သတင်း

ပလဖကို ဆန္ဒပြသူတွေထဲက အမျိုးသမီး ၁ ဦးကို ဆားလင်းကြီး ပလဖအဖွဲ့က ရိုက်နှက်ပြီး သေနတ်နဲ့ပစ်

ဆန္ဒဖော်ထုတ်ရာမှာ ခေါင်းဆောင်ပါဝင်ခဲ့တယ်ဆိုပြီး ဆားထုံးရွာက အမျိုးသမီး ၁ ဦးကို ပလဖ အဖွဲ့က ယနေ့ မတ် ၉ ရက် နံနက် ၁၀ နာရီဝန်းကျင်ခန့်မှာ နေအိမ်ကို လာရောက်ပြီး မေးမြန်း လက်ထိပ်ခတ်တာ၊ သေနတ်ဒင်နဲ့ ထုတာအပြင် လာရောက်ဖမ်းဆီးတဲ့ ပလဖ ရဲမေနဲ့ ရုန်းရင်းဆန်ခတ် ဖြစ်နေချိန်မှာ ပါလာတဲ့ ရဲဝတ်စုံနဲ့ ပြောက်ကျားဝတ် သေနတ်ကိုင် အမျိုးသားတွေက သေနတ်နဲ့ ပစ်ခတ်ခဲ့တယ်လို့ သိရပါတယ်။

လယ်ကွင်းမီးကနေ ကူးစက်ပြီး နေအိမ် ၁၀ လုံးမီးလောင်၊ PDF တွေကငြှိမ်းသတ်ပေးခဲ့

ပဲခူးတိုင်း၊ ညောင်လေးပင်မြို့နယ်က ကျေးရွာတရွာမှာ လယ်ကွင်းပြင်မှာလောင်နေတဲ့မီးကနေ ကျေးရွာအတွင်းကနေအိမ်တွေကို မီးကူးဆက်လောင်ကျွမ်းခဲ့တယ်လို့ တောကျီးကန်း ၇ စစ်ကြောင်းအဖွဲ့ဆီက သိရပါတယ်။

ဟန်လင်းတိုက်ပွဲမှာ တော်လှန်ရေးရဲဘော် ၇ ဦးကျဆုံး

မတ် ၃ ရက်က ဟန်လင်းကျေးရွာမှာ အထိုင်ချတပ်စွဲထားတဲ့ စစ်ကောင်စီတပ်ကို ဝက်လက်မြို့နယ်အတွင်းက တော်လှန်ရေးတပ်တွေ ဝင်ရောက်တိုက်ခိုက်ခဲ့ရာ မတ် ၄ ရက်မှာ ရဲဘော် ၇ ဦး ကျဆုံးခဲ့တာလို့သိရပါတယ်။

ထီးချိုင့်မြို့နယ်က ဖမ်းဆီးခံထားရတဲ့ဒေသခံတွေကို စစ်တပ်က ပြန်မလွှတ်သေး

"အေးလောက်ပြီဆိုပြီး ကိုယ့်နေရာ၊ သူ့နေရာလေးတွေ ပြန်ပြီးကြည့်ကြတဲ့သူလေးတွေပေါ့။ အဲဒီအထဲက သက်ကြီးရွယ်အိုတွေ လွှတ်ပေးလိုက်ပြီ။ လူငယ်တွေ ခိုင်းလို့ရတဲ့အရွယ်တွေ အကုန်ဖမ်းထားသေးတယ်လို့ သိရတယ်။ "

ဦးခေါင်းနှစ်လုံးနဲ့ မွေးလာတဲ့ ကလေး အကူအညီလိုအပ်နေ (ရုပ်/သံ)

မန္တလေးပြည်သူ့ဆေးရုံမှာ ဦးခေါင်းနှစ်လုံးနဲ့မွေးဖွားလာတဲ့ ကလေးငယ် အကူအညီလိုအပ်နေတယ်လို့ မိသားစုနဲ့ နီးစပ်သူတွေထံက သိရပါတယ်။

"ပ" သုံးလုံးမှန်ကန်ရေး လူထုအားနဲ့ထိန်းကျောင်းဖို့ ပြောလိုက်တဲ့ သပိတ်ဦးဆောင်ကော်မတီဝင်

