သတင်း

မြန်မာ့လက်မှုပညာ မပျောက်ပျက်ဖို့ လက်ယက်ကန်းစင်တွေ ဆောက်လုပ်လှူတန်း

“အလှူရှင်တွေလည်း တချို့တဝက်ရှိတယ်၊ လိုတဲ့ဟာလည်း ကျနော်တို့ ရန်ပုံငွေကနေ စိုက်ထုတ်လှူတန်းမှာပေါ့နော်၊ သယ်ယူပို့ဆောင်ရေးကြောင့် ၂ စင်ပဲရောက်သေးတာ၊ ကျနော်တို့လည်း ကိုယ်ပိုင်ယာဉ်မရှိသေးလို့ ထော်လာဂျီငှားပြီး မီးလောင်ပြင်ထိသွားပို့ရတာ၊ စင်တွေကရှိနေပြီ"

မင်းတုန်းက စစ်ကောင်စီနေရာ ၂ ခု တိုက်ခိုက်ခံရပြီး ၂ ဦးထက်မနည်း ထိခိုက်နိုင်

"စစ်ဆေးရေးဂိတ်ကို ၄၀ မမနဲ့သွားပစ်တဲ့အချိန် ဗုံးသီးက သူတို့ဂိတ်ကိုကျော်ပြီး ကျသွားလို့ ထိခိုက်တာ မရှိလိုက်ဘူး။ နောက်တစ်လုံးပစ်ဖို့ပြင်တဲ့အချိန် သူတို့ဘက်က ပြန်ပစ်လာလို့ဆုတ်လာခဲ့တယ်။ စပါးတန်းတပ်စွဲထားတဲ့နေရာကိုတော့ ဒရုန်းနဲ့ဗုံးချတိုက်ခိုက်တာတော့ အဆောက်အဦးကို ထိမှန်တာဖြစ်လို့ ထိခိုက်ရှိနိုင်တယ်"

ပုလဲမြို့ ရဲစခန်းနဲ့ ထွေအုပ်ရုံး ဝေဟင်က တိုက်ခိုက်ခံရလို့ ရုံးနဲ့ ကားတစီးမီးလောင်ပျက်စီး (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်မှာရှိတဲ့ ရဲစခန်းနဲ့ ထွေအုပ်ရုံးကို လေယာဉ်ငယ်လေးတွေနဲ့ ဗုံးသီးချကာ တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီဘက်က ပြန်ဆက်‌ရုံးနဲ့ ကားတစီးမီးလောင်ခဲ့ပြီး ထိခိုက်ပျက်စီးတာတွေရှိတယ်

ကြို့ပင်ကောက်မှာ စစ်တပ်သတင်းပေး ၃ ဦးရှင်းလင်းခံရပြီး ၅ ဦးဒဏ်ရာရ

"ကိုအေးထွန်းက အုပ်ကြီးလည်းဖြစ်သလို ပျူစောထီးခေါင်းဆောင်လည်း ဖြစ်တယ်။ သူတို့အင်အား ၈ ဦးလောက်နဲ့ ရှိနေတာကို ပစ်ခတ်ခဲ့တာပါ။ သူတို့ဘက်ကလည်း တထောင့်ထိုးတူမီးတွေ လက်ပစ်ဗုံးတွေနဲ့ ပြန်ပစ်သေးတယ်ဗျ"

ကျွန်းလှမြို့ပေါ် နေထိုင်သူတွေကို စစ်သားနဲ့ပျူတွေက ဖိအားပေးကင်းစောင့်ခိုင်းနေ

“တချို့ရပ်ကွက်တွေ ကင်းစပြီး စောင့်နေရပါပြီ။ ပြီးခဲ့တဲ့မတ်လ ၂ ရက်နေ့ကစပြီး ကင်းစောင့်နေရတယ်။ အခုလို ကင်းစောင့်ဖို့ကိုလည်း ကျွန်းလှမြို့ပေါ်မှာက အုပ်ချုပ်ရေးမှူးတွေ၊ ပျူစောထီးတွေကပဲ ကင်းစောင့်ဖို့ကို စီစဉ်ခဲ့တာ။ ကင်းမစောင့်ချင်တဲ့ သူတွေလည်း ရရာပိုက်ဆံတွေချေးပြီး ပေးရတယ်”

