သတင်း

စစ်ကောင်စီရဲ့ပစ်ခတ်မှုတွေကြောင့် အရပ်သား ၁ ဦးသေဆုံးပြီး KNLA တပ်ဖွဲ့၀င် ၅ ဦးအပါ ဒဏ်ရာရသူများ

"KNU စခန်းတွေကိုကျတော့ စကစဘက်က တရက်တည်း လေကြောင်းကနေ ၆ ကြိမ်လာပစ်သွားတာ။ ဗုံးကြဲတာကော၊ စက်သေနတ်နဲ့ပစ်တာကော။ ကျန်တဲ့အရပ်သားတွေ ထိခိုက်တာကျတော့ လက်နက်ကြီးနဲ့ပစ်လို့ ထိတာများတယ်"

မင်းလှမှာ ကလေး ၃ ဦးပျောက်ဆုံးနေ၊ ၁၇ ရက်ကြာတဲ့အထိ ပြန်မတွေ့သေး

"အဲ့နေ့က လူကြီးတွေက ပဲသွားနုတ်တော့ အိမ်မှာ မရှိကြဘူး။ သူ့ညီတွေ ညီမတွေနဲ့သူပဲရှိတာ။ ညနေပြန် လာတော့ အိမ်မှာသူ့ကိုမတွေ့တော့ လိုက်ရှာတာ။ နေရာနှံ့နေပြီ ဒီနေ့အချိန်ထိ ပြန်မတွေ့သေးဘူး။ သူကရွာထဲတောင်နှံ့အောင်မရောက်ဖူးဘူး။ ခြေထောက်တဖက်ကလည်း သိပ်မကောင်းဘူး"

အောင်လံမှာ ဆိုင်ကယ်ရပ်မပေးလို့ဆိုကာ အမျိုးသားတဦးကို စစ်တပ်က ပစ်သတ်

”သူ(ကိုအောင်ဆန်း)က ရွှေပန်းတောကနေ အင်းလယ်ကို ဆိုင်ကယ်နဲ့ ပြန်တာမှာ ဆိုင်ကယ်ရပ်မပေးလို့ ဆိုပြီး ပစ်သတ်တာ။ သေနတ်သံက ငါးချက်၊ ခြောက်ချက်လောက်ကြားရတာ။”

ခိုးသန်းရွာက နေအိမ် ၁၀၀ ကျော်ကို စစ်တပ်က မီးရှို့ဖျက်ဆီး

“ရွာသားတွေ ကြိုတင်ရှောင်နိုင်ခဲ့လို့ ဖမ်းဆီးခံရတာတွေ၊ သတ်ဖြတ်ခံရတာတွေ မရှိလိုက်ဘူး။ သူတို့ (စစ်ကောင်စီ)က ထိတွေ့တိုက်ပွဲတွေလည်း မရှိဘဲနဲ့ အကြောင်းမဲ့ ကျေးရွာတွေကို မီးရှို့မှုတွေ ပြုလုပ်နေတာ”

ပေါက်ခေါင်းမှာ PDF နဲ့ စစ်တပ် တိုက်ပွဲဖြစ်ရာ စစ်တပ်ဘက်မှ သေဆုံးဒဏ်ရာရသူများရှိ

ပဲခူးတိုင်းအနောက်ခြမ်း၊ ပေါက်ခေါင်းမြို့နယ်မှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ စစ်ကောင်စီလက်အောက်ခံတပ်တွေ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ရာမှာ စစ်တပ်ဘက်က သေဆုံးဒဏ်ရာရခဲ့တာတွေရှိတယ်လို့ ပေါင်းတည်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PPDF က မတ်လ ၁ ရက် ဒီကနေ့မှာ သတင်းထုတ်ပြန်ထားပါတယ်။

လက်ပံတန်းမှာ စစ်ကောင်စီသတင်းပေးဆိုသူ ပစ်သတ်ခံရ

”သူရဲ့နေအိမ်မှာပဲ ပစ်သတ်ခဲ့တာပါ။ ပွဲချင်းပြီးသေသွားတယ်။ မိသားစုဝင်တွေရှိပေမယ့် ဘာမှ အန္တရာယ် မပြုခဲ့ပါဘူး”

ဘုတလင်မှာ စစ်သားတဦး လက်နက်နဲ့ အလင်းဝင်

“CDM လုပ်ဖို့ ကျနော်တို့နဲ့ ချိတ်ထားတဲ့ စစ်သားက အခွင့်အရေးရတာနဲ့ ဒီည ထွက်ခဲ့မယ်ဆိုတော့ ကျနော်တို့ ရဲဘော်တွေ မြို့နား ညတွင်းချင်းကပ်ပြီး ခေါ်လာခဲ့တာပါ။”

မုံရွာမှာ PDF တပ်ဖွဲ့ရဲ့ လက်နက်ထုတ်လုပ်ရေးစခန်း ဝင်အစီးခံရလို့ သိန်း ၈၀ ခန့်ဆုံးရှုံး

"ကင်းထောက်တွေရှိတော့ ရဲဘော်တွေ ထိခိုက်တာမရှိခဲ့ပါဘူး။ ထုတ်လုပ်ရေးပိုင်းက ပစ္စည်းတွေနဲ့ အသုံးအဆောင်တွေ၊ အဆောင်တွေ မီးရှို့ခံလိုက်ရတယ်။ သိန်း ၈၀ လောက်ဆုံးရှုံးခဲ့တယ်"

