သတင်း

စစ်မှုထမ်းဖို့ အဖမ်းခံရတဲ့လူငယ် တပ်မမှူးနဲ့စကားများလို့ အရိုက်ခံရပြီး ဆေးရုံတင်လိုက်ရ

“အင်းမတပ်ထဲမှာ ရိုက်ခံရတဲ့ ဒဏ်ရာနဲ့ ဝမ်းခေါင်းမှာ အောင့်နေလို့ ဆေးရုံ ပို့လိုက်ရတာ။ နံရိုးကျိုးလားတော့ မသိဘူး။ တပ်ထဲမှာ ဆေးလည်း ကုမပေးဘဲ မျက်နှာလွှဲခဲပစ် အိမ်ပြန်ပို့သွားတာ။ ရက် ၂၀ လောက်ကြာမှ ဆေးကုရတာပေါ့”

ဝက်တင်ကားနဲ့ ဆိုက္ကားတိုက်မိလို့ အမျိုးသား ၁ ဦးသေဆုံးပြီး ၅ ဦးဒဏ်ရာရ

"ဆိုက္ကားက ခရီးသည်အမျိုးသမီး ၂ ဦးတင်ပြီး ရွာလမ်းကြားကနေ လမ်းပေါ်အတက် ကားကလည်း အမြန်လမ်းကနေ ရွာလမ်းထဲအဆင်းနားမှာ တိုက်ကြတာ။ ကားကရှောင်ပေမယ့် မလွတ်ဘဲ တိုက်မိတာ"

ဝေါနယ်က ရွာတွေမှာ စစ်မှုထမ်းလူငှားထည့်ဖို့ တအိမ်ထောင် ကျပ်သုံးသောင်း တောင်းယူနေ

" ပထမက စစ်မှုထမ်းဖို့ မဲနှိုက်ကြ စာရင်းသွင်းကြ။ အဲဒီလူတွေလည်း တိမ်းရှောင်ကြလို့ ခေါ်မရ။ ပြီးတော့ စာရင်းပါသူတွေလည်း နေအိမ်တွေမှာဝင်ဖမ်း မိတာလည်းရှိ မမိတာလည်းရှိ။ ခုတခါကျတော့ ဖမ်းလို့လည်းလူမရတော့ ငွေပေးငှားဖို့ ပိုက်ဆံကောက်လာပြန်တယ်"

မင်းတုန်းမှာ အမျိုးသမီးတွေအပါအဝင် ပြည်သူ ၃၀ နီးပါး ပေါ်တာဆွဲခံရ

“ဂိတ်တွေကနေလည်း စောင့်ဖမ်းတယ်၊ ရွာတွေထဲ ဝင်ဖမ်းတာတွေလည်း ရှိတယ်၊ သူတို့ဆွဲတဲ့ချိန် ရွာသူရွာသားတွေက ပုန်းရှောင်နေရတဲ့အဆင့်ထိ ရောက်တယ်၊ ပေါ်တာဆွဲတဲ့အနေထားက တော်တော်ဆိုးပါတယ်၊ မြို့ပေါ် ရပ်ကွက်က အယောက် ၃၀ လောက်ပါတယ်၊ အမျိုးသမီးတွေကိုပါ ဆွဲတာ။”

မြိုင်နဲ့ ပခုက္ကူအစပ်က ကျေးရွာကို လေယာဉ်ဗုံးကြဲလို့ ကလေးငယ် ၁ ဦး၊ အမျိုးသမီး ၃ ဦးသေဆုံး

ဇွန်လ ၄ ရက် ဒီကနေ့ မနက် ၉နာရီကျော်မှာ စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှု ၂ ကြိမ် ပြုလုပ်ခဲ့တာဖြစ်ပြီး ကျေးရွာဘုန်းကြီးကျောင်းအနီးက နေအိမ် ၂ လုံးပေါ်ကို ကျရောက်ပေါက်ကွဲခဲ့တာလို့ ဆိုပါတယ်။

ရေစကြိုနယ်က ပျူစောထီး နဲ့ PDF ထိတွေ့ပစ်ခတ်မှုဖြစ်လို့ ပျူစောထီး ၃ ဦးသေပြီး နှစ်ဘက် ဒဏ်ရာရသူများရှိ (ရုပ်/သံ)

