ကနီတမြို့နယ်လုံးမှာ ဆယ်တန်းစာမေးပွဲ ဖြေဆိုသူဦးရေ ၄၀ သာရှိ
“ကနီ အ.ထ.က ကျောင်းမှာ ဖြေနေတယ်။ စစ်အုပ်စုကို ထောက်ခံတဲ့သူနဲ့ ပျူစခန်းက လူတွေပဲ လာဖြေတာ၊ တခြား ဘယ်သူမှမဖြေဘူး။ ခုဖြေတဲ့ပမာဏနဲ့ ကျောင်းသားအရေအတွက် နှိုင်းဆကြည့် ၁၀ ရာခိုင်နှုန်းတောင် မရှိဘူး။ အရင်ကဖြေရင် ထောင်ချီဖြေတာ။ ကနီနယ်တနယ်လုံး အတိုင်းတာနဲ့ဆို ကျောင်းသားတွေရဲ့ CDM၊ ဆရာမတွေရဲ့ CDM ကောင်းနေတယ်လို့ ပြောလို့ရတယ်။ လုံးဝကို အောင်မြင်နေတာ”