သတင်း

လက်နက်ကြီးကျည်ထိလို့ အမျိုးသမီး ၁ ဦးဒဏ်ရာရ

“သူတို့(စစ်ကောင်စီ) လက်နက်ကြီးတွေနဲ့ မပစ်တာတော့ကြာပြီ အခုမှပြန်ပစ်တာ။ ဒဏ်ရာရတဲ့ အမျိုးသမီးကတော့ ဆေးဝါးကုသပေးလိုက်ပါပြီ။ စိုးရိမ်ရတဲ့ အနေအထားတော့ မရှိဘူး။ ရွာသားတွေလည်း ရွာထဲပြန်ရောက်ကုန်ပါပြီ”

နတ်တလင်းမှာ စစ်တပ်က စာသင်ဆောင်နဲ့ ယာတဲတွေကို မီးထပ်ရှို့နေ

“‌သင်ကြားလို့ အရှိန်ရနေတုန်းပဲရှိသေးတယ်။ စစ်ကြောင်းဝင်လာလို့ ကျောင်းကပိတ်လိုက်ရတာ။ ခုတော့ ကျောင်းလည်း မီးထဲထပ်ပါသွားပြီ“

မြိုင်မြို့ပေါ်က စစ်အုပ်စုတပ်စွဲတဲ့နေရာ ၂ ခုကို ဒရုန်းနဲ့ဗုံးကြဲ

“ဂိတ်မှာ (စစ်သား)အင်အား ၂၀ ရှိပြီး အထွေထွေအုပ်ချုပ်ရေးမှူးရုံးမှာက ၅၀ ဝန်းကျင်ရှိတယ်၊ အထိအခိုက်ကတော့ များတယ်။ အသေအဆုံးကတော့ တိတိကျကျသတင်းမရသေးဘူး၊ ရုံးထဲမှာလည်း ပျက်စီးတယ်”

မုံရွာပလဖစခန်းခွဲစီးနင်းခံရမှု ရဲဘော် ၁ ဦးသေဆုံး၊ အချုပ်သား ၆ ဦးလွတ်မြောက်ကာ ကျပ်သိန်း ၄,၀၀၀ နီးပါးဆုံးရှုံးခဲ့ဟုဆို

" ပထမ သတင်းရတာက စကစ စစ်ကြောင်းက အခြားတနေရာကိုရောက်သွားပြီလို့ သတင်းရတာ။ အခြားနေရာကို အယောင်ပြပြီး ဝေလီဝေလင်းအချိန်မှာ စခန်းဘက်ကို ကပ်လာတာ။ ကျနော်တို့ဘက်က ကင်းရှည်ထုတ်ထားတဲ့ ကင်းသမားနဲ့တွေ့ပြီး ပစ်ခတ်မှုအရင်ဖြစ်တယ်”

မိတ္ထီလာက ရဲအရာရှိ ၁ ဦး လက်နက်၊ ခဲယမ်းတွေနဲ့အတူ YSO ကတဆင့် ပြည်သူ့ရင်ခွင်ခိုလှုံ

" လွန်ခဲ့တဲ့ ၃ လက ခိုလှုံဖို့ သူကဆက်သွယ်ထားတယ်။ ခရီးဝေးလို့ အဆင့်ဆင့်လာခဲ့ရတယ်။ ဆုကြေး ချီးမြှင့်ပြီးတော့ လုံခြုံတဲ့နေရာမှာ ပို့ထားပါတယ် "

ပေါင်းတည်က ဖမ်းဆီးခံအမျိုးသမီးရဲ့ နေအိမ်ကို စစ်ကောင်စီချိပ်ပိတ်

“သူ့ဖုန်းကို စစ်တဲ့အခါမှာ PDF ထောက်ပို့ (လုပ်တယ်ဆိုတာ) ပေါ်ပေါက်လို့ (ဆိုပြီး) သူနေတဲ့အိမ်ကို နိုင်ငံတော်ပိုင် သိမ်းဆည်းလိုက်တယ်ဆိုတာပဲ ကြားရတယ်”

ရေနံချောင်းမှာ ဘုန်းကြီးကျောင်းထဲတပ်စွဲနေတဲ့ စစ်အုပ်စုကို တိုက်ခိုက်မှု PDF ၁ ဦးသေဆုံးခဲ့ပြီး စစ်သားသေဆုံးမှုများဟုဆို

“ အဲ့ဒီရွာက အရင်က ကျနော်တို့နေတဲ့ရွာ။ စစ်ကြောင်းထိုးတော့ အင်အားမမျှလို့ ပြန်ဆုတ်ပေးခဲ့ရပြီး သူတို့တပ်စွဲထားတာ။ လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပစ်ခတ်ပြီး စီးနင်းတိုက်ခိုက်တာမှာ စစ်ကောင်စီဘက်က ၁၇ ဦးသေဆုံးပြီး ထိခိုက်ဒဏ်ရာရသူများတယ်”

မုံရွာမြို့နယ် ပလဖ စခန်းခွဲ ၁ ခု တိုက်ခိုက်ခံရပြီး နှစ်ဖက်သေဆုံးမှုရှိ

"စကစဘက်က သတင်းရသွားလို့ လာဝိုင်းတာနေမယ်။ တိုက်ပွဲဖြစ်နေချိန် ကျနော်တို့ဘက်ကလည်း ပြန်ပြီး ဝိုင်းဝန်းပိတ်ဆို့ တိုက်ခိုက်ချိန် စကစဘက်က လေကြောင်းပစ်ကူပေးပြီး သူ့လူတွေ ပြန်ဆုတ်နိုင်အောင် လုပ်ပေးသွားတယ်"

