သတင်း

မြိုင်နယ်က ဆေးရုံနဲ့ကုသရေးပစ္စည်းတွေ မီးရှို့ဖျက်ဆီးခံရပြီး ဆေးကုနေသူတွေကို စစ်ကောင်စီက ဖမ်းဆီးထား

"ဆေးရုံကတော့ မီးရှို့ဖျက်ဆီးခံနေရလို့ ကျနော်တို့ဝယ်ထားတဲ့ ဓာတ်မှန်စက်တွေ ဆုံးရှုူံးသွားတယ်လို့ သိရတယ်။ နောက်တခုကြားသိရတာက ကွန်ဖန်းတော့ မဖြစ်သေးဘူး။ အသက်မပြည့်သေးတဲ့ ကလေးတဦး လက်နက်ထိသွားတယ်လို့တော့ ကြားတယ်။ ကွန်ဖန်းတော့ မဖြစ်သေးပါဘူး”

နတ်ဆိုးတပ်ဖွဲ့ ဖွဲ့စည်းခြင်း ၁ နှစ်ပြည့်မှာ ဆေးခန်းနဲ့နွေဦးကျူရှင် ဖွင့်လှစ်နိုင်ခဲ့

"ဆေးခန်းကတော့ အခြေစိုက်ကျေးရွာက ပြည်သူတွေအပြင် နီးစပ်ရာကျေးရွာက ပြည်သူတွေအတွက်လည်း ရည်ရွယ်ပါတယ်။ ဒါ့အပြင် တော်လှန်ရေးအဖွဲ့တွေထဲက ဒဏ်ရာရလာရင်လည်း ဆေးကုသမှုပေးသွားမှာပါ။ ကျူရှင်ဆိုတာကတော့ ကျောင်းမတက်တဲ့ ကလေးတွေအတွက် ရည်ရွယ်ဖွင့်လှစ်ပြီး အချိန်ပိုင်း သင်ပေးသွားမှာပါ"

ရိက္ခာရှာဖို့ ထွက်လာတဲ့ ပျုစောထီးအဖွဲ့ လက်နက်ကြီးနဲ့ ပစ်ခတ်ခံရ (ရုပ်/သံ)

"ပထမအကြိမ် ၄၀ မမ နဲ့ နေ့လယ် ၁၂ နာရီမှာ ပစ်တာ။ ပစ်နေတဲ့အချိန် ရဟတ်ယာဉ်တစီး တက်လာလို့ နောက်ပြန်ဆုတ်ခဲ့တယ်။ နေ့လယ် ၂ နာရီမှာ ၆၀မမ လက်နက်ကြီးတွေနဲ့ ဒုတိယအကြိမ် ထပ်ပစ်ခဲ့တယ်"

စစ်ကောင်စီတပ်စခန်းကို တိုက်ခိုက်လို့ ထိခိုက်သေဆုံးရှိနိုင်၊ လက်နက်ကြီး မတော်တဆဖြစ်လို့ ရဲဘော် ၁ ဦးဒဏ်ရာရ

“လက်နက်ကြီးတွေနဲ့ တော်တော်လေးပစ်ပြီးချိန်မှ သူတို့(စစ်ကောင်စီ)ဘက်က ပြန်ပစ်သလို၊ တောင်အောက်မှာရှိနေတဲ့ စကစနောက်တစ်ဖွဲ့က ရှေ့ဆက်တိုးလာတော့ ကျနော်တို့ဘက်မှာ သေနတ် အစစ်က ၂ လက်ပဲရှိလို့ ယှဥ်မပစ်နိုင်လို့ ပြန်ဆုတ်လာရတယ်"

ကြို့ပင်ကောက်မှာ အမျိုးသားတဦး ရေတွင်းထဲပြုတ်ကျသေဆုံး

"သူတို့က အိမ်ပြင်ဆောက်နေတာ၊ လုပ်ရင်းကိုင်ရင်း သူ့အိမ်ခြံဝန်းထဲက ကျောက်ခွေ ရေတွင်းနှုတ်ခမ်းကနေ ခြေချော်ပြုတ်ကျပြီး ဇောက်ထိုးကျ ရေနစ်သေတာပါ"

