သတင်း

စစ်တောင်းမြစ်ထဲ စည်းကမ်းမဲ့ငါးဖမ်းသူ များလာလို့ ငါးလုပ်ငန်းရှင်တွေ အခက်ကြုံ

"ငါးက ရှားသွားပြီ။ မျှောပိုက်တွေ၊ ဝိုင်းပိုက်သမားတွေက ငါးမရတော့ဘူး။ လှေသမားတောင် ငါးကောင်း မစားရဘူး ဖြစ်နေတယ်။ သတ်မှတ်ထားတဲ့အတိုင်း တလက်မနဲ့အထက် ပိုက်တွေနဲ့မဖမ်းဘဲ အသေးတွေပါ အကုန်သိမ်းကြုံးဖမ်းနေတော့ ငါးအကြီးတွေလည်း သိပ်မရတော့သလို ငါးမျိုးစိတ်တချို့လည်း မရှိသလောက် ဖြစ်လာတယ်”

ပခုက္ကူမှာ ရွှေဆိုင်ဓါးပြတိုက်ခိုက်ရပြီး ကျပ်သိန်း ၂၀ ဖိုးခန့်ပါသွား

"ဓားပြတိုက်ခံရတာက ဟုတ်ပါတယ်။ အများကြီး ပါသွားတာတော့ မဟုတ်ဘူး။ ကျန်တာက မိသားစုဝင်တွေလည်း စိုးရိမ်နေကြတယ်။ ဖမ်းခေါ်သွားခံရတဲ့ အလုပ်သမား ၁ ယောက်လည်း ပြန်ရောက်လာပြီလို့ သိရတယ်။ လမ်းမှာပဲ ပြန်လွှတ်ပေးလိုက်တာ"

မြောင်က စစ်ရှောင်အဘိုးတဦးကို စစ်အုပ်စုက သေနတ်နဲ့ပစ်သတ်

“ပစ်သတ်ခံရတာတောင် ရက်ရက်စက်စက် ပစ်သတ်သွားတာ။ စစ်ရှောင်နေတဲ့အချိန်မှာ သုံးဖို့ သူ့ရဲ့ရေလဲတပတ်လေးတွေ၊ သွားတိုက်တံ၊ သွားတိုက်ဆေးတွေတောင်မှ သူသေတဲ့နေရာမှာပဲ ကျန်ခဲ့တယ်”

ပျူသင်တန်းပေးနေတဲ့နေရာ လက်နက်ကြီးနဲ့ပစ်ခံရ (ရုပ်/သံ)

ရွှေလှံဗိုလ် ဘောလုံးကွင်းထဲမှာ ပျူသင်တန်းပေးနေတာကို လက်လုပ်စိန်‌ပြောင်း၊ တာဝေးပစ်စိန်ပြောင်းတွေနဲ့ ၁၅ လုံး ပစ်ခတ်တိုက်ခိုက်ခဲ့လို့ ပျူသင်တန်းပေးနေတာ ရပ်လိုက်ရပြီး ကြံ့ခိုင်ရေးရုံးနဲ့ မီးသတ်ရုံး ထိခိုက်ပျက်စီးမှုရှိတယ်လို့ မြေပြင်ကင်းထောက်ရဲဘော်တွေဆီကတဆင့် ပြန်သိရတယ်

ပဲခူးအနောက်ခြမ်းမှာ နွေစပါးထယ်ရေးပြင်ဆင်စားရိတ် မြင့်တက်

"ထွန်စက်နဲ့ ထယ်ထိုးရာ ထယ်သွားတပ်ဆင်ထားတဲ့ လင်ပန်းအလိုက် စျေးနှုန်းကွာခြားပေမယ့် သမန်းရဖို့ စိတ်ကြိုက်ထယ်ရေးရအောင် မြေပြင်ပေးရတယ်။ ထယ်ရေးက စိုက်သမန်းရဖို့ အရေးကြီးတယ်။ တောင်သူအများစုကတော့ လင်ဗန်းထယ် ၇ သွားပါတဲ့ ထွန်စက်နဲ့ထိုးတာများတယ်"