"အဲတော့ အဲဒီဟာတွေကို လွှတ်ထားလို့ သူတို့ကတော့ ပအဖမို့ကြောက်နေရတာ ပလဖမို့ဒါမျိုးမဟုတ်ဘဲ သူတို့တွေ မှန်ကန်လာအောင် ထိန်းကျောင်းရမှာ။ သူတို့လုပ်တဲ့အလုပ်တွေ လုပ်ငန်းတွေမှာ မှန်နေရင်လည်း ပူးပေါင်းဝန်းရံဖို့လိုတယ် မှားနေတဲ့အလုပ်ဆိုရင်လည်း ဒါလေးတော့ မလုပ်သင့်ဘူး ဒါလေးတော့ ဒီလိုဖြစ်သင့်တယ်ဆိုတာ ပြည်သူလူထုက မှန်ကန်ဖို့ ထိန်းကျောင်းဖို့ပြောရမှာ ဖြစ်တယ်။"

ပြည်မြို့က ဟိုတယ်ဟောင်းဝန်းအတွင်း မီးလောင်လို့ အဆောက်အဦ ၂ ခု ပျက်စီး

ပဲခူးတိုင်းအနောက်ခြမ်း၊ ပြည်မြို့မှာ မတ် ၉ ရက် ဒီမနက် ၁၁ နာရီခန့်က မီးလောင်မှုဖြစ်ပွားပြီး အဆောက်အဦ ၂ လုံး ပျက်စီးသွားတယ်လို့ မြို့ခံတဦးဆီက သိရပါတယ်။

စစ်ကောင်စီ ဒုဝန်ကြီးခရီးစဉ် လမ်းကြောင်းလုံခြုံရေးရဲတွေအပစ်ခံရပြီး ၃ ဦးသေ၊ လက်နက်တွေလည်းပါသွား

" ဘာ ဒုဝန်ကြီးလာတာလဲတော့မသိဘူး။ လမ်းကြောင်းလုံခြုံရေးရဲတွေပစ်ခံရတာ။ PDF တွေဘက်က သတင်းရသွားလို့နေမယ်။ လာပစ်တာ ခံလိုက်ရတယ်။ သေဆုံး၊ဒဏ်ရာရတာတွေလည်းရှိတယ်"

ရွာပေါင်းစုံလူထုသပိတ်ရဲ့ ၃ နှစ်ပြည့် သပိတ်လှုပ်ရှားမှု

စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်၊ ယင်းမာပင်မြို့နယ်ထဲက ကျေးရွာတခုမှာ ယင်းမာပင်-ဆားလင်းကြီးရွာပေါင်းစုံလူထုသပိတ်တိုက်ပွဲ ဦးဆောင်ကော်မတီဝင်တွေဟာ ဒေသခံတွေနဲ့ပူးပေါင်းပြီး မတ် ၉ ရက် ဒီမနက်ပိုင်းမှာ သပိတ်လှုပ်ရှားမှုတခု ပြုလုပ်ခဲ့တယ်လို့ အဲ့ဒီအဖွဲ့ဆီက သိရပါတယ်။

စစ်တပ်က လက်နက်ကြီးတွေနဲ့ပစ်လို့ ဒေသခံ ၅ ဦးဒဏ်ရာရ

ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်မှာ စစ်ကောင်စီတပ်သားတွေက လက်နက်ကြီး၊ ဒရုန်းတွေနဲ့ ပစ်ခတ်တာကြောင့် ဒေသခံ ၅ ဦး ဒဏ်ရာရသွားတယ်လို့ KNU ဗဟိုက မတ် ၉ ရက် ဒီနေ့မှာ သတင်းထုတ်ပြန်ပါတယ်။

