သတင်းတို

ခလရ ၂၅၁ အရာရှိတဦးအပါ ၂၀ ဝန်းကျင်သေဆုံးခဲ့တဲ့ မြိုင်မြို့နယ်က တိုက်ပွဲ (ရုပ်/သံ)

တွင်းမကျေးရွာက ထွက်လာတဲ့ ခလရ ၂၅၁ ရဲ့ စစ်ကား ၃ စီးနဲ့ အင်အား ၁၂၀ ပါစစ်ကြောင်းကို ဒီဇင်ဘာ ၁၅ ရက် မနက် ၉ နာရီလောက်ကတည်းက မြိုင်မြို့နယ် သာစည်ကျေးရွာအနီးမှာ အနီးကပ်တိုက်ခိုက်ခဲ့တာလို့ မြိုင် ပကဖ တာဝန်ခံ ဗိုလ်လက်ယာက ပြောပါတယ်။

တိုက်ပွဲအတွင်းအထိနာတဲ့ စစ်အုပ်စုက သာစည်ရွာက နေအိမ် ၅၀ ကျော်ကို မီးရှို့

အင်အား ၁၀၀ ဝန်းကျင်ပါတဲ့ စစ်အုပ်စုက သာစည်ရွာကို ဝင်ရောက်မီးရှို့ခဲ့တာကြောင့် နေအိမ် ၅၅ လုံး၊ ဆီစက် ၂ လုံး၊ မြေပဲတင်း ၃၀၀ ကျော် မီးလောင်ပျက်စီးပြီး ဆိတ် ၁၃ ကောင်လည်း မီးထဲပါသေဆုံးခဲ့ပါတယ်။

စဥ့်ကူးက ပျူစောထီးအဖွဲ့ဝင် အုပ်ချုပ်ရေးမှူး သေနတ်ပစ်ခံရပြီး သေဆုံး

"သူက စကစ ခန့်အုပ်ကြီး၊ ကျေးရွာ ပျူစောထီးအဖွဲ့ဝင်ပါ။ ဖြစ်တာက မြို့ကနေပြန်အလာ ရွာတောင်ဘက်လမ်းပေါ်မှာ ပစ်ခံရတာ"လို့ စဉ့်ကူးဒေသခံတဦးက မြေလတ်အသံကို ပြောပါတယ်။

ညောင်လေးပင်ဒေသက ကျေးရွာအချို့မှာ စပါးရိတ်သူတွေက စစ်ကောင်စီကို ငွေ ၅ သိန်းပေးနေရ

"ကိုယ့်လယ်ကို ကိုယ်ရိတ်ချင်ရင် ၅ သိန်းပေး။ မပေးနိုင်ရင် မရိတ်ရဘူး။ တောင်သူအချို့ကျတော့ စိုက်ထားတဲ့ ဧကများသူဆိုရင် သူတို့ကိုပေးပြီး ကျန်တာ ဝမ်းစာချန်လို့ရတယ်ဆိုပြီး ရိတ်ကြတယ်။ ဧကနည်းသူတွေကျတော့ မရိတ်တော့ဘဲ ဒီအတိုင်းထားလိုက်ကြတယ်"

ကံမနယ် ရခိုင်ရိုးမမှာ မုန်ယိုနေတဲ့ဆင်က လူ ၄ ဦးကိုနင်းသတ် မေ့ဆေးသေနတ်နဲ့ ပစ်ဖမ်းထား

"ဆင်ကစီရွာက မုန်ယိုနေတဲ့အတွက် လွတ်နေတယ်။ အဲ့ဒါကြောင့် တောဘက်ကိုမတက်ဖို့ ကြေညာထားတယ်၊ နင်းခံလိုက်ရတဲ့သူတွေက သရက်ချောင်းဘက်က တောထဲကို မီးသွေးဖုတ်ဖို့ တက်တယ်နဲ့ တူတယ်။ ဆင်က ညဘက်ကို သူတို့နေတဲ့တဲကို နင်းတာ ကလေးက ကျန်ခဲ့တယ် နောက်ရက်မှာ စကစ ဘက်က ဆင်ကိုဖမ်းထားတယ်"

လျှပ်စစ်မီးနဲ့ပတ်သက်ပြီး လူမှုကွန်ယက်မှာ ဝေဖန်ရေးသားသူကို စစ်ကောင်စီဖမ်းဆီး

"မီတာရုံးကဝန်ထမ်းတွေ မီတာခတွေ မတရားတောင်းတာကို ပြောဖူးတယ်။ မီးမလာတဲ့ကိစ္စတွေကို လူမှုကွန်ယက်မှာ ရေးတင်နေတာတွေ့လို့ အဖမ်းခံရတာ ဖြစ်နိုင်တယ်"

၁ လကျော်အတွင်း စစ်ကိုင်းနဲ့မကွေးမှာ Non-CDM ၁ ထောင်နီးပါး အလင်းဝင်လာ

"ကျနော်တို့ဆီ စာရင်းတွေအကုန်လုံး မရောက်သေးဘူး။ ကျနော်တို့ဆီမရောက်သေးတဲ့ စာရင်းတွေလည်းရှိနိုင်တဲ့အတွက် ၈၉၀ ထက်များတာလည်း ဖြစ်နိုင်တယ်"