ဘုတလင်မြို့ဝင်ဂိတ်က စစ်အုပ်စု RPG အပါ လက်နက်ငယ်တွေနဲ့ တိုက်ခိုက်ခံရ (ရုပ်သံ)

ကြောင်ပန်းဂိတ်က စစ်ကောင်စီတပ်သားတွေဟာ ဒေသခံပြည်သူတွေရဲ့ ဆိုင်ကယ်တွေကို အကြောင်းအမျိုးမျိုးပြကာ ငွေကြေးကောက်ခံနေသလို အကြောင်းမဲ့ မကြာခဏ ဖမ်းဆီးခြင်းတွေ ပြုလုပ်နေပြီး အနီးမှာရှိတဲ့ သစ်တောရုံးအတွင်းမှာလည်း အထိုင်ချထားသလို DENKO ဆီဆိုင်‌ထဲမှာလည်း ကင်းပုန်းတွေ အမြဲချထားလို့ အခုလို သွားရောက်တိုက်ခိုက်ခဲ့တာ

မုံရွာနယ်က ထနောင်းတောရွာကို စစ်တပ်ကမီးရှို့နေ

"အခုလောလောဆယ်တော့ ဘာမှတိတိကျကျ မသိရသေးဘူး။ စစ်ကြောင်းပြန်မှပဲ သိရမယ်။ နေအိမ်တွေကို မီးရှို့တာ တော်တော်များတယ်လို့ ကြားတယ်။ ရွာသားတွေလည်း ထွက်ပြေးနေရတယ်"

ရွှေကျင်မြို့နယ်ထဲမှာ စစ်ဘေးရှောင် ၁ သောင်းကျော်အထိရှိနေပြီး ကူညီသူနည်းပါးနေ

"အရင်လက တိုက်ပွဲတွေကြောင့် ရှောင်နေရသူတွေရှိသလို ဒီရက်ပိုင်း ပုဇွန်မြောင်းမှာ ထပ်ဖြစ်တဲ့တိုက်ပွဲကြောင့် ထပ်ပြေးရသူတွေလည်း ရှိတယ်။ စားဝတ်နေရေးအတွက်ကလည်း ကိုယ်ထူကိုယ်ထပဲ ကူညီသူမရှိဘူး။ မြို့ပေါ်စစ်ရှောင်တွေအတွက်ကတော့ ကူညီသူ နည်းနည်းပါးပါးရှိပေမယ့် တောတောင်နဲ့ ရွာတွေဘက် ပြေးနေရသူတွေကတော့ ကိုယ့်ဝမ်းကိုယ်ရှာစားပဲ။ စားသောက်ဖို့ ကုန်သွားရင် အခြေနေကြည့် အိမ်ပြန် ရှိတဲ့ပစ္စည်းတွေယူပြီး ပေါင်နှံစားနေရတယ်"

ပေါင်းတည်က စစ်တပ်သတင်းပေးဆိုသူ ပစ်ခတ်ရှင်းလင်းခံရ

"သူက ကျွဲတဲရွာ လောင်းကစားဝိုင်းကနေ ဆိုင်ကယ်နဲ့အိမ်ပြန်လာတာကို သေနတ်နဲ့ ၅ ချက် ပစ်ခတ်ခဲ့တာပါ။ နေရာမှာပဲ ပွဲချင်းပြီး သေသွားတယ်။ ခေတ်အဆက်ဆက် လောင်းကစားဝိုင်းထောင်ပြီး အခုထိလိုင်းကြေးကောက်နေတဲ့ သတင်းပေး အစစ်ပါ"

စစ်အုပ်စုက ရေကြောင်းမှာပါ ကျောက်ချတပ်စွဲထားလို့ တံငါသည်တွေ ဒုက္ခရောက်နေ

“ကိုယ် ပိုက်ချချင်တဲ့နေရာနဲ့ သူတို့နေရာနဲ့က ကိုက်ညီနေတာဆိုတော့ သူတို့နဲ့ဝေးရာကို သွားလုပ်ရတော့ ငါးကလည်း အဆင်မပြေဘူးလေ။ အခုတော့ ကုန်းပေါ်မှာ ပဲရိတ်တာမျိုး၊ နေ့စားလိုက်လုပ်တာမျိုး၊ တောင်သူနောက်လိုက် လုပ်စားနေရတယ်”

