သတင်း

အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့မှာ ပါဝင်လှုပ်ရှားတဲ့ ABSDF အမျိုးသမီးရဲဘော်များ (Photo News)

ယနေ့ မတ်လ ၈ ရက်မှာ ကျရောက်တဲ့ အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့မှာ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများတပ်ဦး- ABSDF မှ အမျိုးသမီးရဲဘော်များ ပါဝင်လှုပ်ရှားခဲ့တဲ့ မြင်ကွင်းများဖြစ်ပါတယ်။

ဝက်လက်က အမျိုးသမီးငယ်ကို PDF က သေနတ်နဲ့ပစ်သတ်ခဲ့မှု မိခင်ဖြစ်သူ NUGထံ တိုင်ကြား

"လမ်းပေါ်ဖြစ်ရင်လည်း တော်သေးတယ်။ ဒီလိုရက်ရက်စက်စက်ကြီး အိမ်တိုင်ရာရောက်လာပြီး သတ်သွားတာ။ ငှက်ကလေး၊ ကြက်ကလေးများလို လာပြီးပစ်သတ်သွားတာ။ အဲ့တော့ကျွန်မကလည်း ကျွန်မ သမီးသေသလို သူ့ကိုအသေစားအသေခံကို ကျွန်မရှေ့မှာတင် သတ်စေချင်တယ်"

မကွေးမှာ PDF ရဲဘော် ၄၂ ဦးကို တိုက်ခိုက်စွမ်းရည်မြှင့်တင်မှုသင်တန်းပေးပြီး သင်တန်းဆင်းပွဲပြုလုပ်

“၄၅ ရက်ကြာ သင်တန်းပေးပြီး ပြီးဆုံးတဲ့နေ့ မတ်လ ၆ ရက်ကတော့ သင်တန်းသား ရဲဘော်တွေရဲ့ တဦးချင်း ကြိုးစားအားထုတ်မှုအပေါ်မှာ ဆုချီးမြှင့်ပေးခဲ့တယ်။ သင်တန်းဆင်းပွဲမှာ သင်တန်းပြီးစီးကြောင်း လက်မှတ်တွေ ထုတ်ပေးခဲ့တယ်”

ဖြူးမှာ လက်နက်ကြီးထိလို့ ၈ နှစ်အရွယ်ကလေးအပါ ၄ ဦးသေဆုံးပြီး ၄ ဦးဒဏ်ရာရ

"ပထမတလုံးကျတော့ ရွာသားတွေက နေအိမ်တွေအောက်က ဗုံးခိုကျင်းထဲကို ဝင်ပုန်းကြချိန်မှာ ထပ်ကာထပ်ကာ ကျလာလို့ ဒေသခံတွေ ထိခိုက်သေဆုံးတာတွေရှိခဲ့တယ်။ တိုက်ပွဲဖြစ်တာတော့ မရှိဘူး။"

ခြင်ဆေးထွန်းထားရာမှ မီးလောင်လို့ နေအိမ်နဲ့ နွားတင်းကုပ်ပျက်စီး

"ညဘက် နွားတွေကို စောင့်အိပ်ကြတယ်လို့ သိရတယ်။ လူတွေက ခြင်ကိုက်မှာ စိုးလို့ ခြင်ဆေးထွန်းထားရာကနေ ကောက်ရိုးတွေကို မီးလောင်ပြီး အိမ်တွေပါ ကူးကုန်တာ"

အင်အားရာချီပါတဲ့ စစ်ကောင်စီရိက္ခာပို့ကားတန်း တိုက်ခိုက်ခံရပြီး ၄ ဦးသေဆုံး (ရုပ်/သံ)

မကွေးတိုင်း၊ မြိုင်မြို့နယ်၊ စက်မှု ၂ ကနေ ထွက်လာတဲ့ ရိက္ခာပို့ကားတွေနဲ့ စစ်ကောင်စီစစ်ကြောင်းကို မြိုင်မြို့နယ်အတွင်းမှာပဲ ဒေသခံကာကွယ်ရေးအဖွဲ့တွေက တိုက်ခိုက်ခဲ့တယ်လို့ Earthquake People Defence Force အဖွဲ့ဆီက သိရပါတယ်။

ချောင်းဦးမှာ LPDF ရဲဘော် ၄ ဦး ပစ်သတ်ခံရ

"သူတို့ (LPDF) အဲ့လမ်းပိုင်း အဲ့နေရာမှာ အလှူငွေကောက်နေတာကြာပြီ။ သူတို့က အမြဲပုံမှန်လိုလို ရှိနေတော့ စကစ ဘက်ကလည်း ချောင်းနေတာဖြစ်မယ်။ မနေ့ကတော့ အလစ်ဝင် တိုက်ခိုက်ခဲ့ ရတာ"

သားကိုမမိလို့ ဖမ်းဆီးထောင်ချခံထားရတဲ့ဖခင် အကျဉ်းထောင်အတွင်း အချိန်မှီဆေးကုသခွင့်မရလို့ သေဆုံး