မတ္တရာ တိုင်းလွှတ်တော်အမတ်ရဲ့ အသက် ၈၀ အရွယ် ဖခင်ကို စစ်တပ်ဖမ်းဆီး

" ဘာကြောင့်ဖမ်းတယ်ဆိုတာ မသိရဘူး။ အသက်အရွယ်ကြီးရင့်နေတဲ့လူတယောက်ကို စကစက ဒီလိုမျိုး အတင်းအဓမ္မ ဖမ်းဆီးသွားတာ။ မိသားစုဝင်တွေရော၊ မြို့ခံတွေရောက စိုးရိမ်နေကြတယ်"

YDF က သင်တန်းဆင်းရဲဘော်တွေကို ကိုယ်ပိုင်အမှတ်နဲ့ ရာထူးအဆင့်သတ်မှတ်ပေးတဲ့ အခမ်းအနားပြုလုပ်

မကွေးတိုင်း၊ ဂန့်ဂေါခရိုင်အတွင်းရှိ ယောကာကွယ်ရေးတပ် - YDF ဗဟိုလေ့ကျင့်ရေးဌာနမှာ အခြေခံစစ်သင်တန်းဆင်းထားတဲ့ ရဲဘော်နဲ့ရဲမေတွေကို ကိုယ်ပိုင်အမှတ်နဲ့ ရာထူးအဆင့် သတ်မှတ်ပေးတဲ့ အခမ်းအနားကို ဒီဇင်ဘာ ၁၃ ရက်မှာ ပြုလုပ်ခဲ့တယ်လို့ YDF က ထုတ်ပြန်ထားပါတယ်။

ရွှေဘိုမြို့မရဲစခန်းနဲ့ စစ်ဆေးရေးဂိတ်ကို ပကဖတွေ ဒရုန်းနဲ့ဗုံးကြဲတိုက်ခိုက်လို့ ၁ ဦးသေ၊ ၅ ဦးဒဏ်ရာရ

“ရွှေဘိုမြို့‌တောင်ဘက်အထွက်မုခ်မှာ တိုက်ခိုက်ခဲ့တာက သတင်းမရသေးဘူး။ မြို့မရဲစခန်းထဲမှာတော့ ရဲ** ၁ ကောင်သေတယ်။ ၅ ကောင်ဒဏ်ရာရတယ်”

ဆိပ်ဖြူနယ် လေကြောင်းတိုက်ခိုက်မှု လူငယ်အမျိုးသမီး ၂ ဦးသေဆုံးပြီး ၁ နှစ်ခွဲကလေးအပါ ၃ ဦးဒဏ်ရာရ

“အဲ့ဒီရွာဆိုတာကလည်း တပ်ရင်းတပ်ဖွဲ့တွေ ထိုင်တဲ့ရွာမဟုတ်ဘူး။ ပြီးတော့ အဲ့နားတွေမှာလည်း တိုက်ပွဲဖြစ်တာတွေ မရှိဘူး။ ဒီအတိုင်းကို အကြောင်းမဲ့သက်သက် လာပစ်သွားတာ။”

သေနတ်ပါလာတဲ့ လူငယ်တဦး ဆီဝင်ဖြည့်နေစဉ် ရဲတပ်ဖွဲ့နဲ့တွေ့ပြီး အဖမ်းခံရ

“ ရဲတွေက ဆီဆိုင်ကိုလာစစ်တာလား၊ ဆီထည့်ဖို့လာတာလားတော့ မသိဘူး။ သူက မျက်စိမျက်နှာပျက်နေလို့ ရဲကရှာရင်းနဲ့ တွေ့သွားတာ။ သူကသဲကုန်းကို ဈေးဝယ်လာတာလို့ပြောတယ် ”

ခန္ဓာကိုယ်အောက်ပိုင်း မလှုပ်ရှားနိုင်တဲ့ PDF ရဲဘော်အတွက် ဆေးကုသစရိတ် အကူအညီလိုအပ်နေ

"စကားပြောနိုင်တယ်။ ထမင်းလည်း စားနိုင်တယ်။ လမ်းမလျှောက်နိုင်သေးပါဘူး။ ခန္ဓာကိုယ်အောက်ပိုင်းတခုလုံး ကိုင်တွယ်တာ နာကျင်တာလည်း မသိသေးပါဘူး"

နေကြာစိုက်ပျိုးရန် စစ်တပ်က ဖိအားပေးသော်လည်း တောင်သူတွေ မစိုက်ပျိုးကြ

"မနှစ်ကတည်းက နေကြာစိုက်ဖို့ ဖိအားပေးတယ်။ ဘာတခုမှာ ထောက်ပံပေးတာမရှိဘူး။ မနှစ်ကကျတော့ မျိုးစေ့ဝယ် စိုက်ရတယ်။ ဒါပေမဲ့ မဖြစ်ထွန်းတော့ ဒီနှစ်ဘယ်လောက်ပဲ ဖိအားလာပေးပေမယ့် ဘယ်သူမှ မစိုက်ကြဘူး။ တောင်သူတွေက တဦးမှ နားမထောင်တော့ သူတို့ဘက်ကလည်း လာမပြောတော့ဘူး"

ထီးချိုင့်ကို နေ့စဉ်နီးပါး လေကြောင်းတိုက်ခိုက်နေပြီး ဓါတုလက်နက်သုံးဗုံးကြဲဟုဆို၊ ရဲဘော်တချို့ အဆိပ်သင့်လို့ ဆေးကုနေရ

"မူးဝေအော့အန်တာက KIA ကရဲဘော်တွေကော တခြား စစ်ဒေသ ၁ က လက်အောက်ခံတွေကော PDF တွေပါ အကုန်ဖြစ်ကြတယ်။ သူတို့ကို ဆေးကုသပေးနေတယ်"

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10