သတင်း

ရွှေဘိုက ရွာတရွာကို စစ်တပ်ကမီးရှို့လို့ ရွာသားတွေထွက်ပြေးနေရ

“မနေ့ညပိုင်း ၇ နာရီခွဲလောက်မှာ ရှို့တာပါ။ ရွာသားတွေ အကုန်ရှောင်ပြေးနေရတယ်။ ဒီနေ့မနက် ၇ နာရီမှာလည်း ထပ်ရှို့နေကြတယ်။ အခုတော့ ငြိမ်းသွားပြီ၊ ရွာစိုးရွာကို ရှို့တာလောက်တော့ မဆိုးဘူးလို့ သုံးသပ်ရတာပဲ၊ အိမ်ခြေဘယ်လောက် အထိအခိုက် ရှိမလဲဆိုတာ အတည်မပြုနိုင်သေးဘူး။“

မန်းရွှေစက်တော်ဘုရားကို စစ်ကောင်စီက ပြန်ပြီးဖွင့်လစ်မှုအပေါ် ဒေသခံတွေဝေဖန်မှုမြင့်တက်

"အခုလို ရောဂါကပ်ဘေးကလည်း အကြီးအကျယ်ဖြစ်ပွားနေချိန်၊ စစ်‌ရေးကလည်း အင်မတင်တင်းမာနေတဲ့အချိန် မန်းရွှေစက်တော်ဘုရားပွဲကို ဖွင့်ဖို့ကြိုးစားတယ်ဆိုတာကတော့ ပြည်သူတွေရဲ့ အသက်အိုးအိမ်စည်းစိမ်တွေနဲ့ ရောဂါကူးစက်မှုကို အလေးမထားတာ၊ ပြည်သူကိုကာကွယ်မပေးချင်တာ၊ ပြည်သူကို အန္တရာယ်တောထဲကို တွန်းပို့တာလို့မြင်ပါတယ်၊"

ပြည်တွင် မီတာခများဆောင်ရန် အသံချဲ့စက်ဖြင့်အော်သလို အုပ်ချုပ်ရေးမှူးများက တအိမ်တက်ဆင်းလိုက်ပြော

"ကျမတို့ရပ်ကွက်ထဲတော့ တအိမ်တက်ဆင်းကိုလိုက်ပြောနေတာ။ မီတာခတွေလာဆောင်ကြဖို့တဲ့ သူတို့ရပ်ကွက်ရုံးမှာလည်း ဆောင်လို့ရတယ်လို့ပြောနေတယ်။ တခြားရပ်ကွက်တွေတော့ မသိဘူး" ဟု မြို့ခံတဦးကပြောသည်။

PDF တဦးဖမ်းဆီးနှိပ်စက်ခံရပြီး ထွက်ပြေးဖို့ကြိုးစားချိန်ပစ်သတ်ခံရ

“သူက တခြားကနေ ရွာကိုပြန်လာတော့ ရွာမှာစခတွေဝင်နေတာကို သတင်းမထောက်မိပဲ ရွာကိုဝင်တဲ့ချိန် မိသွားတာ။ မသင်္ကာတာတွေ့ပြီး ဖမ်းဆီးရိုက်နှက်ရာကနေ လွတ်မြောက်ဖို့ရုန်းကန်ရင်း ပစ်သတ်ခံလိုက်ရတာ။ ပုံမမှတ်မိအောင် မီးရှို့သွားတယ်။”

ကံမနယ်တွင် ကုလားပဲခင်းများအတွင်း ကြွက်အများအပြားကျရောက်

“မနှစ်က မကျဘူး ဒီနှစ်ကျတာများတယ်။ ဝါးသီးကြောင့်လည်းမဟုတ်ဘူး ကျတော့်တို့ဆီမှာ ဝါတုန်းသွားပြီ။ ဒီနှစ်ကကြွက်ကျတဲ့နှစ် မနှစ်ကကြွက်သတ်ဆေးတွေဘာတွေ မချရဘူး အကိုက်နည်းတယ်။ တကောင်နှစ်ကောင်ပဲ။ အခုကတော့ ကျင်းတကျင်းကို လေးငါးခုနှစ်ကောင်လောက် အောင်းပြီးကိုက်တာပဲ တဧကမှာ ပြောလို့တောင်ရမှာမဟုတ်ဘူးနော်။ အရင် စိုက်ခင်းက က အသီးမရင့်တရင်ကို စိုက်ခင်းထဲမှာရှိတဲ့ ကြွက်ကဝိုင်းကိုက်တာပေါ့။ အဲလိုကိုက်တာ။ ကြွက်ထိုးတဲ့သူတွေလည်း ထိုးနေတာပဲ။ မနိုင်ဘူး။” ဟု တောင်သူတဦးကပြောသည်။

