အသံတိတ်သပိတ်နေ့ စျေးဆိုင်တွေဖွင့်ဖို့ခြိမ်းခြောက် ဖမ်းဆီးထားတဲ့ဆိုင်ကယ်တွေကို အဲဒီနေ့မှာလာရွေးခိုင်း
စစ်တပ်က အာဏာသိမ်းခဲ့တာ၂ နှစ်ပြည့်တဲ့ မနက်ဖြန်ဖေဖော်ဝါရီလ ၁ ရက်မှာ နိုင်ငံတဝှမ်းနည်းတူ ပဲခူးမြို့မှာ ပြုလုပ်မယ့် အသံတိတ်သပိတ်ပျက်ပြားစေဖို့အတွက် စစ်ကောင်စီက စျေးဆိုင်ခန်းတွေဖွင့်ဖို့ ခြိမ်းခြောက်ပြီး လက်မှတ်ထိုးခိုင်းကာ လိုက်လံဖိအားပေးနေတယ်လို့ ဒေသခံတဦးက ပြောပါတယ်။