ပဇီကြီးရွာ ဒေသခံတွေအတွက် တအိမ်ထောင်ကို ငွေကျပ် တသိန်းစီ ထောက်ပံ့

"ကျနော်တို့က အလှူခံတာတော့ မဟုတ်ဘူး။ ပေချ့်ကို အလှူရှင်တွေကနေပြီး ပဇီကြီးဒေသခံတွေအတွက် လာလှူကြလို့ ကျနော်တို့က စနစ်တကျ မှတ်တမ်းပြုစုပြီး တဆင့်ပြန်လှူပေးတာဖြစ်ပါတယ်။ ငွေစာရင်းအတိအကျတော့ ဧပြီ ၂၀ ရက်နေ့မှ ထုတ်ပြန်ပေးလို့ ရမှာပါ။ တခြားဆေးဝါးတွေ လှူဒါန်းထားဝာာတွေပါ ထပ်မံထုတ်ပြန် ပေးသွားပါ့မယ်ဗျ။ ဒီနေ့ (ဧပြီ ၁၈ ရက်) မှာ ထုတ်ပြန်ရတယ် ဆိုတာကလည်း လုံခြုံရေးအရ မို့ပါ" လို့ ပြောပါတယ်။

ကနီက စစ်တပ်စခန်းတိုက်ပွဲမှာ သေနတ် ၁၅ လက်နဲ့ လက်နက်ခဲယမ်းတွေ သိမ်းနိုင်ခဲ့ပြီး စစ်သား ၂၀ ဝန်းကျင် သေဆုံးဟုဆို

တာဝါတိုင်စခန်းကုန်းမှာ အင်အား ၃၀ ဝန်းကျင်ရှိတာဖြစ်ပြီး ဧပြီလ ၁၇ ရက် မနေ့ မနက် ၇ နာရီကနေ ၈ နာရီအထိ တိုက်ပွဲဖြစ်ပွားခဲ့ကာ စစ်ကောင်စီဘက်က ၆ ဦးခန့် ထွက်ပြေးသွားပြီး ထွက်ပြေးသူတွေထဲမှာ ဗိုလ်ကြီး သွဲ့လင်းထက်လည်း ပါဝင်တယ်လို့ သိရပါတယ်။

ရွှေဘိုခရိုင်ထဲက မီးရှို့ခံရတဲ့ ကျေးရွာတရွာကို S&C က ဆန်ဆီဆား‌တွေ လှူဒါန်း

"အညာမှာ နေရေးထိုင်ရေး စားရေးသောက်ရေးက အဆင်မပြေကြတော့ ခုလိုကူညီရတာဗျ။ သွား‌ရောက် လှုဒါန်းတဲ့အချိန်မှာလည်း အခက်အခဲတွေကတော့ အများကြီးပေါ့။ သယ်ယူပို့ဆောင်ရေးက အစပေါ့။ အခုလိုဆန်ဆီဆား သွားလှူတာက ပထမအကြိမ်ပါ" လို့ ဆိုပါတယ်။

"ထမင်းရည်ချောင်းမစီးနိုင်တဲ့အပြင် စီးပွါးရေးကျပ်တည်းမှုပိုလာတဲ့ ပြည်သူဘဝများ"

မြန်မာနိုင်ငံဟာ တချိန်က ထမင်းရည်ချောင်းစီးပြီး မောင်းတီးလှူဒါန်းခဲ့ကြတဲ့တိုင်းပြည်တခု ဖြစ်ခဲ့ပေမယ့် တိုင်းပြည်မတည်ငြိမ်မှု၊ နိုင်ငံ့စီးပွါးရေးကျဆင်းလာမှု နှစ်ပေါင်းများစွာ ရှည်ကြာလာခဲ့တဲ့ အကျိုးဆက်ကြောင့် ယနေ့အချိန်မှာတော့ ပြည်သူအများစုဟာ ဆင်းရဲမှုဒါဏ်တွေကို အလူးအလဲခံနေကြရပါတယ်။