မုံရွာက ကျေးရွာတွေကို စစ်တပ်ကမီးရှို့ချိန် အသက် ၈၀ ကျော် အဘွားတဦး မီးထဲပါသေဆုံး

“ဘာတိုက်ပွဲမှ မရှိပဲနဲ့ မီးတင်(မီးရိူ့)တာ။ နေမကောင်းလို့ ဆီးပိုက်တန်းလန်းနဲ့ အိပ်ယာထဲလဲနေတဲ့ အဘွားတဦးကတော့ မပြေးနိုင်ပဲ မီးထဲပါသွားတယ်”

ရေစကြို ပ.က.ဖ ဆီ ရဲတပ်ကြပ်ကြီး ၁ ဦး လက်နက်ခဲယမ်းနဲ့ အလင်းဝင်လာ

"ကျနော်တို့ရဲဘော်တွေက သူတို့တပ်စွဲထားတဲ့အနီးအနားအထိ သွားရောက်ခေါ်ဆောင်ခဲ့ရတယ်။ အမည်ကတော့ မဖော်ပြတော့ဘူး။ သူ့အတွက်လုံခြုံရေးကရှိသေးတယ်။ သူ့ရဲ့ရာထူးကတော့ ရဲတပ်ကြပ်ကြီးပေါ့။ သူကအရင်က နေပြည်တော်မှာတာဝန်ကျတာ။ ရေစကြိုမြို့နယ်ကို ပြောင်းလာတာ ၅ လပဲရှိသေးတယ်"

ရဲကို ဓားနဲ့ခုတ်သူ ပစ်ခတ်ဖမ်းဆီးခံရ

" မူးပြီး နေအိမ်မီးရှို့လိုက်တာ။ အဲဒါကို ရဲကလာဖမ်းတော့ သူ့လာဖမ်းရမလားဆိုပြီး ဓားနဲ့ထခုတ်တာ။ ရဲတယောက်တော့ ထိသွားတယ်။ သူလည်း ပစ်ခံလိုက်ရတယ်"

မြန်မာလူငယ် ၁,၀၀၀ ကျော်အတွက် အမေရိကန်က ပညာသင်ဆုပေးမည်

“မဟာဗျူဟာမြောက် ပညာရေးရင်းနှီးမြှုပ်နှံမှုဖြစ်သလို မြန်မာနဲ့ ကမ္ဘာတဝှမ်းမှာ ပိုမိုအပြုသဘောဆောင်တဲ့ အပြောင်းအလဲတွေဖြစ်ဖို့အတွက် ကျနော်တို့ရဲ့ ကြိုးပမ်းလုပ်ဆောင်ချက်ဖြစ်တယ်”

မီးလောင်ပြင်က အမေအိုရဲ့ ငိုကြွေးသံ (ရုပ်/သံ)

သက်ကြီးရွယ် အမေအိုတဦးရဲ့ နေအိမ်လည်း မီးထဲပါသွားခဲ့ပါတယ်။ သား သမီးတွေဟာ တခြားမြို့တွေမှာ အလုပ်လုပ်နေကြတာဖြစ်လို့ အိမ်မှာ သူတစ်ယောက်တည်း ကျန်ရှိနေတာ ဖြစ်ပါတယ်။ အမေအိုဟာ သွေးတိုးဝေဒနာ ခံစားနေရကာ သူကို့ ရွာကပဲ ဝိုင်းဝန်းကူညီ ဆေးကုပေးနေကြတာ ဖြစ်ပါတယ်။

ရန်ကုန်မှာ ပြန်ဆုံမယ့် ရေဘဝဲတွေ (ရုပ်/သံ)

အာဏာသိမ်းစစ်တပ်ကို ဆန့်ကျင်တဲ့ အနေနဲ့ ရန်ကုန်မှာပြန်ဆုံမယ် စာတန်းပါ အင်္ကျီတွေကို ရန်ကုန်မြို့ရဲ့ လူစည်ကားရာနေရာတွေမှာ ဆင်တူဝတ်ဆင်တဲ့ လှုပ်ရှားမှုတရပ်ကို ရေဘဝဲ ပြည်သူ့အကျိုးပြု လူငယ်အဖွဲ့အစည်းက ဒီနေ့ နေ့လယ်ပိုင်းမှာ လုပ်ခဲ့ပါတယ်။

သမီးရည်းစားချိန်းတွေ့စဥ် ကောင်လေးက ကောင်မလေးကို ဓါးနဲ့ထိုးသတ် (ရုပ်/သံ)

ဒေသခံတွေကတော့ ကောင်လေးနဲ့ကောင်မလေးဟာ သမီးရည်စားဖြစ်ပြီး မကြာသေးခင် ကာလက စိတ်သဘောထားချင်းမတိုက်ဆိုင်လို့ လမ်းခွဲထားတာဖြစ်ပြီး ကောင်မလေးက ဒူဘိုင်းနိုင်ငံကိုသွားဖို့ ပြင်ဆင်နေစဥ်ကာလမှာ ကောင်လေးဘက်က နောက်ဆုံးအကြိမ်တွေ့ခွင့်တောင်းလို့ သွားတွေ့ချိန် အသတ်ခံရတာလို့ ပြောပါတယ်။

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10