စစ်ရှောင်စခန်းမှာ အမျိုးသမီးအတွင်းခံမလုံလောက်လို့ မဝတ်ရတဲ့အပေါ်မှာ အမျိုးသမီးငယ်တွေ စနောက်ပြောဆို ခံနေရ

"အမျိုးသမီးအသုံးပစ္စည်းတွေလည်း တအားလိုတယ်၊ အဲ့လိုမျိုး အခက်အခဲက တလတကြိမ် ခဏခဏ ဖြစ်တာပေါ့နော်၊ အမျိုးသမီး ကောင်မလေးတွေက အပျိုပေါက်လေးဖြစ်နေပြီ၊ အဝတ်အစားတော့ ဝတ်နိုင်ပြီ ကောင်လေးတွေက သူတို့ကို မြင်လို့ရှိရင်၊ ဟဲ့နင့်မှာ ဟိုဟာဖြစ်နေပြီ၊ ဘာဖြစ်နေပြီပေါ့၊ ပြီးရင် သူတို့မှာ ဘယာစီယာ မဝတ်ရလို့လေ" လို့ တောင်မင်းကုလား စစ်ရှောင်စခန်းက အမျိုးသမီးတာဝန်ခံ မအေးခင်က ပြောပါတယ်။

ရခိုင်ရိုးမရှိစစ်ရှောင်စခန်းကို စစ်ကောင်စီကလက်နက်ကြီးပစ်၊ လူငယ်တဦးသေဆုံးလူမမယ်ကလေးများနှင့်သက်ကြီးရွယ်အိုများကို ဖမ်းဆီး

“လက်နက်ကြီးပစ်ဝင်တယ်။ အဓိကပါသွားတာက စစ်ဘေးရှာင်တွေပါ။ အထိခိုက်လည်းရှိတယ်။ တအားပစ်ဝင်ကြတာ။ ဖမ်းမိတာမှာလည်း လူကြီးသုံးယောက်ကိုပဲ ပြထားတယ်။ ကလေးသုံးယောာက်ကို ပြမထားဘူး။ အခုကကျတော်တို့စခန်းမှာ လူမမယ်ကလေးတွေလည်းများတော့ ဘယ်ကလေးတွေ ပါသွားလည်းဆိုတာမသိဘူး စစ်ရှောင်တွေကို ခေါ်ပြီးအကူညီပေးထားတဲ့ယာယီစစ်ရှောင်စခန်းပါ” ဟု စခန်းတာဝန်ရှိသူတဦး ကပြောသည်။

စစ်ကောင်စီနဲ့ ရှမ်းနီတပ်မတော် ပူးပေါင်းပြီး ဥရုချောင်းကို ဘယ်လိုဖျက်ဆီးနေလဲ

" ချောင်းက ကျဉ်းပြီး တော်တော်လေးကို ကောပြီးတော့ လှေကလေးတွေ ဘာ‌လေးတွေက အစသွားလာလို့မရအောင် ဖြစ်လာတော့တာ" လို့ ‌ဒေသခံလူငယ် တဦးက ချောင်းရဲ့ အခြေအနေကို ပြောပါတယ်။

ပျောက်ဆုံးနေတဲ့ DVB သတင်းထောက် ရွှေဘိုထောင်ကိုရောက်ရှိနေ

"ရွှေဘိုထောင်ကို ဦးအောင်စံလင်း ရောက်ပြီလို့ ထောင်အာဏာပိုင်က အကြောင်းကြားလာတယ်။ အစားသောက်အဝတ်အစားပို့လို့ရပြီ မိသားစုနဲ့ တွေ့ခွင့်မရသေးဘူး" လို့ အကျိုးဆောင်ရှေ့နေ ဒေါက်တာဖိုးဖြူက ပြောပါတယ်။

ရဲစခန်းမှာ ဖမ်းထားတဲ့ ပြည်သူ ၅ ဦးကို PDF ၃ ဖွဲ့ ပေါင်းပြီး ကယ်ထုတ်နိုင်ခဲ့

"၁၁ ရက်နေ့ညမှာ ၇ နာရီခွဲ လောက်မှာပဲပြီး လက်နက်ကြီးနဲ့ ပစ်တယ်။ ဗိုလ်သူရိန်အဖွဲ့ရယ်၊ ဟီးရိုးတိုက်ဂါးရယ် ကနီခေါင်းဆောင်၊ ဗိုလ်နဂါးတို့လည်းပါတယ်။ ၈ နာရီလောက်မှာ ဖမ်းချုပ်ခံထားရတဲ့ အပြစ်မဲ့ပြည်သူ ၅ ယောက်ကို ကယ်ထုတ်နိုင်ခဲ့တယ်" လို့ ချင်းတွင်းရိုးမ မဟာမိတ်တပ်ပေါင်းစုရဲ့ တာဝန်ခံက ပြောပါတယ်။