ဟင်္သာရွာပြင်မြောက်ဘက်မှာ အင်အား ၅၀ ဝန်းကျင် နဲ့ အထိုင်ချတပ်စွဲနေတဲ့ ပျုစောထီးတွေအပါအဝင် စစ်ကောင်စီတပ်သားတွေ နဲ့ ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တို့ အပြန်အလှန်ပစ်ခတ်မှု ၂ နာရီခန့်ကြာမြင့်ခဲ့ပြီးတဲ့နောက် ပျုစောထီးဘက်က ၃ ဦးသေဆုံးပြီး ၆ ဦးထိခိုက်ဒဏ်ရာရရှိသွားသလို ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေဘက်ကလည်း ၅ ဦးဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။

မြိုင်နဲ့ ပခုက္ကူအစပ်က ကျေးရွာကို လေယာဉ်ဗုံးကြဲလို့ ကလေးငယ် ၁ ဦး၊ အမျိုးသမီး ၃ ဦးသေဆုံး

“ တယောက်ဆိုလို့ရှိရင် ခြေထောက် ၂ဖက် လက်၂ဖက်နဲ့ ခေါင်းကို မရှိတော့ဘူး၊ ခန္ဓာကိုယ်ကြီးနဲ့ ဆံပင်ပဲ ကျန်ခဲ့တော့တာ။ နောက်တယောက်ကျ ပေါင် ၅၀၀ ချတော့လေ လွင့်ပြီးတော့ ဘုန်းကြီး ကျောင်းဘေးက ဇရပ်ပေါ်ကို အလောင်းသွားတင်နေတာ၊ သူလည်း လက်တွေမရှိတော့ဘူး၊ မျက်နှာလည်း မသဲကွဲတော့ဘူး၊ ဗိုက်ကြီးကလည်းပွင့်၊ ခြေထောက်တွေလည်း ပြတ်နေတော့တာ”

ရေစကြိုမှာ စစ်အုပ်စု စစ်ကြောင်း တိုက်ခိုက်ခံရလို့ ၁ဦးသေပြီး ကျည်အချို့ရရှိ

“ပစ်ခတ်တိုက်ခိုက်ချိန်က မိနစ် ၃၀ လောက်ကြာတယ်၊ ပစ်ခတ်တိုက်ခိုက်ချိန်အတွင်းမှာ **တကောင်ကို ဆွဲခေါ်သွားတာ ရဲဘော်တွေမျက်မြင်ကိုယ်တွေ့ တွေ့ခဲ့ရတယ်”

ပခုက္ကူခရိုင်ထဲက ရဲဘော် ၁၀၀ ကျော်ကို မြိုင်ပကဖ က လက်နက်တပ်ဆင်ပေး(ရုပ်/သံ)

လက်နက်တပ်ဆင်ပွဲကိုတော့ မြိုင်မြို့နယ်ထဲမှာ ပြုလုပ်ခဲ့တာဖြစ်ပြီး အဲဒီရဲဘော် ၁၀၀ ကျော်ဟာ အပတ်စဉ် ၂ စုဖွဲ့လေ့ကျင့်မှုသင်တန်းဆင်းတွေ ဖြစ်တယ်လို့ မြိုင်ပကဖ တာဝန်ရှိသူတဦးက ပြောပါတယ်။

ပေါက်နယ်က ပျူစောထီးစခန်း စီးနင်းခံရပြီး ပျူ ၅ ဦးသေ၊ သေနတ် ၉ လက်ရ

သစ်ချိုကုန်းရွာတိုက်ပွဲကနေ ရှော့ဂမ်း သေနတ် ၃ လက်နဲ့ တတောင့်ထိုးသေနတ် ၅ လက် ရရှိခဲ့တာဖြစ်ပြီး လက်နက်ခဲယမ်းအခြေအနေကြောင့် တပ်ဖွဲ့ဝင်တချို့ ပြန်လည်ဆုတ်ခွာခဲ့တယ်လို့ ဆိုပါတယ်။