ကျောက်ဆည်မှာ ချောင်းထဲရေဆင်းကူးတဲ့လူငယ် ၄ ဦး ရေနစ်သေဆုံး

"ဘယ်လိုဖြစ်ပြီး ရေနစ်တယ်တော့မသိရဘူး။ အလောင်းတွေကတော့ မီးသတ်တွေ၊ လူမူကယ်ဆယ်ရေးအဖွဲ့တွေက နာရီပိုင်းအကြာမှာပဲ ဆယ်လို့ရသွားပါပြီ "

အုတ်ဖိုမြို့နယ်က ရဲကင်းတိုက်ခိုက်ခံရလို့ ရဲ ၂ ဦးသေ၊ ၁ ဦးဒဏ်ရာရ

"အလစ်အငိုက်ဝင်တာ။ ကျနော်တို့ဘက်က စခန်းထဲကိုလက်နက်ကြီး ၁၂ လုံး ပစ်ထည့်တာမှာ ၉ လုံးကစခန်းထဲကိုကျတယ်။ ၃ လုံးကလွဲသွားတယ်၊ ခရိုင်ကသာ မောင်းပြန်ချပေးနိုင်ရင် စခန်းကိုသိမ်းနိုင်တယ်”

နတ်တလင်းက ရာအိမ်မှူးဖြစ်သူ မှုခင်းရှုထောင့်သတင်းထောက် သတ်ခံရ

"သူကအိမ်မှာရှိနေတုန်း ညနေပိုင်းဝင်ပစ်တာပါဗျ။ ဦးခေါင်း၂ ချက်၊ ခါး ၁ ချက်၊ ဗိုက်ကို ၁ချက် ထိမှန်ပြီးပွဲချင်းပြီးသေတယ်"

CDM ဆရာအတတ်သင် သင်တန်းကို တိုက်ခိုက်ဖို့ ရဟတ်ယာဉ်နဲ့ ရှာဖွေထောက်လှမ်းခဲ့

“တရက်ပဲတက်ရသေးတယ်၊ သတင်းကပေါက်ကြားပြီး လေကြောင်းအန္တရာယ် ရှိတယ်ဆိုပြီး သတင်းရလို့ သင်တန်းပိတ်လိုက်ရတယ်၊ ဒီနေ့ညနေ လေကြောင်း ရောက်လာပြီးတော့ ပစ်မှတ်ရှာတယ်၊ ကျနော်တို့ကြားတာတော့ ပစ်မှတ်ကို မတွေ့သွားလို့ ပြန်လှည့်သွားတယ်ကြားတယ်” လို့ သင်တန်းတက်ရောက်နေတဲ့ ဆရာတဦးက ပြောပါတယ်။

မြန်မာနှစ်ဆန်း ၁ ရက်နေ့မှာ တန့်ဆည်သားတွေက စစ်ကောင်စီကိုဆန္ဒပြ

"နှစ်ဆန်း ၁ ရက် Gunနှင့်တက် စစ်ခွေးခေါင်းတွေအကုန်ပြတ်"

မုံရွာမြို့အဝင်က စစ်ဆေးရေးဂိတ် လက်နက်ငယ်တွေနဲ့ တိုက်ခိုက်ခံရ( ရုပ်/သံ)

ကားနဲ့ပစ်ခတ်ချိန်မှာ ရဲယူနီဖောင်းဝတ်ထားသူတဦးလဲကျသွားတာ မြင်လိုက်ရပေမယ့် သေဆုံးမှုရှိမရှိကိုတော့ အတည်မပြုနိုင်ခဲ့ဘူးလို့ဆိုပါတယ်။

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10