စိတ်ထွက်ပေါက်အတွက် စစ်ကိုင်းက ကျေးရွာတချို့မှာ မသောက်မိသောမိုးခါးရေ ရုပ်ရှင်ပြသ (ရုပ်/သံ)

စစ်ကိုင်းတိုင်းအတွင်းက စစ်ကောင်စီအုပ်ချုပ်ခွင့်မရတဲ့ ကျေးရွာတချို့မှာ ဒါရိုက်တာ ကိုပေါက်ရဲ့ မသောက်မိသောမိုးခါးရေ ရုပ်ရှင်ဇာတ်လမ်းကို ပြသခဲ့တယ်

မုံရွာက ရွာတရွာမှာ PDF တွေရှိတယ်ဆိုပြီး စစ်တပ်ကနေအိမ် ၁၁ လုံးကိုမီးရှို့ခဲ့

“ရွာထဲမှာဘာမှမရှိပါဘူး၊ အကုန်လုံးရိုးရိုးသားသားလုပ်စားကြတာပါ။ PDF ရှိတယ်ထင်ပြီး မီးရှို့သွားတာပါ။ သူတို့အခုလိုလုပ်လိုက်တဲ့အတွက် ကျနော့်အနေနဲ့ကတော့ ဘာမှပြောစရာမရှိပါဘူး၊ ပြောလည်းမပြောရဲပါဘူး၊ သူတို့လာရင်ပြေးမယ်၊ အဓိက က လူလွတ်အသက်ရှင်ဖို့ပဲ အရေးကြီးတာပါ”

စစ်ကိုင်း ရဲတပ်ရင်း ၁၆ တိုက်ခိုက်ခံရလို့ ၅ ဦးထက်မနည်း ထိခိုက်နိုင်ဟုဆို

"တိုက်ပွဲဖြစ်ပွားချိန် ၁၀မိနစ်ခန့်ပါ။ ကျနော်တို့ဘက်ကပစ်တာကတော့ ပြင်ပမရောက်ပါဘူး။ ရဲတပ်ရင်းထဲပစ်ခတ်တဲ့ target အားလုံးကို တိုက်ရိုက်ထိပါတယ်။ မြေပြင်သတင်းတွေအရ ၅ ယောက် ထိခိုက်နိုင်တယ်လို့ ခန့်မှန်းထားပါတယ်။ နယ်မြေကစကစ စိုးမိုးနယ်မြေဖြစ်နေတော့ အားလုံးဂရုတစိုက်နဲ့ အသက်စွန့်ပြီး လုပ်ခဲ့ရတာပါ"

ရုတ်တရက်တိုက်ခိုက်ခံရလို့ ကင်းစောင့်စစ်သား ၅ ဦးသေဆုံးဟုဆို (ရုပ်သံ)

ကားနဲ့သွားကာ သေနတ် ၄ လက်နဲ့ ရုတ်တရက်ပစ်ခတ်ခဲ့လို့ စစ်သားတွေပြန်လည်ပစ်ခတ်ချိန်မရှိဘဲ လဲကျကုန်တယ်

ယင်းမာပင်က မီးဘေးသင့် ၂ ရွာကို မီးဖိုဆောင်သုံးပစ္စည်းတွေ လှူဒါန်း

မီးဘေးသင့်အိမ်ခြေ ၁၅၃ အိမ်ကိုတအိမ်ထောင်လျှင် ဒန်အိုး ၁ လုံး၊ ဇလုံ ၁ လုံး၊ ဇွန်းကြီး ၁ ချောင်း၊ သောက်ရေခွက် ၁ ခု၊ ဆန် ၁ ပြည်၊ ဆီ ၅၀ ကျပ်သားနဲ့ ငါးသေတ္တာ ၁ ဗူးနှုန်းလှူဒါန်းခဲ့တယ်