ကင်းပတ်လာတဲ့စစ်ကား တိုက်ခိုက်ခံရလို့  ၇ ဦးသေဆုံးပြီး လက်နက်တွေပါသိမ်းခံရ

“ကျနော်တို့က ကားကိုစောင့်ကြိုတိုက်ခိုက်ခဲ့တာဖြစ်တဲ့အတွက် ကားအလယ်ကိုဖြတ်ပစ်တာ၊ နောက်ကရှိတဲ့ စစ်ကောင်စီကောင်တွေဆိုရင် ကားပေါ်ကနေကိုပြုတ်ကျသွားတာ၊ ကျည်မှန်ပြီး ပွဲချင်းပြီးကိုသေတယ်၊”

ပေါင်းတည်မှာ စစ်ကောင်စီသတင်းပေးဆိုသူ ပစ်သတ်ခံရ

"သူက အာဏာသိမ်းပြီးကတည်းက စကစ သတင်းပေးလုပ်နေလို့ သေနတ်နဲ့ ၃ ချက် ပစ်သတ်ခဲ့တာပါ။ မနေ့ကတော့ မိသားစုတွေကပဲ သင်္ဂြိုလ်တယ်လို့သတင်းရပါတယ် "

အိမ်ခြံဝန်းထဲက သွပ်ကြိုးမှာ အဝတ်လှန်းတဲ့ အမျိုးသမီး ဓာတ်လိုက်သေဆုံး

ဇွန်လ ၂ ရက် ည ၇ နာရီခန့်မှာ အဲ့ဒီရပ်ကွက်က မသီတာဝင်း အသက် ၃၉ နှစ်ဟာ နေအိမ်မှာ ရေချိုး၊ အဝတ်လျှော်ပြီးနောက် ခြံဝန်းအတွင်း သွပ်နန်းကြိုးနဲ့ပြုလုပ်ထားတဲ့ အဝတ်လှန်းကြိုးမှာ အဝတ်လှန်းစဥ် ဓာတ်လိုက်သွားခဲ့တာလို့ ဆိုပါတယ်။

မင်္ဂလာပွဲလေကြောင်းဗုံးကျဲခံရမှု ကလေးငယ် ၈ ဦးအပါ သေဆုံးသူ ၃၀ အထိ မြင့်တက်လာ

ကျနော်တို့က လေယာဉ်သံကြားလို့ ဝပ်ပစ်လိုက်တာ၊ အဲ့တာမို့ လွတ်ခဲ့တာ။ တယောက်ဆို မှန်လို့သေတာ မဟုတ်ဘူး၊ အုန်းပင်ပိလို့ သေတာ၊ အုန်းပင်တွေဆိုအမြစ်ကနေကို ကျွတ်ပြီးလဲတာ။ ဗုံးထိပ်တိုက်ကျတဲ့သူတွေက ခါးပြတ်ကြီးနဲ့ လွင့်သွားတာ။ အော်နေတဲ့သူတွေကတော့ ဒုနဲ့ဒေးပဲ၊ ခြေထောက်ပြတ်တဲ့သူဆို ဒရွတ်တိုက်ဆွဲနေရတာ၊ ကယ်ကြပါဦး ပစ်မထားကြပါနဲ့၊ ခြေထောက်ကြီး ဘာဖြစ်သွားလဲမသိဘူး လုပ်ကြပါဦး။ အော်တဲ့သူတွေရော၊ အော်ငိုတဲ့ကလေးက ငို၊ ပွဲချင်းပြီး သေတဲ့ကလေးကသေ တော်တော်ဆိုးဆိုးပါ

ကျောက်မီးသွေးတွင်းထဲရေဝင်လို့ လုပ်သား၂ ဦး ရေမွန်းသေဆုံး

သေဆုံးသူတွေဟာ ငဖဲမြို့နယ်၊ ငရံ့ချောင်းရွာနေ ကိုခင်ဇော်နဲ့ ချင်းမကျေးရွာနေ ကိုနေအောင်တို့ဖြစ်ပြီး အသက် ၂၀ အရွယ်တွေဖြစ်ပါတယ်။ ဇွန်လ ၂ ရက်ညပိုင်းမှာ ကျောက်မီးသွေးတွင်းတူးနေချိန် မိုးရေတွေတွင်းထဲဝင်လာပြီး နှစ်ဦးစလုံးပြန်ထွက်မလာနိုင်ဘဲ သေဆုံးခဲ့တာလို့ ဆိုပါတယ်။

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10