ချောင်းဦးလဝကရုံး မီးရှို့ခံရလို့ ပြာကျ
ဇန်နဝါရီလ ၂၇ ရက်နေ့ ည ၈ နာရီကျော်ခန့်မှာ ချောင်းဦးလဝကရုံးကို ဒေသပြည်သူ့ကာကွယ်ရေးအဖွဲ့တခုက သွားရောက်မီးရှို့ခဲ့တာဖြစ်တယ်လို့ Chaung U Revolution တာဝန်ရှိသူက ပြောပါတယ်။ "ညကဒီဘက်က အဖွဲ့တခုက သွားရှို့တာ ဟုတ်ပါတယ်။ အဲဒီမစ်ရှင်သွားလုပ်တဲ့ အဖွဲ့ဘက်ကတော့ အန္တရာယ်ကင်းစွာနဲ့ ပြန်ရောက်လာပါတယ်။ သိရသလောက်ကတော့ ရုံးတော့ တော်တော်ပျက်စီးသွားပါတယ်" လို့ ပြောပါတယ်။