BNRA က နိုင်ငံရေးအခြေခံမူများထုတ်ပြန်၊ တော်လှန်ရေးအလွန် လက်နက်ဖျက်သိမ်းရေးကို ထည့်သွင်းဖော်ပြ
စစ်ကိုင်းတိုင်းအတွင်းအခြေချလှုပ်ရှားနေတဲ့ ဗမာအမျိုးသားတော်လှန်ရေးတပ်မတော်(BNRA)ဟာ ဧပြီ ၁၇ ရက်က နိုင်ငံရေးအခြေခံမူများကို ထုတ်ပြန်ကြေညာခဲ့ပြီး အဲဒီထုတ်ပြန်ချက်ထဲမှာ အနာဂတ်မှာ ပေါ်ပေါက်လာမယ့် ဒီမိုကရေစီနည်းလမ်းတကျရွေးကောက်တင်မြောက်တဲ့အစိုးရလက်ထက်မှာ လက်နက်တွေအပ်နှံရေးကိစ္စကိုပါ ထည့်သွင်းဖော်ပြခဲ့ပါတယ်။