ခင်ဦးက PDF ရဲဘော် ၂ ဦး ရက်ရက်စက်စက် အသတ်ခံရ

"ရဲဘော်တွေက စကစရဲ့ရှေ့ပြေးကင်းပုန်းနဲ့ မိသွားတာ။ တယောက်ကို ဦးခေါင်းဖြတ်ပြီးတော့ နွယ်ကြိုးနဲ့သစ်ပင်ပေါ်မှာချိတ်ဆွဲထားခဲ့တယ်။ နောက်တယောက်ကိုတော့ နဖူးတည့်တည့်ပစ်ပြီးတော့ မျက်နှာတွေကိုရိုက်ချိုးသွားတယ်"

ရေပြာလမ်းဆုံ စစ်ဆေးရေးဂိတ် ပစ်ခတ်ခံရ ရဲတဦး နောက်ကျောကျည်ထိမှန် (ရုပ်/သံ)

"ညနေ ၄ နာရီ‌လောက်မှာ အဲ့ဒီစစ်ဆေးရေးဂိတ်မှာရှိတဲ့ ရေပြာရဲစခန်းက ရဲတွေနဲ့ ၅ မိနစ်ခန့်အကြာ အပြန်အလှန်ပစ်ခတ်မှု ထိပ်တိုက်ဖြစ်တယ်၊ စစ်ကောင်စီတပ်သားအားလုံးက ရေပြာရဲ့အနောက် ဘက်လမ်းဆုံမှာ မဲနေတဲ့အချိန် လမ်းဆုံဂိတ်မှာ ၄ ယောက်ရှိတာကို မိတာ ၂၀၀ လောက်အကွာကနေ ပစ်ခတ်တိုက်ခိုက်ခဲ့တာ"

ကိုဖုန်းမော် ကျဆုံးခြင်းအထိမ်းအမှတ် ပခုက္ကူက လူထုဟောပြောပွဲ

“အဓိကရည်ရွယ်ချက်ကတော့ ကိုဖုန်းဖော်ကျဆုံးခြင်း ၃၅ နှစ်ပြည့်အထိမ်းအမှတ်အဖြစ်၊ ပြီးတော့ PDF တွေရဲ့လက်နက်ကိုင်တော်လှန်ရေးအပြင် ကျောင်းသားနိုင်ငံရေးမှာ ကျောင်သားသမဂ္ဂတွေက ဘယ်လိုမျိုးရှေ့ကနေဦးဆောင်ပြီး ပေးဆပ်ခဲ့လဲ၊ လုပ်ခဲ့လဲဆိုတဲ့သမိုင်းကို ပေးချင်တာ” လို့ ပြောပါတယ်။

စစ်အုပ်စုက ဖမ်းဆီးသွားတဲ့အမျိုးသမီး ၁ ဦး အဓမ္မပြုကျင့်ခံထားရတဲ့ပုံစံနဲ့ သေဆုံးလျက် ပြန်တွေ့

"သူမရဲ့ ဦးခေါင်းမှာ သေနတ်ဒဏ်ရာ တွေ့တယ်။ မုဒိမ်းကျင့်ပြီး သတ်သွားတဲ့အနေအထားမျိုးပဲ။ အလောင်းကိုစတွေ့တော့ အဝတ်တွေလည်း မပါဘူး။ အလောင်းကို ခြုံပုတ်ထဲမှာ ထားခဲ့တာ။ စစ်ကြောင်းသွားတဲ့ တလျှောက်လုံးခေါ်သွားပြီးတော့ သတ်ပြီးထားခဲ့တာ"

မုံရွာ−အမြင့်လမ်း သပိတ်ဦးဆောင်ကော်မတီအဖွဲ့က လူထုဟောပြောပွဲ ကျင်းပ

“ပြောသွားတာကတော့ လက်ရှိနိုင်ငံရေးအခြေအနေ၊ လူထုပါဝင်မှု၊ ဖက်ဒရယ်ဒီမိုကရေစီအကြောင်းတွေကို အဓိကထားပြီး ပြောသွားခဲ့တာ”

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10