ရခိုင်ပြည်နယ်တိုက်ပွဲတွေမှာ အညာဒေသက ရဲဘော်တွေလည်းပါဝင်

“ရဲဘော်တွေအားလုံး အန္တရာယ်ကင်းပါတယ်။ တိုက်ပွဲအတွေ့ကြုံတွေကတော့ ဘယ်အဖွဲ့စည်းနဲ့ဖြစ်ဖြစ် ဘယ်နေရာဖြစ်ဖြစ် ညှိနှိုင်းပြီးတော့ ဆက်ယူသွားဖို့ ရှိပါတယ်။ စစ်ရေးအတွေ့ကြုံကို ကျနော်တို့ လိုချင်တဲ့ အတိုင်းတာတခုထိ ရသွားပြီဆိုရင်တော့ တော်လှန်ရေးအင်အားစုတော်တော်များများကို တွဲခေါ်နိုင်တဲ့ အနေထားထိ ရောက်မှာပါ။”

နိုင်ငံတကာအမျိုးသမီးများနေ့မှာ လက်ပံတောင်းကျေးရွာက ပြည်သူတွေ စစ်အာဏာရှင်ဆန့်ကျင်ရေးဆန္ဒပြ

“အခုလက်ရှိအချိန်ထိ စစ်အာဏာရှင်ကို ပြည်သူတွေက လက်မခံကြဘူး၊ ပြည်သူတွေ သွေးမအေးသေးဘူးဆိုတာကို ပြချင်တဲ့အတွက် အခုလိုဆန္ဒထုတ်ဖော်တာပါ”

ဦးခေါင်းနှစ်လုံးနဲ့ မွေးလာတဲ့ ကလေး အကူအညီလိုအပ်နေ၊ ဦးခေါင်းကို မခွဲစိတ်ဘဲ မူလအတိုင်းထားမည်ဟုဆို

"ကလေးက ခြေနှစ်ချောင်း၊ လက်နှစ်ချောင်း၊ ခန္ဓာကိုယ်တခုပဲ။ ဦးခေါင်းက နှစ်လုံးဖြစ်နေတာ။ ကလေးက မိန်းကလေး။ ကျန်းမာရေးတော့ကောင်းတယ်။ မိခင်ဗိုက်ကို ခွဲမွေးထားရတယ်။ ကလေးမိဘတွေက ချို့တဲ့တော့ အကူအညီတော့ လိုအပ်တာရှိတယ်"

လသားကလေးမိခင်နဲ့ ပြည်သူ ၄၀ ကျော်ကို ဖမ်းထားတဲ့ ဆားလင်းကြီးပလဖကို ဒေသခံတွေဆန္ဒပြ

“ပြည်သူတွေ အဲလိုလုပ်တတ်ဖို့ သူတို့ကအရင်ရှေ့က လုပ်ပြတာလေ။ အခုလည်း အဲဒီစက်ရုံထဲမှာ သူတို့ယူပြီးသားအကျန်တွေကို သွားယူတာကို ဖမ်းတယ်။ ပြန်လည်းမလွှတ်ပေးဘူး၊ ဒီနေ့နဲ့ဆို ၃ ရက်ရှိပြီ။ ကျမတို့ပြည်သူတွေက သူတို့ကို ၃ နှစ်ကျော်တဲ့အထိ လက်နက်တွေဝယ်ဖို့ထောက်ပံ့ပေးခဲ့တယ်။ အခုကျမတို့တွေ လုံးဝကိုငတ်ပြတ်နေလို့ သူတို့ယူပြီးသားအကျန်တွေကို သွားယူတာကိုဖမ်းတယ်။ သူတို့က စစ်**တွေထက်တောင်ဆိုးနေပြီလို့ ခံစားရတယ်”

အရာတော်မှာ ကင်းပုန်းစောင့်နေတဲ့ စစ်သားတွေ မိုင်းဆွဲခံရလို့ ၁ ဦးသေဆုံး

“သေဆုံးမှု နဲ့ ဒဏ်ရာရတာတွေကို ဖရဲသီး (တပ်တွင်းသတင်းပေး) ကနေတဆင့်ကြားသိရတယ်။ ကျနော်တို့လည်း သူတို့ရှိနေတာကို ကြိုတင်သတင်းရထားလို့ သွားရောက်စောင့်ဆိုင်းပြီး လုပ်ဆောင် (တိုက်ခိုက်)ခဲ့တာပါ”

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10