလုံးရောဂါနဲ့ ဆုံးတယ်လို့ ပြောထားတယ်။”

အင်းတော်မှာ လက်နက်ကြီးထိမှန်လို့ ပြည်သူတဦး သေဆုံး

“ပစ်တာက ညပိုင်းပစ်တာ။ မနက် ၃ နာရီလောက်မှာ ဆုံးသွားတယ်။ ကျနော်တို့ဆီမှာက ည ၆ နာရီနောက်ပိုင်း အပြင်ထွက်လို့မရတော့ ဆေးမကုရဘူး၊ နေအိမ်မှာပဲ ဆုံးသွားတယ်။”

ဝင်းနိမ္မိတာရုံဆရာတော်ကြီးရဲ့အန္တိမအဂ္ဂိဈာပန ပြင်ဆင်ထားမှုမြင်ကွင်းများ (Photo News)

စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ပစ်ခတ်မှုကြောင့် ပျံလွန်တော်မူခဲ့ရတဲ့ ပဲခူးမြို့၊ ဝင်းနိမ္မိတာရုံဆရာတော်ကြီးရဲ့အန္တိမအဂ္ဂိဈာပနအခမ်းအနားကို မြို့ရှောင်လမ်းရှိ ဆင်ဖြူကွင်းသုဿာန်မှာ ဇွန် ၂၇ ရက်မှာ ကျင်းပပြုလုပ်မှာဖြစ်ပြီး အခမ်းအနားပြင်ဆင်ထားရှိမှုမြင်ကွင်းတွေ ဖြစ်ပါတယ်။

ကြေးနီကား‌တွေကို လုံခြုံရေးယူတဲ့ စစ်အုပ်စု ဒရုန်းနဲ့ ဗုံးကြဲခံရလို့ ၈ ဦးဒဏ်ရာရ (ရုပ်/သံ)

"ဒရုန်း ၆ စီးနဲ့ ဗုံးကြဲချခဲ့တာ၊ ဆီဆိုင်ရဲ့မျက်နှာစာနဲ့ ဆီဆိုင်နောက်ကြောက အဆောက်အဦတွေပေါ်ကို ချခဲ့တာ၊။အဲ့ဒီမှာက အင်အား ၃၀ လောက်တော့ရှိတယ်။ တပ်ရင်းတော့သေချာမသိဘူး၊ အပြောင်းအလဲတွေရှိတာကြောင့်ပါ။ ထိခိုက်သေဆုံးမှုက ၈ ကောင်ဒဏ်ရာရတယ်"

ရှင်မကန်ပျူစောထီးရွာ ဝင်ရောက်တိုက်ခိုက်ခံရပြီး စစ်အုပ်စု ၁၀ ဦးဝန်းကျင်သေဆုံးကာ ၁ ဦးအရှင်ဖမ်းမိ (ရုပ်/သံ)

"စစ်ကောင်စီဘက်က သုံ့ပန်း ၁ ဦးဖမ်းဆီးရကာ ၁၀ ဦးသေတယ်။ လက်နက်ခဲယမ်းတွေပါ သိမ်းဆည်းရခဲ့တယ်၊ အဲ့ဒီရွာမှာက ကျနော်တို့ရှိနေတုန်းတော့ ပျူစောထီး ၅၀ ဦးခန့်ရှိတယ်"

ပခုက္ကူ ဖလံအိုကျေးရွာအုပ်စုက ပျူစောထီးတွေတိုက်ခိုက်ခံရပြီး ၁၀ ဦးဝန်းကျင်သေဆုံး၊ ၁ ဦး အဖမ်းခံရ

“ထွက်ပြေးသွားတဲ့ ပျူစောထီးတွေလည်းရှိတယ်။ သုံ့ပန်းကတော့ ကျနော်တို့ ဆေးကုသပေးပြီးတော့ နယ်ခံ ဒေသခံကာကွယ်ရေးအဖွဲ့ကို လွှဲအပ်ခဲ့ပါတယ်။”

ညောင်ဦးမှာ ကျေးရွာအုပ်ချုပ်ရေးမှူးမိသားစု ပစ်သတ်ခံရ

"သူတို့သားအဖ ၃ ယောက်စလုံး စစ်မေးပြီးမှာ ခြံထဲမှာပဲ ပစ်သတ်ခံလိုက်ရတယ်လို့ သိရတယ်။ ပစ်ခတ်သွားတာကတော့ အချက်ရေများတယ်။ နေရာမှာပဲ ၃ ယောက်စလုံးသေသွားတယ်"

စစ်ရှောင်ပြည်သူ ၁၅၀ ကို ကျပ် ၁၀ သိန်းဖိုး ဆေးကုသပေး (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊ ကျွန်းဦးတောကျေးရွာရှိ စစ်ဘေးရှောင်ပြည်သူ ၁၅၀ ဦးကို ဇွန် ၂၄ ရက်မှာ ကျပ် ၁၀ သိန်းဖိုး ကျန်းမာရေးစောင့်ရှောက်မှုပြုလုပ်ပေးခဲ့တယ်လို့ ရွှေဘိုမြို့နယ် လွတ်လပ်သောထောက်ပို့ရေးအဖွဲ့ဆီက သိရပါတယ်။

မတ္တရာမှာတိုက်ပွဲပြင်းထန်နေပြီး စစ်တပ်က လေကြောင်း၊ ကြည်းကြောင်းနဲ့ ပူးပေါင်းတိုက်နေ

တော်လှန်ရေးတပ်ဖွဲ့တွေက စစ်ကောင်စီရဲ့ အင်ကြင်းမြိုင်လေကြောင်းရန်ကာကွယ်ရေးတပ်စခန်းကို ဝင်ရောက်တိုက်ခိုက်ခဲ့ရာက လက်ရှိမှာ မတ္တရာမြို့နယ်အရှေ့ခြမ်းနဲ့ မန္တလေး-မိုးကုတ်ကားလမ်း အနီးဝန်းကျင်တွေမှာ ဇွန် ၂၅ ဒီနေ့မနက်မိုးလင်းကတည်းကစတင်ပြီး တိုက်ပွဲတွေပြင်းထန်နေတယ်လို့ သိရပါတယ်။

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10