ဂန့်ဂေါစစ်ဘေးရှောင်တွေကို ဆန်နဲ့လူသုံးကုန်တွေ ထောက်ပံ့

"ပုလဲမြို့နယ်ထဲရှိ ကန့်သက်စစ်ဘေးရှောင်စခန်းက စစ်ဘေးရှောင်တွေကို အလှူရှင်တွေနဲ့ ချိတ်ဆက်ပြီး ကူညီခဲ့တယ်။ မိုးရွာလာရင် အဲဒီဘက်လမ်းတွေက သွားရတာ မလွယ်ကူဘူး။ ရိက္ခာသွားပို့ဖို့လည်း ခဲရင်းတယ်။ မိုးတွင်းကာလ မကျမှီ ကျနော်တို့က ရိက္ခာကိုကြိုတင်ပြီး‌တော့ သူတို့ကို စုစောင်းပေးထားတာ"

PDF ရဲဘော်ကျဆုံးခြင်း ၁ လပြည့်မှာ ဂူဗိမာန်သွင်း ဆွမ်းသွပ်တရားတော်နာ ပြုလုပ်

“ဈာပနပြုလုပ်တဲ့နေ့က ကျဆုံးရဲဘော်ရဲ့ မိသားစုဝင်တွေ လာပါတယ်။ တလပြည့်မှာတော့ မလာနိုင်ပါဘူး။ သူ့ရဲ့မိသားစုဝင်တွေရဲ့တောင်းဆိုချက်အရ သူ့ဇာတိမြေမှာလည်း တပ်ရင်းကနေ အကုန်အကျခံပြီးတော့ ဂူဗိမာန်လုပ်ပေးခဲ့သလို တပ်ရင်းမှာ ဂူဗိမာန်လုပ်ခဲ့ပါတယ်”

မတ္တရာမြို့နယ် လဝကဒု-ဦးစီး သေနတ်နဲ့ ပစ်သတ်ခံရလို့ သေဆုံး

"ပျူ‌တွေကို သင်တန်း‌ပေးတာ စည်းရုံးတာတော့ ကြာပြီ။ ဘယ်လောက်ကြာပြီလည်းဆိုတာတော့ မမှတ်မိတော့ဘူး။ သူ့ရဲ့ခေါင်းကို သေနတ်နဲ့ သုံးချက်တိတိ ပစ်ခဲ့တယ်။ သူပြန်ခုခံလို့ နပန်းလုံးခဲ့ရသေးတယ်"

စစ်ကောင်စီပစ်တဲ့ လက်နက်ကြီးထိမှန်လို့ EPC ဝန်ထမ်းမိသားစုလိုက် ဒဏ်ရာပြင်းထန်ရရှိ

"ချမ်းကိုက ဘယ်ဘက်တင်ပါးနဲ့ ညာဘက်တံတောင်ကွေးထိတာ လမ်းလျှောက်လို့မရဘူး။ ဝင်းမင်းစိုးကလည်း တော်တော်ဆိုးတယ်ဒဏ်ရာက။ အခုတော့ ညောင်ဦးဆေးရုံမှာ ကုသနေကြတယ်။ ၃ယောက်တော့ ခွဲစိပ်ရမယ်။ အမျိုးသမီးကတော့ သက်သာနေပြီ"

ဆီ မထွက်တော့တဲ့ မြန်မာ့ဆီအိုးကြီးနဲ့ စားအုန်းဆီပြဿနာ (ရုပ်/သံ)

တချိန်က ဆီကိုရေချိုး၊ ဆေးရိုးမီးလှုံ၊ စပါးတောင်လိုပုံ လို့ကြွေးကြော်ခဲ့သလို ဆီထွက်သီးနှံအများအပြား စိုက်ပျိုးထုတ်လုပ်တဲ့ မြန်မာနိုင်ငံဟာ ပြည်တွင်းဆီထုတ်လုပ်မှုနဲ့တင် လုံလောက်မှုမရှိဘဲ ပြည်ပကနေ နေ့စဉ် စားအုန်းဆီတန်ချိန်များစွာကို တင်သွင်းနေကြရပါတယ်။

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10