ပုလဲ PDF ခေါင်းဆောင် ဗိုလ်နဂါးနှင့် အင်တာဗျူး

“ရဲရဲဝံ့ဝံ့နဲ့တိုက်ပွဲဝင်ကြပါ၊ တောင်ပေါ်မြေပြန့်တွေမခွဲနဲ့၊ ခရာတုတ်ပြိုင်တဲ့ပွဲမဟုတ်တဲ့အတွက်ကြောင့် ဘယ်ခရာသံမှနားစွင့်နေစရာမလိုဘူး”

မြိုင်မှာ တိုက်ပွဲဖြစ်ပြီး စစ်သား ၇ ဦးသေဆုံး

"ခြောက်ကြားဇရပ် အရှေ့ဘက်မှာ လက်နက်ကြီးနဲ့ ထိုင်ပြီးပစ်ဖို့အသွား ဒီကောင်တွေနဲ့ထိပ်တိုက်တွေ့တော့ အဲဒီမှာလက်နက်ကြီးနဲ့ ၁ လုံးပစ်လိုက်နိုင်တယ်၊ နောက်ပြီးတော့လက်နက်ငယ်နဲ့လည်းအပြန်အလှန်ပစ်ခတ်မှုရှိတယ်၊ တိုက်ပွဲဖြစ်ပြီးကျနော်တို့ဘက်က အရေးမသာလို့ပြန်ဆုတ်ခဲ့ရတယ်၊ သူ့တို့ဘက်က ခန့်မှန်းခြေ ၇ ယောက်လောက်တော့ကျတယ်၊" လို့ မြိုင် PDF တာဝန်ခံ ဗိုလ် Cross ကပြောပါတယ်။

ဝက်လက်မြို့ကဖမ်းဆီးခံ DVB သတင်းထောက်ပျောက်ဆုံးနေ

" ဝက်လက်မြို့နယ် ပင်စင်းကျေးရွာမှာ ဒီဇင်ဘာ ၁၁ရက် ည၁၂နာရီလောက်မှာစစ်ဖက် ရဲဖက် အရပ်ဝတ်တွေနဲ့အရာရှိတွေပါလာတယ် ဖမ်းဆီးတဲ့သူတွေက ဘယ်သူတွေဖြစ်ပါတယ် ဘယ်ရာထူးနဲ့ဘယ်ဌာနကပါလို့ပြောဆိုတာလဲမရှိဘူး ပိုဆိုးတာကဖမ်းဝရမ်းလဲမပြဘူး ဒီထက်ပိုပြီးဆိုးတာကဘယ်အမူကိုကျူးလွန်လို့ ဘယ်ပုဒ်မနဲ့ဖမ်းတယ်ဆိုတာမျိုးကိုလည်း ရှင်းပြပြောဆိုသွားတာမျိုးမရှိဘူး"လို့ သူရဲ့အကျိုးဆောင်ရှေ့နေ ဒေါက်တာဖိုးဖြူက ပြောပါတယ်

ပုလဲPDF ဗိုလ်နဂါး တို့အဖွဲ့ အစည်းအဝေးနေရာကို လေယာဉ်နဲ့ ပစ်ခံရပေမယ့် ထိခိုက်မှု မရှိ

" သိတဲ့ အတိုင်းပဲ ဒို့ပြည်သူတွေဆီမှာ တိုင်းရင်းသား လက်နက်ကိုင်ကြီးတွေလို လက်နက်က ရှိတာမဟုတ်ဘူး တူမီးပဲ ရှိတာ ၊တူမီးနဲ့ တိုက်နေတဲ့ သူတွေကို အဲ့လောက်ကြီး အနိုင်ကျင့်တာတော့ အရမ်းရုပ်ဆိုးသွားပြီ" လို့ ပြောပါတယ်။

မြောင်ကို လေကြောင်းတိုက်ခိုက်မှုတွေ စတင်ပြုလုပ်လာလို့ ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်နေရ

"ရွာလုံးကျွတ် ပြေးနေရတာ များပါတယ်။ မြောင်နဲ့ ကျောက်ရစ် နဘက်မှာ အထိုင်အင်အား ၇၀ ခန့် စီနဲ့ တပ်စွဲနေပါတယ်။ မနက်မလင်းခင်မှာ မြူနှင်းအကာအကွယ်ယူပြီး မြစ်ကြောင်းကနေ မင်းတန်းရွာကို ဝင်ရောက်ထိုးစစ်စင်ပြီး ရွာကိုမီးရို့နေပါတယ်။ မြောင်ကို အရင်ကတည်းက လေယာဥ်အသုံးပြုခွင့်တင်ထားတဲ့ သတင်းရတယ်။ ခုအသုံးပြုခွင့်ကြလို့ စစ်မြူနေတာဖြစ်နိုင်တယ်ဗျ။" လို့ Young Fighters People's Defence Force of Myaung ရဲ့ တိုက်ခိုက်ရေးတာဝန်ခံ ကိုဒေး ကပြောပါတယ်။

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10