၂၀၂၃ ခုနှစ်၊ ဧပြီ ၂၇ ရက်က ညောင်ခါးရှည်ရဲစခန်း တိုက်ခိုက်ခံရပြီးနောက် ရဲတွေသေဆုံးတဲ့ကိစ္စမှာ ဦးခင်စိုးသားဖြစ်သူက ပါဝင်ပတ်သက်တယ်ဆိုပြီး အောက်တိုဘာလ ၃ ရက်မှာနေအိမ်ကို စစ်ကောင်စီတပ်သားတွေက ဝင်ရောက်ရှာဖွေရာ သားဖြစ်သူကိူမတွေ့လို့ ဦးခင်းစိုးကို ဖမ်းဆီးသွားခဲ့တာပါ။

မင်းတုန်းမှာ စစ်ကောင်စီကားမိုင်းဆွဲခံရပြီး ၁၀ ဦးကျော်သေ

မတ် ၆ ရက် မနေ့က မွန်းလွဲ ၃ နာရီခွဲဝန်းကျင်မှာ သရက်ခရိုင် ကပစကတပ်သားအများစုနဲ့ ပြည်မြို့ တပ်မ ၆၆ က တပ်သားအနည်းငယ်ပါဝင်တဲ့ အင်အား ၂၀၀ ပါ စစ်ကြောင်းဟာ မင်းတုန်းနယ်ဘက်ကို ဝင်လာချိန် မိုင်းဆွဲခံရတာလို့ ဆိုပါတယ်။

မကွေးကန်ဘောင်မှာ မိုင်းပေါက်ကွဲပြီး လူငယ် ၁ ဦးသေဆုံး

"သိရသလောက်က သူတို့မှာပါလာတဲ့ မိုင်းကိုဆင်နေရင်းကနေ ထကွဲတာလို့ သိရတယ်။ ဖြစ်တဲ့ နေရာမှာမိုင်းဆင်ပြီးရင် တနေရာမှာ သွားချထားဖို့ဖြစ်လောက်တယ်။ တယောက်ကတော့ ဒဏ်ရာနဲ့ထွက်ပြေးသွားတယ်"လို့ ဒေသခံတဦးက ပြောပါတယ်။

လူထုသပိတ်တိုက်ပွဲတွေ ပြန်အားကောင်းလာဖို့ လူငယ် ၂၀၀ နီးပါးကို သင်တန်းပို့ချ

“သင်တန်းတက်ထားတဲ့ လူငယ်တွေက လူထုစည်းရုံးရေးအပိုင်းနဲ့ လူထုသပိတ်တိုက်ပွဲတွေကို ပြန်လည် ဆောင်ရွက်နေပါတယ်။ ဒီသင်တန်းကနေ လူထုသပိတ်တွေ ပြန်အားကောင်းဖို့နဲ့ လူထုကို စည်းရုံးနိုင်ဖို့အတွက် လူငယ်တွေကို စွမ်းဆောင်ရည် မြှင့်ပေးတာဖြစ်လို့ မြေပြင်သပိတ်တွေ ပြန်အားကောင်းရေးကိုလည်း အထောက်အကူပြုပါတယ်။”

ကမ္မရဲစခန်းအနီးနေ သားအမိနှစ်ဦး အသတ်ခံရ

"အသတ်ခံရတာက ၄ ရက်နေ့ ညပိုင်းလောက်ကတည်းက ဖြစ်လောက်တယ်။ မနက်ကျမှ သူတို့အိမ်က တံခါးဖွင့်တာမတွေ့ရလို့ သွားခေါ်ကြည့်မှ သိရတာ။ အမေဖြစ်သူ အိမ်အောက်က ထိုင်ခုံမှာ။ သမီးဖြစ်သူက နေအိမ်ထဲမှာ သတ်ခံထားရတာကို တွေ့ခဲ့ကြရတာ"

မုံရွာမြို့မှာ ပရီမီယာကော်ဖီကုမ္ပဏီကား ဓားပြတိုက်ခံရ ငွေကျပ်သိန်း ၅၇၀ ကျော်ပါသွား

"သူတို့လုပ်သွားတဲ့နေရာက လူအရမ်းပြတ်တဲ့နေရာတော့ မဟုတ်ဘူး။ လူမြင်ကွင်းမှာပဲ။ သိရသလောက်က ဘဏ်လွှဲမယ့်ငွေတွေတော့ ပါသွားတာကို သိရတယ်။"

ပခုက္ကူ တပ်မ ၁၀၁ စစ်ကြောင်း မိုင်း ၄ ကြိမ်ဆွဲခံရပြီး စစ်သား ၇ ဦးသေဆုံး (ရုပ်/သံ)

ပခုက္ကူမြို့နယ်အတွင်း တပ်မ ၁၀၁ ကထွက်လာတဲ့ စစ်သားအင်အား ၁၀၀ နီးပါးရှိတဲ့ ခြေလျင်စစ်ကြောင်းကို မတ် ၅ ရက်တရက်ထဲ မိုင်း ၄ ကြိမ်ဆွဲတိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။

ကနီမှာ ၅ ရက်ဆက်တိုက် တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီက လေကြောင်းပစ်ကူဆက်တိုက်ပြုလုပ်

မတ် ၂ ရက် မနက် ၅ နာရီခွဲမှာ ပစ်ခတ်မှုတွေ စတင်ခဲ့တာဖြစ်ပြီး မတ် ၆ ရက် ဒီနေ့မနက် ၁၁ နာရီခွဲအထိ စစ်ကောင်စီဘက်က လေကြောင်းတိုက်ခိုက်မှု ၁၂ ကြိမ်ပြုလုပ်ထားတယ်လို့ ဆိုပါတယ်။

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10