ရွှေဘိုက ပျူကြီးစိုးတဲ့ရွာ ၅ ရွာကို ပကဖတွေ ၂ ရက်ဆက် တိုက်ခိုက် (ရုပ်/သံ)

"မနက်၉နာရီမှာ ဝင်တိုက်တယ်။ မတိုက်ခင်ထဲက သတင်းတွေအရင်နေ့တွေထဲက လုပ်ထားတော့ လေ့ကျင့်ရေး ၈ ကနေ ဟောင်ဝစ်ဆာတွေနဲ့ ပစ်တယ်။ ဝင်တိုက်တဲ့အခါ အပြန်အလှန်နေရာယူပြီးတိုက်တော့ ရန်သူ့ဘက်က တော်တော်လေးကိုနာတယ်။ နာတဲ့အချိန်မှာ သူတို့ Mi-35 လာတော့ပြန်ဆုတ်ရတယ်"

ကင်းပတ်နေတဲ့ ရဲဒုတပ်ကြပ်နဲ့ ရဲတပ်သား ၂ ဦးကို အရှင်ဖမ်းမိ

“ဒီကောင်တွေက ညပိုင်းမှာ ကင်းကျနေတာ၊ လက်နက်တော့ ပေးမထားဘူး၊ အပြင်ထွက်တဲ့အချိန်မှာ ကျနော်တို့ ကာကွယ်ရေးရဲဘော်တွေနဲ့ အနီးကပ်တွေ့ပြီး ဖမ်းဆီးစစ်ဆေးတော့ ရဲ ၃ ဦးဖြစ်နေတာ”

ပခုက္ကူခရိုင် အမှတ်(၁၁)တပ်ရင်းမှ ဘဏ္ဍာရေးမှူးဖြစ်သူက တပ်ရင်းပိုင်ငွေတွေကို ယူပြေး

"သူက ၂၅ ရက်နေ့ တရက်လုံးရောက်မလာဘူး။ ဖုန်းဆက်ရင်လည်း စက်ပိတ်ထားတယ်။ တခြားရောင်းချထားတဲ့ နေရာတွေကိုများသွားပြီး ငွေကောက်နေတာလားဆိုပြီး ၂၆ ရက်နေ့စောင့်တယ်။ ရောက်မလာခဲ့ဘူး"

CDF-KKG တပ်ရင်း (၆) ရဲဘော်တွေရဲ့ ခရစ္စမတ်ပွဲ

တပ်ရင်းကရဲဘော်တွေအနေနဲ့ ၎င်းတို့ရဲ့နေအိမ်ကို ပြန်ချင်ကြပေမယ့် ပြန်ခွင့်မရှိတာကြောင့် ရဲဘော်တွေရဲ့ အိမ်လွမ်းတဲ့စိတ်ပြေပျောက်ဖို့နဲ့ ခဏတာပျော်ရွှင်ဖို့ ရည်ရွယ်ပြီး ဒီပွဲကို ကျင်းပခဲ့တာလို့ ဆိုပါတယ်။

နတ်တလင်းနယ်က နေအိမ် ၂၀ ကျော်ကို စစ်တပ်ကမီးထပ်ရှို့၊ ၁၀ ရက်အတွင်း နေအိမ် ၁၀၀ ကျော်အထိ မီးရှို့ခံထားရ

“ကရင်ဆင်ဆွဲရွာကို မီးရှို့တာ တနာရီခွဲလောက်ကြာတယ်။ မီးညွန့်ကြီးတွေက တောင်တွေကိုတောင်ကျော်ပြီး တက်လာတာ။ တဖုန်းဖုန်းနဲ့ ကျွန်းအိမ်ကြီးတွေပါသွားတာ”

ရေတာရှည်သကြားစက်ကိုဝင်ရောက်ပြီး စစ်ကောင်စီဝန်ထမ်းတွေကို တော်လှန်ရေးလုပ်ငန်းစဉ်တွေ ချပြစည်းရုံး

" သူတို့ဝန်းထဲရောက်တော့ အားလုံးကို အဆင်ပြေသလိုထိုင်ခိုင်းပြီး ဆွေးနွေးပြောဆိုခဲ့တာ။ စက်ရုံမှူးမိန်းမကတော့ ကြောက်လို့ငိုတာရှိတယ်။ အားလုံးကို ကောင်းကောင်းမွန်မွန်ပဲ ပြောဆိုဆက်ဆံခဲ့တာပါ "

ပုလဲနယ် အင်မထီးပျူစောထီးရွာမှ ရွာခံ ၇ ဦးထွက်ပြေးလာပြီး ပအဖ အဖွဲ့ထံခိုလှုံ

"သူတို့တွေ အစားအသောက်ခက်ခဲနေကြတယ်။ တောင်းတိုင်းလည်း မပေးဘူး။ ပိုက်ဆံရှိတော့လည်း ဝယ်စားလို့ မရဖြစ်နေတယ်။ ကြာတော့ စိတ်ပျက်ပြီး ထွက်ပြေးလာကြတာ"

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10